Wednesday, April 2, 2014

MH370 နောက်ဆုံးပြောဆိုမှု မှတ်တမ်း အပြည့်အစုံကို မလေးရှားထုတ်ပြန်


မလေးရှားလေယာဉ် ရေဒါပေါ်က မပျောက်ဆုံးခင် အချိန်အထိ မြေပြင်နဲ့ ပြောဆိုမှု လုပ်ခဲ့တဲ့ ဆက်သွယ် ရေး မှတ်တမ်း အပြည့်အစုံကို မလေးရှား အာဏာပိုင်တွေက ထုတ်ပြန် ပေးလိုက်ပါတယ်။
အဲဒီမှတ်တမ်းတွေထဲမှာ မသင်္ကာဖွယ်ရာ အကြောင်းအရာ တခုမှ မပါဘူးလို့ ဆိုပါတယ်။
မလေးရှားလေယာဉ်ပျောက်ကို ရှာဖွေနေတာဟာ အခုဆိုရင် ရက်သတ္တပတ် ၃ ပတ် ကျော်ရှိလာပြီး သီတင်းပတ် များစွာ ကြာရှိနိုင်ကြောင်း လေတပ် အကြီးအကဲ Angus Houston က ဆိုပါတယ်။

ဂြိုလ်တုကနေရရှိခဲ့တဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး မလေးရှား ခရီးသည်တင် လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျသွားခဲ့တာလို့ မလေးရှား အာဏာပိုင်တွေက ထုတ်ပြန်ကြေညာ ခဲ့တာလည်း ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ရှာဖွေမှုရဲ့ နောက်ဆုံး အခြေအနေကို သိရဖို့အတွက် မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်ဟာ သြစတြေးလျနိုင်ငံ ပတ်သ် မြို့ကို ဒီကနေ့ နှောင်းပိုင်း  မှာ ရောက်ရှိ လာမှာ ဖြစ်ပါတယ်။
ပက်သ်မြို့ရဲ့ အနောက်ဘက် စတုရန်းမိုင် ၇၅ မိုင် နီးပါး အကျယ်အ၀န်းအတွင်းမှာ မလေးရှားလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ရှာဖွေနေကြတာလည်း ဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟာ သြစတြေးလျဝန်ကြီးချုပ် တိုနီအာဘော့တ်၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Angus Houston တို့နဲ့အတူ Pearce လေဆိပ်ကို မနက်ဖြန်မှာ သွားရောက်လည်ပတ်ဖို့ ရှိပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အခု လေတပ် အကြီးအကဲဖြစ်သူ Angus Houston ဟာ နိုင်ငံတကာ ပါဝင်တဲ့ ပူးပေါင်းရှာဖွေမှုနဲ့ ပြန်လည် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ် ဆောင်ရွက်နေသူဖြစ်ပြီး အခုရှာဖွေမှုဟာ သူ့ရဲ့ လုပ်သက်တလျှောက် အခက်ခဲဆုံး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
By Paul Donoughue
ABC Radio Australia

No comments:

Post a Comment