Tuesday, April 22, 2014

NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် (၁၉၃၀-၂၀၁၄) ကွယ်လွန်

Photo: NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် (၁၉၃၀-၂၀၁၄) ကွယ်လွန်
Tuesday, April 22, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပူးတွဲတည်ထောင်သူ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ဧပြီ ၂၁ ရက် နံနက် ၆ နာရီ မိနစ် ၃၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဦးဝင်းတင်သည် မတ်လ ဒုတိယအပတ်မှစတင်ကာ ခါးရိုးအဆစ်လွဲရောဂါဖြင့် Green Cross ဆေးရုံတွင် တက်ရောက်ကုသခဲ့ရာမှ အဆုတ်နှင့် အူရောဂါများ ထပ်မံဖြစ်ပွားခဲ့သောကြောင့် မတ် ၂၆ ရက်က ၀ိတိုရိယဆေးရုံသို့ပြောင်းလဲကာ ဆေးကုသမှုခံယူနေစဉ် ၂၉ ရက်နံနက်ပိုင်း၌ ရုတ်တရက် နှလုံးခုန်ရပ်ဆိုင်းသွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူနေခဲ့ပြီး ဧပြီ ၂၁ ရက် နံနက် ၆ နာရီ ၃၀မိနစ်၌ အူ၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းလည်းဖြစ်သည်။

"အဘစဖြစ်တာက အူရောင်တယ်။ ပိုးကြောင့်ရောင်တာ။ အူကနေသွေးယိုတယ်။ အူနံရံမှာခဲတွေရောက်နေတာ။ အဲဒါတွေက ဆရာတို့လုပ်ရင်း တိုးတက်လာတယ်။ အဲဒီတုန်းက အခြေအနေဆိုးတယ်။ နောက်ပိုင်း DIC ဆိုတဲ့ Process ၀င်လာတယ်။ DIC ဆိုတာ Infection ကြောင့် သွေးနဲ့ခြင်ဆီကို သွားထိခိုက်တယ်။ သွေးဖြူဥတွေကျလာတယ်။ အဲဒါတွေကနေတစ်ဆင့် ကျောက်ကပ်ကိုထိလာပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုက Multi Organ Failure လို့ခေါ်တဲ့ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်အပါအ၀င် အတွင်းကိုယ်တွင်းကလီစာတွေက မကောင်းတဲ့အတွက် ဘယ်လိုလုပ်လုပ် မကောင်းတော့ဘဲ ကွယ်လွန်သွားခဲ့တာပါ။ ဆရာကြီးကိုကုသခဲ့ရာမှာ အခြားသက်ဆိုင်ရာဌာနအသီးသီးက ဌာနမှူးတွေ၊ ပါမောက္ခကြီးတွေအားလုံး Daily Meeting တွေလုပ်ပြီး ကြိုးစားကုသပေးခဲ့ကြပါတယ်" ဟု ဆရာကြီး ဦးဝင်းတင်အား အနီးကပ်ကုသပေးခဲ့သည့် ပါမောက္ခ ဒေါက်တာဒေါ်ခင်စောသန်းက ပြောကြားခဲ့သည်။

ဆရာကြီးဦးဝင်းတင်အား အနီးကပ်ပြုစုကုသပေးနေသည့် တပည့်ရင်းဖြစ်သူ ဦးဇော်မျိုးအောင်က "ဆရာကြီးကဆေးရုံကို တစ်လခွဲလောက် တက်လိုက်ရတယ်။ သင်္ကြန်တွင်းကာလမှာ အခြေအနေက ကောင်းလာတယ်ဗျာ။ အကျနေ့ကထိုင်တယ်။ ၄၅ မိနစ်လောက် ထိုင်နိုင်ပါတယ်။ အကြတ်နေ့မှာ ဆန်ပြုတ်တွေစားတယ်။ အတက်နေ့ကျတော့ အခြေအနေကမဟန်တော့ဘူး။ ဆီးဆိပ်တက်တာ များလာတယ်။ နှစ်ဆန်း ၁ ရက်နေ့ မှာ Urine Output က ၁၅၀ လောက်ပဲရှိတော့တယ်။ နှစ်ဆန်း ၂ ရက်နေ့မှာ ဆီးကထွက်ကိုမထွက်တော့ဘူး။ ကျောက်ကပ်ဆေးတာ အောင်မြင်ပေမယ့် နောက်တစ်ခုက အဆုတ်ထဲမှာ ရေ၀င်တာမျိုး မနေ့ကမနက်က ခံစားလာရပါတယ်။ အဲဒါကြောင့် တတိယအကြိမ် ကျောက်ကပ်ဆေးခဲ့ရပါတယ်။ ကျောက်ကပ်ဆေးပြီးနောက် မနေ့ညဦးပိုင်းကစပြီး အမောတွေဖောက်လာတယ်။ မနက်ကျတော့ ကွယ်လွန်သွားခဲ့ပါတယ်။ Multi Organ Failure လို့ခေါ်တဲ့ အတွင်းပိုင်းကလီစာတွေ ချို့ယွင်းပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အဓိကရောဂါကတော့ အဲဒါပေါ့ဗျာ။ ၀မ်းနည်းစကားကတော့ ရွှေတောင်ကြီး ပြိုသွားတယ်လို့ပဲ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်တင်မကဘူး စာပေနယ်ပယ်၊ ပရဟိတနယ်ပယ်စတဲ့ နယ်ပယ်အသီးသီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောလို့ရပါတယ်" ဟု ပြောကြားခဲ့သည်။ ဆေးရုံတက်နေစဉ်ကာလအတွင်း ဆရာကြီးသည် စာများဆက်လက်ရေးသားရန် စဉ်ဆက်မပြတ် ကြိုးစားနေခဲ့ကြောင်း၊ အလုပ်များကိုသာ ဆက်လုပ်နေခဲ့ကြောင်း၊ ဆရာကြီးဆေးရုံတက်နေစဉ် သင်္ကြန်မတိုင်မီ ရေးဖြစ်ခဲ့သော ဆောင်းပါးတစ်ပုဒ်ရှိကြောင်း၊ ၎င်းဆောင်းပါးမှာ မထွက်သေးဘဲ တည်းဖြတ်ဆဲသာ ရှိသေးကြောင်း၊ ၎င်းဆောင်းပါးအမည်မှာ ထွီနှစ်ထွီ ဖြစ်ကြောင်း၊ ပထမ တစ်ထွီမှာ မိမိကျန်းမာရေးကို ထိခိုက်နိုင်သည့် သလိပ်များကိုထွေးသည့် အသံထွီဖြစ်ကြောင်း၊ နောက်တစ်ထွီမှာ စစ်အာဏာရှင်များကိုထွေးသော တံတွေးထွေးသော အသံထွီဖြစ်ကြောင်းကို ဖော်ညွန်းရေးသားထားခြင်းဖြစ်ကြောင်း၊ မဆုံးခင်နှစ်ရက်သုံးရက်အတွင်း ပြောခဲ့သောစကားမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ထပ်မံပြုလုပ်ကြရမည်ဟုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများ၏ ကျပ်တည်းမှုများသည် ယခင်ကအတိုင်း ရှိနေသေးကြောင်း၊ ယခုအတိုင်း ဆက်လက်သွားပါက မြေသိမ်းယာသိမ်းကိစ္စ၊ ဘာသာရေးကိစ္စ၊ လူမျိုးရေးကိစ္စ၊ ကျောင်းသားရေးကိစ္စ၊ ပြည်သူ့ကိစ္စ၊ လက်ပန်းတောင်းကိစ္စ၊ မြစ်ဆုံကိစ္စများကြောင့် နောက်ထပ်အရေးတော်ပုံတစ်ခု ထပ်ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့ကြောင်း ဦးဇော်မျိုးအောင်က ပြောကြားသည်။

