Wednesday, April 2, 2014

လျှပ်စစ်ဓာတ်အား သုံးစွဲယူနစ်များ မှန်ကန် တိကျစေရေး ဆောင်ရွက်

၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်သုံးစွဲသော လျှပ်စစ်ဓာတ်အား ယူနစ်များကို ပြင်ဆင် သတ်မှတ်ပြီး ဖြစ်သော နှုန်းထားသစ်များဖြင့် စတင်ကောက်ခံတော့မည် ဖြစ်ရာ လျှပ်စစ်မီတာ ဖတ်ချက်များ မှန်ကန်တိကျစေရေး အတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့(ရုံးချုပ်)မှမီတာဖတ် ကြီးကြပ်ရေး အဖွဲ့များသည် ပုံမှန် မီတာဖတ် ဝန်ထမ်းများနှင့်အတူ ဓာတ်အား သုံးစွဲသည့် ပြည်သူများထံသို့ ဧပြီ ၁ ရက်မှ ၅ ရက် အထိ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက် ရှိသည်။

ယင်းသို့ ကြပ်မတ် ဆောင်ရွက်ရာ၌ ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌသည် ရုံးချုပ် ဘဏ္ဍာရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး၊ အလုံမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ဘဏ္ဍာရေးမှူးများ လိုက်ပါလျက် အလုံမြို့နယ် သစ်တောလမ်း အမှတ်(၄၈)နေ မီးသုံးစွဲသူ ဒေါ်ချိုမာလွင်(မီတာအမှတ်- YD-41049, YD- 43989)နှင့် ဦးဆိတ်မောင် (မီတာအမှတ်- YD-36312) နေအိမ် တို့သို့ သွားရောက်ကာ အိမ်ရှင်များနှင့်အတူ မီတာဖတ်ရှု၍ အတည်ပြုခြင်းကို ဆောင်ရွက်ကြသည်။
ထို့အပြင် ဓာတ်အားခ နှုန်းထားအသစ်ဖြင့် ကောက်ခံမည် ဖြစ်ကြောင်း ဧပြီ ၁ ရက်မှ စတင်သုံးစွဲသော ဓာတ်အားယူနစ်များ မှန်ကန် တိကျစေရေး ဓာတ်အားခ နှုန်းထားအသစ်အရ ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် လာရောက်ဖတ်ရှုပေးခြင်း ဖြစ်ကြောင်း၊ ဧပြီလအတွင်း သုံးစွဲခဲ့သော ဓာတ်အားခ များအား နှုန်းထားအသစ်ဖြင့် မေလမှသာ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment