Tuesday, April 22, 2014

အရက်မူးပြီးပုဆိုးလှန်ပြ၍ ရဲတင်းဖြင့်ခုတ်

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာနေ ဦးစံဝင်း(၄၆)နှစ်သည် နေအိမ်၌အိပ်နေစဉ် ခေါ်သံကြား၍ ထွက်ကြည့် ရာ ဇော်ထွန်း(၄၅)နှစ်၏နေအိမ်အောက်တွင် ဦးလေးဖြစ်သူ ဦးသိန်းရွှေ(၆၅)နှစ်ကို ရင်ညွန့်အောက် အရှည်(၅)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာလဲကျနေသည်ကို တွေ့ရှိရသည်။ ထိုသို့တွေ့ သဖြင့် မေးမြန်းရာ ဇော်ထွန်း ထွန်သွားချွန်နေရာသို့ ဦးသိန်းရွှေသည် အရက်မူးရောက်ရှိ လာပြီး ပုဆိုး
လှန်ပြရာကစကားများသဖြင့် ဇော်ထွန်းမှ ထွန်သွားချွန်သည့်ရဲတင်းနှင့်ခုတ်သောကြောင့် ဒဏ်ရာ ရရှိသေဆုံးကြောင်းနှင့် ဇော်ထွန်းအား ရွှေပန်းတောနယ်မြေရဲစခန်း(ပ)၁၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment