Saturday, April 5, 2014

အကြမ်းဖက် သံသယရှိသူများကို ရက်စက်စွာ စစ်မေးသည့် စီအိုင်အေမှတ်တမ်း အများပြည်သူသို့ ချပြရန် ဆီးနိတ်လွှတ်တော် ဆုံးဖြတ်

Photo: အကြမ်းဖက် သံသယရှိသူများကို ရက်စက်စွာ စစ်မေးသည့် စီအိုင်အေမှတ်တမ်း အများပြည်သူသို့ ချပြရန် ဆီးနိတ်လွှတ်တော် ဆုံးဖြတ်
Saturday, April 5, 2014

အမေရိကန် စီအိုင်အေက အကြမ်းဖက်သမားဟု သံသယ ရှိသူများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်သည့် နည်းလမ်းများ အသုံးပြုခဲ့သည့် မှတ်တမ်းများကို အများပြည်သူသို့ ချပြရန် အမေရိကန် ဆီးနိတ်လွှတ်တော်က သဘောတူလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဂျော့ဘွတ်ရှ် လက်ထက်တွင် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က အကြမ်းဖက်သမားဟု သံသယ ရှိသူများကို နှိပ်စက်ညှဉ်းပန်းသည့် နည်းလမ်းများကို သုံး၍ စစ်ဆေးခဲ့ခြင်းသည် အမေရိကန် အစိုးရကို လမ်းလွဲသို့ ရောက်သွားစေကြောင်း အဆိုပါ မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမေရိကန် စီအိုင်အေက ပြန်လည် ငြင်းချက် ထုတ်ထားပြီး မှတ်တမ်းတွင် အမှားအယွင်းများ ရှိကြောင်း စီအိုင်အေက ပြောကြားသည်။

အမေရိကန် စီအိုင်အေ၏ အဆိုပါ မှတ်တမ်းကို လျှို့ဝှက်အဆင့်မှ အများပြည်သူသို့ ချပြရန် ဆီးနိတ်လွှတ်တော်၏ ထောက်လှမ်းရေး ကော်မတီတွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၁ မဲ၊ ကန့်ကွက်မဲ သုံးမဲဖြင့် အများပြည်သူသို့ ချပြန်ရန် ဆုံးဖြတ်လိုက်ကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ ဒိုင်နီဖိန်းစတိန်းက ပြောကြားသည်။

“ဒီမှတ်တမ်းမှပါတဲ့ ရက်စက်မှုတွေဟာ အမေရိကန် စံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဒီကိစ္စဟာ ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ အစွန်းအထင်းတစ်ခု ဖြစ်သွားခဲ့ပြီး နောက်တစ်ကြိမ် ဒီလိုကိစ္စမျိုး ဖြစ်ခွင့်မပေးသင့်တဲ့ ကိစ္စပါ” ဟု ကယ်လီဖိုးနီးယား ပြည်နယ်မှ ရွေးကောက် တင်မြှောက်ခံရသည့် ဒီမိုကရက်တစ် ဆီးနိတ် လွှတ်တော်အမတ်က ပြောကြားသည်။

အဆိုပါ မှတ်တမ်းကို အများပြည်သူသို့ ချပြရာတွင် အချိန်ယူရမည် ဖြစ်ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

အကြမ်းဖက်သမားဟု သံသယ ရှိသူများကို စီအိုင်အေက စစ်ဆေးသည့် မှတ်တမ်းများ ပေါက်ကြားခဲ့ရာ ဝါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ စီအိုင်အေက အကြမ်းဖက် သံသယရှိသူများကို စစ်မေးရာတွင် လူကိုရေခဲရေထဲ စိမ်ထားခြင်း၊ ခေါင်းကို နံရံဖြင့်ဆောင့်ခြင်း စသော ရက်စက်သည့်နည်းများ အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။

သို့သော် စီအိုင်အေက ယင်းကဲ့သို့ ရက်စက်သည့် နည်းလမ်းများဖြင့် စစ်မေးသော်လည်း ထောက်လှမ်းရေး သတင်းအချက်အလက် အနည်းငယ်သာ ရရှိခဲ့ပြီး၊ အယ်လ်ကေဒါ ခေါင်းဆောင် ဘင်လာဒင်စသည့် အရေးပါသော အကြမ်းဖက်သမားများကို ရှာဖွေ ဖမ်းဆီးရာတွင် အထောက်အကူ မပြုခဲ့ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

