Saturday, April 12, 2014

အင်အားကြီး ငလျင်များ လှုပ်ခတ်နိုင်သော မြို့ကြီးများတွင် စောင့်ကြည့်မှုများ ပြုလုပ်မည်

မြန်မာနိုင်ငံ အတွင်း အင်အားကြီး ငလျင်များ လှုပ်ခတ်နိုင်သော မြို့ကြီးများတွင် စောင့်ကြည့် လေ့လာမှု များ ပြုလုပ်မည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရ သည်။
အဆိုပါ အင်အားကြီးငလျင်များ လှုပ်ခတ် နိုင်မှုတွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ စစ်ကိုင်း ပြ တ်ရွေ့ကြောသည် အကြီးဆုံး ပြတ်ရွေ့ ကြော ဖြစ်ကြောင်း၊ လတ်တလောတွင် ပဲခူးတိုင်း ဒေသကြီး၊ စစ် ကိုင်း တိုင်း ဒေသကြီးနှင့် တောင်ငူမြို့ တို့တွင် လေ့လာမှု များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မြောက်ပိုင်းအစွန်း (ဧရာဝတီ မြစ်ညာဒေသ) တို့တွင် ၁၉၅ဝ ပြည့်နှစ် သြဂုတ် ၁၅ ရက်က လှုပ်ခတ်ခဲ့သော ငလျင်သည် ၈ ဒသမ ၇ ရစ်ခ်ျတာစကေး အမြင့်ဆုံး အထိ လှုပ်ခတ်ခဲ့ရာ ဘူမိဗေဒအရ ငလျင် အန္တရာယ် အဖြစ်များနိုင်သော ဧရိယာဖြစ်ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ သည် မြန်မာနိုင်ငံ အတွင်း ကီလိုမီတာ ၁ဝဝဝ ခန့် ရှည်ပြီး မြောက်ဘက် ပူတာအိုမှ မြစ်ကြီးနား၊ တကောင်း၊ ဧရာဝတီမြစ်ကြောင်း အတိုင်း ပဲခူးရိုးမ အရှေ့ခြမ်း၊ ထို့နောက် ရန်ကုန်-သုံးခွ အနီးမှဖြတ်ကာ အက်ဒမန် ပင်လယ်ထဲ အထိ အရှည်ရှိကြောင်း၊ ငလျင်လှုပ်ခတ်နိုင်သည့် အပိုင်းမှာ တစ်ပိုင်းချင်း အလိုက် ၁ဝ ပိုင်း ခန့် ရှိကြောင်း၊ လက်ရှိအချိန်အထိ လေ့လာထားချက် အရ တစ်ခုချင်းဆီမှာ ငလျင်ပမာဏ ပြင်းအား ၇ မှ ၇ ဒသမ ၅ ရစ်ခ်ျတာစကေး အထိ လှုပ်ခတ်လေ့ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၁ဝဝ အတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ကြီးများ အနက် ကချင် ပြည်နယ်အတွင်း အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၅ နှင့် အထက်သုံးကြိမ်၊ ၁၉၃၁ ခုနှစ်တွင် ကာမိုင်းငလျင်၊ ၁၉၄၆ ခုနှစ်တွင် တကောင်းငလျင်၊ ၁၉၉၁ ခုနှစ်တွင် ထီးချိုင့် ငလျင်တို့ လှုပ်ခတ်ခဲ့ကြောင်းနှင့် ၁၉၉၄ ခုနှစ် တွင် အင်အား ရစ်ခ်ျတာစကေး (၆) အဆင့် ရှိ မြစ်ကြီးနား ငလျင်လည်း လှုပ်ခတ်ခဲ့ဖူး ကြောင်း မှတ်တမ်းများ အရ သိရသည်။

မြ၀တီ

No comments:

Post a Comment