သတင်းစာဆရာ ဟံသာဝတီဦးဝင်းတင်ကို ၁၉၃၀ မတ် ၁၂ ရက်တွင် မိခင်ဒေါ်အမာနှင့် ဖခင်ဦးပုတို့က ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ မွေးဖွားခဲ့ပြီး သားသမီးသုံးဦးအနက် အကြီးဆုံးဖြစ်သည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်း စာနယ်ဇင်းသမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး စာရေးဆရာမောင်သော်ကနှင့်အတူ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
အရေးတော်ပုံကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အနီးကပ်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ NLD ပါတီစတင်ဖွဲ့စည်း တည်ထောင်သူများထဲက တစ်ဦးအပါအ၀င်ဖြစ်ပြီး "အများပြည်သူသဘောမတူသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုသည့် ဆောင်ပုဒ်ကို ထုတ်ပြန်ပေးခဲ့သည်။ ထိုဆောင်ပုဒ်သည် အများပြည်သူများထဲတွင် ပျံ့နှံ့ခဲ့သည်။ ဦးဝင်းတင်ကို ၁၉၈၉၊ ဇူလိုင်လအတွင်း ဖမ်းဆီးခဲ့ပြီး NLD ပါတီတွင် ပထမဦးဆုံး ဖမ်းဆီးခံရသူဖြစ်သည်။

ဦးဝင်းတင်သည် ၁၉၈၉မှ ၂၀၀၈ ခုနှစ်အထိ အကျဉ်းထောင်အတွင်း ၁၉ နှစ်ကြာ နေထိုင်ခဲ့ရပြီး သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးအကျဉ်းသားတစ်ဦးလည်းဖြစ်သည်။ အကျဉ်းကျနေချိန်အတွင်း စု-န၀တ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဟူသော စာတမ်းတစ်စောင်ကို ရေးသားပြုစုခဲ့သည်။ ထို့အပြင် စစ်အစိုးရအား အရေးယူဆောင်ရွက်ရန် "ကမ္ဘာသို့ပန်ကြားလွှာ" ဟူသော စာတမ်းတစ်စောင်ကို ရေးသားအရေးယူပေးရန် တောင်းဆိုခဲ့သည်။ ပြည်သူများက စစ်အစိုးရအား ၀ိုင်းဝန်းကန့်ကွက်ကြရန် " ပြည်သူများသို့ ပန်ကြားလွှာကိုလည်း ထုတ်ပြန်ခဲ့သည်။" မြန်မာပြည်ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာမှာ နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများကို စုစည်းပြီးဖော်ပြခဲ့ခြင်းဖြစ်ပြီး စာမျက်နှာ ၉၃ မျက်နှာရှိကာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယိုဇိုအိုကာတာထံ ပို့ဆောင်ခဲ့ရာ စစ်အစိုးရက သိရှိသွားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အကျဉ်းထောင်အတွင်း၌ ထောင်ဒဏ်ခုနစ်နှစ် နောက်မှုတိုးအဖြစ် ကျခံခဲ့ရသည်။ အကျဉ်းထောင်အတွင်းရှိစဉ် ဒီလှိုင်းဟူသောအမည်ဖြင့် စာစောင်များကို လက်ရေးမူဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဦးဝင်းတင်သည် အကျဉ်းထောင်အတွင်းနေထိုင်စဉ် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲတိုင်းတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့်အပြင် အကျဉ်းသားအချင်းချင်း ဖေးမကူညီခဲ့သည့် သူတစ်ဦးဖြစ်ကြောင်းကိုလည်း နိုင်ငံရေးအကျဉ်းသားအားလုံးက ပြောကြားခဲ့ကြသည်။ ၂၀၀၈ ခု စက်တင်ဘာ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။

ဦးဝင်းတင်သည် ပေါ်သစ်အမည်ဖြင့် "အလှရှာပုံတော်" ဟူသောစာအုပ်ကို ရေးသားခဲ့ပြီး ဥတ္တရအလင်း (ဘာသာပြန်)၊ ကွိ (ဘာသာပြန်)၊ ကွန်မြူနစ်တိုင်းပြည်များသို့ သွားရောက်ခဲ့သည့်အကြောင်းကို ကမ္ဘာနီတွင် တဒင်္ဂ၊ ဗီယက်နမ်အောင်ပွဲ၊ ခြေမှာစကားလက်ဖျားကဗျာ၊ ပြည်သူတို့ရဲ့စကားပြန်၊ ဘာလဲဟဲ့ လူ့ငရဲဟူသော စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ဦးဝင်းတင်သည် ပေါ်သစ်၊ မောင်ဝန်ဇင်း၊ ပြည်စိုး၊ ၀င်းတင်၊ ပုည၊ ၀င်းဆွေ၊ သုတေသီ၊ အယ်ဒီတာတစ်ဦးဟူသော ကလောင်အမည်များဖြင့် စာပေများကို ရေးသားခဲ့သည်။ ခေတ်ပြိုင်ကျောင်းနေဖက်များမှာ ဦးထွန်းတင် (ရှေ့နေ) စာရေးဆရာကျော်အောင်၊ ကြည်လင်၊ မြသန်းတင့်တို့ ဖြစ်ကြသည်။