The Voice Weekly
အမေရိကန် စီအိုင်အေက အကြမ်းဖက်သမားဟု သံသယ ရှိသူများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သည့် နည်းလမ်းများ အသုံးပြုခဲ့သည့် မှတ်တမ်းများကို အများပြည်သူသို့ ချပြရန် အမေရိကန် ဆီးနိတ် လွှတ်တော်က သဘောတူလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဂျော့ဘွတ်ရှ် လက်ထက်တွင် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က အကြမ်းဖက်သမား ဟု သံသယ ရှိသူများကို နှိပ်စက်ညှဉ်းပန်းသည့် နည်းလမ်းများကို သုံး၍ စစ်ဆေးခဲ့ခြင်းသည် အမေရိကန် အစိုးရကို လမ်းလွဲသို့ ရောက်သွားစေကြောင်း အဆိုပါ မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမေရိကန် စီအိုင်အေက ပြန်လည် ငြင်းချက် ထုတ်ထားပြီး မှတ်တမ်းတွင် အမှားအယွင်းများ ရှိကြောင်း စီအိုင်အေက ပြောကြားသည်။

အမေရိကန် စီအိုင်အေ၏ အဆိုပါ မှတ်တမ်းကို လျှို့ဝှက်အဆင့်မှ အများပြည်သူသို့ ချပြရန် ဆီးနိတ် လွှတ်တော် ၏ ထောက်လှမ်းရေး ကော်မတီတွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၁ မဲ၊ ကန့်ကွက်မဲ သုံးမဲဖြင့် အများပြည်သူသို့ ချပြန်ရန် ဆုံးဖြတ်လိုက်ကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ ဒိုင်နီဖိန်းစတိန်းက ပြောကြား သည်။

“ဒီမှတ်တမ်းမှပါတဲ့ ရက်စက်မှုတွေဟာ အမေရိကန် စံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဒီကိစ္စဟာ ကျွန်တော်တို့ နိုင်ငံ သမိုင်းမှာ အစွန်းအထင်းတစ်ခု ဖြစ်သွားခဲ့ပြီး နောက်တစ်ကြိမ် ဒီလိုကိစ္စမျိုး ဖြစ်ခွင့်မပေး သင့်တဲ့ ကိစ္စပါ” ဟု ကယ်လီဖိုးနီးယား ပြည်နယ်မှ ရွေးကောက် တင်မြှောက်ခံရသည့် ဒီမိုကရက်တစ် ဆီးနိတ် လွှတ်တော်အမတ်က ပြောကြားသည်။

အဆိုပါ မှတ်တမ်းကို အများပြည်သူသို့ ချပြရာတွင် အချိန်ယူရမည် ဖြစ်ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

အကြမ်းဖက်သမားဟု သံသယ ရှိသူများကို စီအိုင်အေက စစ်ဆေးသည့် မှတ်တမ်းများ ပေါက်ကြားခဲ့ရာ ဝါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ စီအိုင်အေက အကြမ်းဖက် သံသယရှိသူများကို စစ်မေးရာ တွင် လူကိုရေခဲရေထဲ စိမ်ထားခြင်း၊ ခေါင်းကို နံရံဖြင့်ဆောင့်ခြင်း စသော ရက်စက်သည့်နည်းများ အသုံးပြု ခဲ့ကြောင်း တွေ့ရှိရသည်။

သို့သော် စီအိုင်အေက ယင်းကဲ့သို့ ရက်စက်သည့် နည်းလမ်းများဖြင့် စစ်မေးသော်လည်း ထောက်လှမ်းရေး သတင်းအချက်အလက် အနည်းငယ်သာ ရရှိခဲ့ပြီး၊ အယ်လ်ကေဒါ ခေါင်းဆောင် ဘင်လာဒင်စသည့် အရေး ပါသော အကြမ်းဖက်သမားများကို ရှာဖွေ ဖမ်းဆီးရာတွင် အထောက်အကူ မပြုခဲ့ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment