Monday, April 28, 2014

အိန္ဒိယသမုဒ္ဒရာကြမ်းပြင်၌ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုထပ်မံတိုးချဲ့


Monday, April 28, 2014
ပျောက်ဆုံး မလေးရှားလေ ယာဉ်ရှာဖွေမှု ရက် ၅ဝ အတွင်း ချင်းနင်းဝင်ရောက်လာချိန်တွင် ဧပြီ ၂၆ ရက်က အိန္ဒိယသမုဒ္ဒရာကြမ်း ပြင်၌ ရှာဖွေမှုထပ်မံတိုးမြှင့်လိုက် ခြင်းနှင့်အတူ ပျောက်ဆုံးလေယာဉ် ရှိနိုင်သည်ဟု ယူဆကြသော ဧရိယာကို ကျော်လွန်ကာ ရှာဖွေမှု များ ပြုလုပ်လျက်ရှိကြသည်။
ခေတ်မီမောင်းသူမဲ့ ရေငုပ် သင်္ဘောငယ် Bluefin-21သည် လေယာဉ်၏ Black Box မှလာ သည်ဟု ယူဆရသော အသံလှိုင်း အချက်ပြမှု ထောက်လှမ်းရရှိခဲ့ သည့် အိန္ဒိယသမုဒ္ဒရာကြမ်းပြင်၏ ၁ဝ စတုရန်းကီလိုမီတာ ၆ ဒသမ ၂ စတုရန်းမိုင်ရှိ ရှာဖွေနယ်နိမိတ် တွင် ထောက်လှမ်းမှုပြုလုပ်ခဲ့ပြီး ယခုအခါ ရှာဖွေနယ်နိမိတ်၏ ၉၅ ရာခိုင်နှုန်းကို ထောက်လှမ်းပြီးစီးခဲ့ ပြီဖြစ်သည်။
အဝေးထိန်းစနစ်ပါ ရေငုပ် သင်္ဘောငယ် Bluefin-21၏ ဆော့ဖ်ဝဲ ချွတ်ယွင်းသွားမှုကြောင့် ဧပြီ ၂၅ ရက်က ရေမျက်နှာပြင် ပေါ် ပြန်တက်ခဲ့ရပြီး ရှာဖွေမှုပါ ခေတ္တရပ်ဆိုင်းခဲ့သည်။ ကျွမ်းကျင် သူများက ရေငုပ်သင်္ဘောငယ်ကို နေ့ချင်းညချင်း ပြင်ဆင်လိုက်ပြီး နောက် ဧပြီ ၂၆ ရက်က ၁၆ နာရီကြာမည့် (၁၄)ကြိမ်မြောက် ခရီးစဉ်အဖြစ် ရေအောက်သို့ ပြန်လည်ဖြန့်ကြက်လိုက်ကြောင်း သိရသည်။
ခေတ်မီ ရေငုပ်သင်္ဘောငယ် အနေဖြင့် တစ်စုံတစ်ရာ ရှာဖွေ ထောက်လှမ်းနိုင်မှုမရှိပါက မူလ ရှာဖွေနယ်နိမိတ်ဖြစ်သော ၁ဝ စတုရန်းကီလိုမီတာ ရှာဖွေနယ် နိမိတ်နှင့်ဆက်စပ်သော နေရာ များတွင် ဆက်လက်ရှာဖွေမှု ပြုလုပ် မည်ဖြစ်ကြောင်း သြစတြေးလျ ပူးတွဲအေဂျင်စီ ညှိနှိုင်းရေးဌာနမှ တာဝန်ရှိသူများက ပြောကြား သည်။


လူ ၂၃၉ ဦး စီးနင်းလိုက်ပါ သည့်MH 370 မလေးရှားလေယာဉ် သည် မတ် ၈ ရက်က ကွာလာလမ်ပူ မှ ပေကျင်းသို့ ပျံသန်းစဉ် ကမ်း၌ ပျောက်ဆုံးသွားခဲ့ရာမှ လေကြောင်း သမိုင်းတွင် အရှည်ကြာဆုံးနှင့် ကုန်ကျစရိတ် အများဆုံးလေယာဉ် ရှာဖွေမှုတစ်ရပ် ဖြစ်ပေါ်စေခဲ့ သည်။ ယင်းလေယာဉ်ရှာဖွေရေး တွင် နိုင်ငံပေါင်း နှစ်ဒါဇင်ခန့်မှ လေယာဉ်၊ သင်္ဘောများ အသုံးပြု လျက် အင်တိုက်အားတိုက် ပါဝင် နေကြပြီး ဧပြီ ၂၆ ရက် ရှာဖွေမှုတွင် စစ်လေယာဉ်ရှစ်စင်းနှင့် သဘောင်္ ၁၁ စင်း ပါဝင်ခဲ့ကြသည်။ ဧပြီ ၂၅ ရက်က ရိုက်တာသတင်းထောက် များနှင့် တွေ့ဆုံရာတွင် အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦးက ပျောက်ဆုံးလေယာဉ်ပျက်ကျသည် ဟု ယူဆရသော နေရာအနီး တစ်ဝိုက်ရှိ ကျယ်ပြန့်သော ပင်လယ် ပြင်တွင် ပိုက်စိပ်တိုက်ရှာဖွေရ သည်မှာ ပို၍ခက်ခဲလာသဖြင့် ပျောက်ဆုံးလေယာဉ် ရှာဖွေမှုမှာ နှစ်နှင့်ချီ၍ ကြာနိုင်ကြောင်း ပြောကြားသည်။
မလေးရှား အစိုးရအနေဖြင့် မောင်းသူမဲ့ ရေငုပ်သင်္ဘောများ ထပ်မံစေလွှတ်ရေး အပါအဝင် ပျောက်ဆုံးလေယာဉ် ရှာဖွေမှုကို မည်သို့ဆက်လက် လုပ်ဆောင်ကြ မည်ကို ဆုံးဖြတ်ရတော့မည်ဖြစ် သည်။ တစ်ချိန်တည်းမှာပင် ကြေကွဲ ဝမ်းနည်းနေကြသည့် သက် ဆိုင်ရာ မိသားစုများ စိတ်သက် သာရာရအောင် လုပ်ဆောင်ပေး ကြရန် သြစတြေးလျနှင့် မလေးရှား အစိုးရကို ဖိအားပေးလျက်ရှိကြ သည်။
မလေးရှား အာဏာပိုင်များ အနေဖြင့်လည်း ရှာဖွေမှုများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် ဖိအားပေးခံနေရသည်။ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက် သည့် ပဏာမအစီရင်ခံစာကို လာမည့် သီတင်းပတ်တွင် ထုတ် ပြန်မည်ဟု ဧပြီ ၂၄ ရက်က CNN သတင်းထောက်များကို ပြောကြား သည်။ 

The Mirror Daily

No comments:

Post a Comment