"ထောင်ထဲက စစ်ကြောရေးမှာ စစ်မေးညှဉ်းပန်းနှိပ်စက်တာတွေကတော့ လူမဆန်စွာထက် အတော်ကြီးပိုတယ်။ တိရစ္ဆာန်မဆန်စွာလို့ ကျွန်တော်ဝိသေသပြုချင်တယ်"ဟု ဘာလဲဟဲ့ လူ့ငရဲစာအုပ်၊ စာမျက်နှာ ၆၇၊ အခန်း (၂) တွင် ရေးသားဖော်ပြခဲ့သည့် ဦးဝင်းတင် ကြုံတွေ့ခဲ့ရသည့် စစ်ကြောရေးစခန်းအကြောင်းကို ရေးသားဖော်ပြခဲ့သည်။ "တချို့ကကျွန်တော့်ကို သဘောထားတင်းမာသူ၊ အယူအဆအားလုံး၊ သဘောထားအားလုံး၊ အတွေးအမြင်အားလုံးကို နားထောင်စုစည်း ဆက်စပ်လိုတဲ့သူပါ" "ထောင်ကနေလွတ်တဲ့နေ့ကစပြီး ကျွန်တော် အင်္ကျီအပြာ၊ လုံချည်အပြာ ၀တ်ခဲ့ပါတယ်။ ဒီနေ့အထိပဲ။ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်းအကျဉ်းသား ဘ၀ဆိုးကို ခံစားနေရတယ်။ ငါ့လို "ငါတွေ" အများကြီးပါလားဆိုတာ စိတ်ထဲမှာ တနုံ့နုံ့ဖြစ်နေတယ်။ ထောင်ကနေလွတ်တဲ့နေ့ကစပြီး ဒီနေ့အထိ အပေါင်းအသင်းရောင်းရင်း ရဲဘော်တွေက ကျွန်တော့်ကို ၀ိုင်းကူကြတယ်။ ပေးကြ ကမ်းကြတယ်။ ရသမျှကို နိုင်ငံရေးအကျဉ်းသားတွေအတွက် ကျွန်တော်ပြန်သုံးတယ်"ဟု ဘာလဲဟဲ့ လူ့ငရဲစာအုပ်တွင် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ ဦးဝင်းတင်က ၎င်း၏ခံစားချက်ကို ဖော်ပြခဲ့သည်။ ထို့ကြောင့်လည်း ဦးဝင်းတင်ဖောင်ဒေးရှင်းကို ထူထောင်ကာ ဘ၀တူစာနယ်ဇင်းသမားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့ကူညီပေးခဲ့လေ သည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်က ယူနက်စကိုအဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာမိုရ်ကာနို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခံခဲ့ရသည်။ ထိုနှစ်တွင်ပင် ကမ္ဘာ့သတင်းစာများအသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆုအား ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ) နှင့်အတူ ချီးမြှင့်ခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် ဦးဝင်းတင်၏ ဆုငွေများနှင့် မ,တည်ပြီး မြန်မာ့သတင်းသမဂ္ဂမှ ဥဒါန်းမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။
ဦးဝင်းတင်အားဂုဏ်ပြုသည့်အနေနှင့် ပြင်သစ်နိုင်ငံ၏ လမ်းတစ်လမ်းအား "၀င်းတင်လမ်း" ဟု ဂုဏ်ပြုအမည်ပေးခဲ့သည်။ 

ဆရာကြီး ဦးဝင်းတင်အား ဧပြီ ၂၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရေခဲတိုက်မှ ရေဝေးသုသာန်သို့ သယ်ဆောင်သွားပြီဖြစ်သည်။ ရေဝေးသုသာန်တွင် သုံးရက်ထားရှိပြီးနောက် ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း

- ၁၉၃၀ ပြည့်နှစ် မတ် ၁၂ ရက်တွင် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့၌ အဖဦးပု အမိဒေါ်အမာတို့မှ မွေးဖွား။

- ၁၉၅၂ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ ခေတ်သစ်ရာဇာဝင်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲနှင့် ၀ိဇ္ဇာဘွဲ့ရရှိ။

- ၁၉၄၇ ဒဂုန်မဂ္ဂဇင်းတွင် ကဗျာစရေး ။

- ၁၉၄၇-၄၈ ခုနှစ်တွင် ကြို့ပင်ကောက်မြို့ အမျိုးသား အထက်တန်းကျောင်း ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ။

- ၁၉၄၉ အကျိုးဆောင်ဂျာနယ် လက်ထောက်အယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်။

- ၁၉၅၀-၁၉၅၄ စာပေဗိမာန်၌ လက်ထောက် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင် ။

- ၁၉၅၃ (AFP) နိုင်ငံခြားသတင်းဌာနတွင် ညအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့

- ၁၉၅၄-၁၉၅၇ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ဂျန်ဘာတန် စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးရင်း တစ်ဖက်မှလည်း မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုသို့ပညာသင်ယူနေရင်း မြန်မာနိုင်ငံသတင်းများ စုစည်းဖော်ပြသည့် ဒို့ပြည်သတင်းစာ စောင်ရေ ၅၀၀ ခန့် ကိုယ့်ငွေနှင့်ကိုယ်၊ ကိုယ့်ဘာသာ ရေးသားထုတ်ဝေ၍ ကမ္ဘာတစ်ဝန်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် ဧပြီလ မြန်မာနိုင်ငံ ပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့။

- ၁၉၅၇-၅၈ ကြေးမုံသတင်းစာ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့။

- ၁၉၅၈-၆၀ ပြည်သူ့အိုးဝေ သတင်းစာ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။

- ၁၉၅၉-၆၄ စာနာယ်ဇင်းကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်။

- ၁၉၆၀-၆၉ ကြေးမုံသတင်းစာတွင် အမှုဆောင်အယ်ဒီတာအဖြစ် ပြန်လည်တာဝန်ယူ ။

- ၁၉၆၂-၆၄ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေးမှူးအဖြစ် ဆောင်ရွက်။

- ၁၉၆၉ အောက်တိုဘာမှ ၁၉၇၈ ထိ မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

- ၁၉၇၂ "ခြေတွင်းစကား၊ လက်ဖျားကဗျာ၊ မျက်နှာဇာတ်လမ်း" (မြန်မာဇာတ်သဘင် ဥရောပခရီး) စာအုပ်ထုတ်ဝေခဲ့သည်။

- ၁၉၇၇-၇၈ မြန်မာစာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့မှ ဟံသာဝတီ စနေစာပေ၀ိုင်းကို ဦးဆောင်ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။ ထိုစာတမ်းများကို စာအုပ်အဖြစ်လည်း ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

- ၁၉၇၈ မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့တွင် ဗဟိုစည်ရုံးရေး ကော်မတီဝင်အဖြစ် တာဝန်ယူ။

- ၁၉၈၈ မြန်မာနိုင်ငံဆိုင်ရာ စာနယ်ဇင်းသမဂ္ဂတွင် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူ။

- ၁၉၈၈-၈၉ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီ၊ အတွင်းရေးမှူးအဖြစ် တာဝန်ယူ။

- ၁၉၈၉-၂၀၀၈ (၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက် နေ့မှ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက် အထိ) ထောင်သွင်း အကျဉ်းချထားခြင်းကို ခံခဲ့ရသည်။

