Sunday, April 6, 2014

ကာ/ချုပ်၏ အပစ်အခတ်ရပ်စဲရေး မူဝါဒ ပြန်ညှိနှိုင်းရန် လိုအပ်ဟု NCCT ခေါင်းဆောင် ပြောကြား

ကာ/ချုပ်၏ အပစ်အခတ်ရပ်စဲရေး မူဝါဒ ပြန်ညှိနှိုင်းရန် လိုအပ်ဟု NCCT ခေါင်းဆောင် ပြောကြား 

ရန်ကုန်၊ ဧပြီ ၅

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒခြောက်ချက်ကို ပြန်လည် ညှိနှိုင်းရန် လိုအပ်ကြောင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ကာကွယ်ရေးဦးစီးချုပ်၏ မူဝါဒများကို တင်ပြလာခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“သူ့ဘက်က အဆိုပြုလာတဲ့ အချက်ပါ။ တကယ်တမ်း ဆွေးနွေးမယ်ဆိုရင် လက်ခံလို့ မရပါဘူး။ တစ်ဖက်သတ် ဖြစ်နေတယ်။ အားလုံးကို ပြန်ပြီးတော့ ညှိနှိုင်းသွားရမှာပါ” ဟု ဦးနိုင်ဟံသာက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒများမှာ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်များကို ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ပြောကြားသည်။ 
“ဒီမူဝါဒတွေကို တပ်မတော်ဘက်က လိုက်နာပြီးမှ ထာဝရငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆောင်ရွက်သွားမှာပါ” ဟု ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် တည်ဆဲဥပဒေကို လက်ခံရမည် ဖြစ်သော်လည်း တပ်မတော်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲထားခြင်းမှာ အဆင်မပြေနိုင်ကြောင်း   ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။
“တိုင်းရင်းသားတွေဘက်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတာ မဟုတ်တော့ အဲဒီဟာကို ညှိနှိုင်းရမယ်” ဟု ၎င်းကဆိုသည်။

နှစ်ရက်တိုင် ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်မှ ထိပ်တန်းအရာရှိများ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ထို့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-k) တို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ် ထားသော မူဝါဒခြောက်ချက်ကို ပြန်လည် ညှိနှိုင်းရန် လိုအပ်ကြောင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။
ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်း ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ကာကွယ်ရေး ဦးစီးချုပ်၏ မူဝါဒများကို တင်ပြလာခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြား လိုက်ခြင်း ဖြစ်သည်။

“သူ့ဘက်က အဆိုပြုလာတဲ့ အချက်ပါ။ တကယ်တမ်း ဆွေးနွေးမယ်ဆိုရင် လက်ခံလို့ မရပါဘူး။ တစ်ဖက်သတ် ဖြစ်နေတယ်။ အားလုံးကို ပြန်ပြီးတော့ ညှိနှိုင်းသွားရမှာပါ” ဟု ဦးနိုင်ဟံသာက ပြောကြား သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒများမှာ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူ စာချုပ်များကို ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ်ရန် ၊ ဒေသခံ ပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ပြောကြားသည်။
“ဒီမူဝါဒတွေကို တပ်မတော်ဘက်က လိုက်နာပြီးမှ ထာဝရငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆောင်ရွက် သွားမှာပါ” ဟု ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် တည်ဆဲဥပဒေကို လက်ခံရမည် ဖြစ်သော်လည်း တပ်မတော်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲထားခြင်းမှာ အဆင်မပြေနိုင်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြော ကြားသည်။
“တိုင်းရင်းသားတွေဘက်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတာ မဟုတ်တော့ အဲဒီဟာကို ညှိနှိုင်းရမယ်” ဟု ၎င်းကဆိုသည်။
နှစ်ရက်တိုင် ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်မှ ထိပ်တန်း အရာရှိများ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ထို့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-k) တို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာထံမှ သိရသည်။

The Voice

No comments:

Post a Comment