Wednesday, April 9, 2014

KIA ဂွမ်မော်ဘယ်လဲ


 
 Myanmar Peace Center တွင် အစိုးရနှင့် NCCT အဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု အေပြီလ ၈ ရက်နေ့ တွင်ပြီးဆုံးခဲ့သော်လည်း တိကျသည့်လက်မှတ်ရေးထိုးမှုမရှိဘဲ တစ်ခုတည်းသော သဘော တူညီချက် ပထမ မူကြမ်းသာ သဘောတူညီမှုရရှိခဲ့ပါသည်။ အသေးစိတ်အချက်အလက်များ သဘောတူဖို့အချိန်ယူရန်လိုကြောင်း နိုင်ဟံသာမှပြောကြားခဲ့သလို NCCT အဖွဲ့တွင် ပါဝင်တက်ရောက်နေ သည့် KIA အဖွဲ့မှ ဂွမ်မော်အား KIO ဗဟိုဌာနချုပ်မှ ဒေါသထွက်လျက်ရှိကြောင်း သိရှိရသည်။

ဂွမ်မော်သည် အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့် တံခါးပိတ်တွေ့ဆုံဆွေးနွေးမှုတွင် KIA အဖွဲ့၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ ဂွမ်မော်၏ပြောကြာချက်များမှာ KIO ဗဟိုဌာနချုပ်သို့ ကြိုတင်အသိပေးမှု မရှိ ခဲ့ခြင်းကြောင့် ဗဟိုကော်မတီဝင်များအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်။ အထူးသဖြင့် အစိုးရ၏ သန်းခေါင်စာရင်းကောက်ယူမှုအပေါ် KIA အဖွဲ့၏ပူးပေါင်းဆောင်
ရွက်မှုမရှိခြင်း၊ မြန်မာစစ်တပ်မှ သန်းခေါင်စာရင်း ကောက်ယူ သည့်အဖွဲ့များအား ပို့ဆောင်သည့် ဒုတပ်ရင်းမှူးတစ်ဦးအား KIAအဖွဲ့မှ ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းတို့ အပေါ် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ KIO အဖွဲ့အား အပြစ်တင်ပြောကြားခဲ့သည်။ KIO အဖွဲ့၏ ရပ်တည်ချက်များကို ပြောင်းလဲရန် NCCT အစည်းအဝေး တက်ရောက်သည့် KNU ၊ “ o ” အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့မှ ပြောဆိုခဲ့သည်။

တိုင်းရင်းသားအဖွဲ့အစည်းများ၏ KIO အဖွဲ့အပေါ် ဝေဖန်မှုများ၊ ဂွမ်မော်၏ပြောကြားချက်များအပေါ် KIO မှ စိတ်ဆိုးလျက်ရှိသည်။ ဂွမ်မော်၏လက်ရှိအနေအထား၊ လုပ်ဆောင်ချက်များကို KIA လက်နက်ကိုင်အဖွဲ့အတွင်း သဘောထားကွဲလွဲမှုမရှိသော်လည်း KIO နှင့် KIC ဗဟိုကော်မတီဝင်တစ်ချို့မှာ ဂွမ်မော်အား ရေရှည်တွင် လက်ရှိရာထူးအား ဆက်လက်မပေးလိုခြင်းကြောင့် ဂွမ်မော်၏ လက်ရှိရာထူးနေရာ တွင်အစားထိုးခန့်အပ်ရေး KIO ဗဟိုဌာနချုပ်အတွင်း လျှို့ဝှက်အစည်း အဝေး နှစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု KIO စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး ခွန်ဆိုင်းမှ ပြောကြားခဲ့သည်။ KIO စစ်ဦးစီးချုပ် ဂမ်ရှောင်ကလည်း ဂွမ်မော်၏ အစိုးရနှင့် ဆက်ဆံနေမှု၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံမှုများမှ တစ်ဆင့် ၎င်း၏ရာထူးနေရာကို လုယူလာမည်ကိုစိုးရိမ်လျက်ရှိသည်။ KIO အဖွဲ့တွင် စစ်ဦးစီးချုပ်နှင့် ဒုစစ်ဦးစီးချုပ် များမှာ KIO ဗဟိုကော်မတီဝင် များအဖြစ် ရပ်တည်နိုင်သလို လုပ်ပိုင်ခွင့်များ လည်းရှိသည့် ရာထူးနေရာဖြစ်သည်။ KIO အဖွဲ့၏ စစ်ရေးဆိုင်ရာများနှင့် ရာထူးနေရာပြောင်းလဲမှုများကို ဒုဥက္ကဌ အင်ဘန်လှမှ ရွေးချယ် ခန့်အပ်လေ့ရှိသည်။ အင်ဘန်လှမှာ KIA စစ်ဦးစီးချုပ်ဟောင်းဖြစ်ပြီးလက်ရှိ KIO အဖွဲ့တွင် အဓိက အာဏာရှိသူလည်းဖြစ်သည်။

ကေအိုင်အေတပ်ဖွဲ့အတွင်း ဂွမ်မော်၏အရှိန်အ၀ါတက်လာမှု၊ ကချင်ပြည်သူလူထုအတွင်း ဂွမ်မော်အား လူသိ များလာမှုနှင့် မြန်မာစစ်တပ်၊ ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့များကြား ပြောဆို ဆက်ဆံမှုများကြောင့် ကေအိုင်အေ စစ်ဦးစီးချုပ်ဖြစ်လာမည်ကို KIO ဗဟိုကော်မတီဝင်များမှ စိုးရိမ်ပူပန်မှုများရှိခဲ့သည်။

KIA အဖွဲ့အတွင်း KIA စစ်ဦးစီးချုပ်ရာထူးနေရာ ဂွမ်မော်ရရှိလာပါက KIA တပ်မဟာ(၁)နှင့် တပ်မဟာ(၅)တို့မှာ ကျေနပ်မှုမရှိနိုင်သဖြင့် KIA အဖွဲ့အတွင်းခွဲထွက်မှုများဖြစ်ပေါ်နိုင်သည်ကို KIO ဗဟိုကော်မတီ ၀င်များမှ စိုးရိမ်ပူပန်လျက်ရှိသည်။ ဂွမ်မော်သည် ငယ်ရွယ်စဉ်က မိန်းမရှုပ်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းတို့ဖြင့် နာမည်ကျော်ကြားခဲ့သူဖြစ်သည်

KIO တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် ဒုဥက္ကဌ အင်ဘန်လှအနေဖြင့် ဂွမ်မော်အားလုပ်ပိုင်ခွင့် နေရာပေးထားမှုအပေါ် ပြီးခဲ့သည့် KIO ဗဟိုအစည်းအဝေးတွင် ဗဟိုကော်မတီဝင်များမှ ၀ိုင်းဝန်းပြစ်တင်လျက်ရှိသည့် အတွက် အင်ဘန်လှအနေဖြင့် ဂွမ်မော်အား KIA ဗဟိုအဖွဲ့တွင် ရာထူးကြီးသော်လည်း လုပ်ပိုင်ခွင့်မရှိသည့် နေရာတစ်နေရာအား တိုးမြှင့်ပေးခြင်းဖြင့် KIO အဖွဲ့အတွင်း သဘောထားကွဲမှုများကို ရှောင်ရှားရန် ပြီးခဲ့သည့် အေပြီလ ၅ ရက်နေ့က ပညာရေးဌာနတာဝန်ခံ ဆွန်လွတ်ဂမ်နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။

ဂွမ်းမော်မှာ NCCT အစည်းအဝေးပြီးဆုံးချိန်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာပြီး ထိုင်းနိုင်ငံမှ တစ်ဆင့် KIO အဖွဲ့ ဗဟိုဌာနချုပ်သို့ ပြန်ရန်စီစဉ်ထားသော်လည်း KIO ဗဟိုဌာနချုပ်က မြစ်ကြီးနားမှ တစ်ဆင့်ပြန်လာရန်နှင့် KIO အဖွဲ့သို့ အေပြီ ၁၃ ရက်နေ့အရောက် ပြန်လာရန်ညွှန်ကြားထားခြင်းကြောင့် ဂွမ်မော်၏လက်ရှိရာထူးဆက်လက်တည်မြဲရေးမှာ မသေချာသလောက်ဖြစ်နေသည်။

KIO ဗဟိုဌာနချုပ်အတွင်း ဂွမ်မော်၏ ရာထူးနေရာပြောင်းလဲမှုနှင့် ပတ်သက်၍ အင်ဘန်လှနှင့် ဗဟိုကော်မတီ ၀င်များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်မှာမထူးဆန်းပေ။ ဗဟိုကော်မတီဝင်များမှ တပ်မဟာ(၃) တပ်မဟာမှူးအား ဂွမ်မော်၏နေရာတွင် အစားထိုးခန့်အပ်လိုပြီး ဂွမ်မော်အား ဗဟိုဌာနချုပ်တွင် ရာထူးတိုးပေးမှုဖြင့် ချောင်ထိုးထားလိုကြသည်။ သို့သော် ဂွမ်မော်၏ဆရာဖြစ်ခဲ့ဖူးသူ အင်ဘန်လှမှ သဘောမတူသဖြင့် ဗဟိုဌာနချုပ် အတွင်း သဘောထားကွဲလွဲမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ ဂွမ်မော်၏နေရာတွင် အစားထိုးနိုင်ရေး အင်ဘန်လှအနေဖြင့် စစ်ဦးစီးချုပ်ဂမ်ရှောင်နှင့် တိုင်ပင်လျက်ရှိခြင်းကြောင့် ဂွမ်မော်မှာ လက်ရှိရာထူးနေရာမှဖယ်ပေး ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း တွေ့ရှိနိုင်ပေသည်။

credit to : မောင်ငြိမ်းကျော်

No comments:

Post a Comment