Eleven Media Group
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပူးတွဲတည်ထောင်သူ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ဧပြီ ၂၁ ရက် နံနက် ၆ နာရီ မိနစ် ၃၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဦးဝင်းတင်သည် မတ်လ ဒုတိယအပတ်မှစတင်ကာ ခါးရိုးအဆစ်လွဲရောဂါဖြင့် Green Cross ဆေးရုံတွင် တက်ရောက်ကုသခဲ့ရာမှ အဆုတ်နှင့် အူရောဂါများ ထပ်မံဖြစ်ပွားခဲ့သောကြောင့် မတ် ၂၆ ရက်က ၀ိတိုရိယဆေးရုံသို့ပြောင်းလဲကာ ဆေးကုသမှုခံယူနေစဉ် ၂၉ ရက်နံနက်ပိုင်း၌ ရုတ်တရက် နှလုံးခုန် ရပ်ဆိုင်းသွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူနေခဲ့ပြီး ဧပြီ ၂၁ ရက် နံနက် ၆ နာရီ ၃၀မိနစ်၌ အူ၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန် အနိစ္စရောက် ခဲ့ခြင်းလည်းဖြစ်သည်။

"အဘစဖြစ်တာက အူရောင်တယ်။ ပိုးကြောင့်ရောင်တာ။ အူကနေသွေးယိုတယ်။ အူနံရံမှာ ခဲတွေရောက်နေတာ။ အဲဒါတွေက ဆရာတို့လုပ်ရင်း တိုးတက်လာတယ်။ အဲဒီတုန်းက အခြေအနေဆိုးတယ်။ နောက်ပိုင်း DIC ဆိုတဲ့ Process ၀င်လာတယ်။ DIC ဆိုတာ Infection ကြောင့် သွေးနဲ့ခြင်ဆီကို သွားထိခိုက်တယ်။ သွေးဖြူဥတွေကျလာတယ်။ အဲဒါတွေကနေတစ်ဆင့် ကျောက်ကပ်ကိုထိလာပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုက Multi Organ Failure လို့ခေါ်တဲ့ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်အပါအ၀င် အတွင်းကိုယ်တွင်း ကလီစာတွေက မကောင်းတဲ့အတွက် ဘယ်လိုလုပ်လုပ် မကောင်းတော့ဘဲ ကွယ်လွန်သွားခဲ့တာပါ။ ဆရာကြီးကိုကုသခဲ့ရာမှာ အခြားသက်ဆိုင်ရာဌာနအသီးသီးက ဌာနမှူးတွေ၊ ပါမောက္ခကြီးတွေအားလုံး Daily Meeting တွေလုပ်ပြီး ကြိုးစားကုသပေးခဲ့ကြပါတယ်" ဟု ဆရာကြီး ဦးဝင်းတင်အား အနီးကပ်ကုသပေးခဲ့သည့် ပါမောက္ခ ဒေါက်တာဒေါ်ခင်စောသန်းက ပြောကြားခဲ့သည်။

ဆရာကြီးဦးဝင်းတင်အား အနီးကပ်ပြုစုကုသပေးနေသည့် တပည့်ရင်းဖြစ်သူ ဦးဇော်မျိုးအောင်က "ဆရာကြီးကဆေးရုံကို တစ်လခွဲလောက် တက်လိုက်ရတယ်။ သင်္ကြန်တွင်းကာလမှာ အခြေအနေက ကောင်းလာတယ်ဗျာ။ အကျနေ့ကထိုင်တယ်။ ၄၅ မိနစ်လောက် ထိုင်နိုင်ပါတယ်။ အကြတ်နေ့မှာ ဆန်ပြုတ်တွေစားတယ်။ အတက်နေ့ကျတော့ အခြေအနေကမဟန်တော့ဘူး။ ဆီးဆိပ်တက်တာ များလာတယ်။ နှစ်ဆန်း ၁ ရက်နေ့ မှာ Urine Output က ၁၅၀ လောက်ပဲရှိတော့တယ်။ နှစ်ဆန်း ၂ ရက်နေ့မှာ ဆီးကထွက်ကို မထွက်တော့ဘူး။ ကျောက်ကပ်ဆေးတာ အောင်မြင်ပေမယ့် နောက်တစ်ခုက အဆုတ်ထဲမှာ ရေ၀င်တာမျိုး မနေ့ကမနက်က ခံစားလာရပါတယ်။ အဲဒါကြောင့် တတိယအကြိမ် ကျောက်ကပ်ဆေးခဲ့ရ ပါတယ်။ ကျောက်ကပ်ဆေးပြီးနောက် မနေ့ညဦးပိုင်းကစပြီး အမောတွေဖောက်လာတယ်။ မနက်ကျတော့ ကွယ်လွန်သွားခဲ့ပါတယ်။ Multi Organ Failure လို့ခေါ်တဲ့ အတွင်းပိုင်းကလီစာတွေ ချို့ယွင်းပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အဓိကရောဂါကတော့ အဲဒါပေါ့ဗျာ။ ၀မ်းနည်းစကား ကတော့ ရွှေတောင်ကြီး ပြိုသွားတယ်လို့ပဲ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်တင်မကဘူး စာပေနယ်ပယ်၊ ပရဟိတနယ်ပယ်စတဲ့ နယ်ပယ်အသီးသီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောလို့ရ ပါတယ်" ဟု ပြောကြားခဲ့သည်။ ဆေးရုံတက်နေစဉ်ကာလအတွင်း ဆရာကြီးသည် စာများဆက်လက်ရေးသားရန် စဉ်ဆက်မပြတ် ကြိုးစားနေခဲ့ကြောင်း၊ အလုပ်များကိုသာ ဆက်လုပ်နေခဲ့ကြောင်း၊ ဆရာကြီးဆေးရုံတက်နေစဉ် သင်္ကြန်မတိုင်မီ ရေးဖြစ်ခဲ့သော ဆောင်းပါး တစ်ပုဒ်ရှိကြောင်း၊ ၎င်းဆောင်းပါးမှာ မထွက်သေးဘဲ တည်းဖြတ်ဆဲသာ ရှိသေးကြောင်း၊ ၎င်းဆောင်းပါးအမည်မှာ ထွီနှစ်ထွီ ဖြစ်ကြောင်း၊ ပထမ တစ်ထွီမှာ မိမိကျန်းမာရေးကို ထိခိုက်နိုင်သည့် သလိပ်များကိုထွေးသည့် အသံထွီဖြစ်ကြောင်း၊ နောက်တစ်ထွီမှာ စစ်အာဏာရှင်များကိုထွေးသော တံတွေးထွေးသော အသံထွီဖြစ်ကြောင်းကို ဖော်ညွန်းရေးသားထားခြင်းဖြစ်ကြောင်း၊ မဆုံးခင်နှစ်ရက် သုံးရက်အတွင်း ပြောခဲ့သောစကားမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ ထပ်မံပြုလုပ်ကြ ရမည်ဟုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများ၏ ကျပ်တည်းမှုများသည် ယခင်ကအတိုင်း ရှိနေသေးကြောင်း၊ ယခုအတိုင်း ဆက်လက်သွားပါက မြေသိမ်းယာသိမ်းကိစ္စ၊ ဘာသာရေးကိစ္စ၊ လူမျိုးရေးကိစ္စ၊ ကျောင်းသားရေးကိစ္စ၊ ပြည်သူ့ကိစ္စ၊ လက်ပန်းတောင်းကိစ္စ၊ မြစ်ဆုံ ကိစ္စ များကြောင့် နောက်ထပ်အရေးတော်ပုံတစ်ခု ထပ်ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့ကြောင်း ဦးဇော်မျိုးအောင်က ပြောကြားသည်။

သတင်းစာဆရာ ဟံသာဝတီဦးဝင်းတင်ကို ၁၉၃၀ မတ် ၁၂ ရက်တွင် မိခင်ဒေါ်အမာနှင့် ဖခင်ဦးပုတို့က ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ မွေးဖွားခဲ့ပြီး သားသမီးသုံးဦးအနက် အကြီးဆုံးဖြစ်သည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်း စာနယ်ဇင်းသမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး စာရေးဆရာမောင်သော်ကနှင့်အတူ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
အရေးတော်ပုံကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အနီးကပ်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ NLD ပါတီစတင်ဖွဲ့စည်း တည်ထောင်သူများထဲက တစ်ဦးအပါအ၀င်ဖြစ်ပြီး "အများပြည်သူသဘောမတူသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုသည့် ဆောင်ပုဒ်ကို ထုတ်ပြန်ပေးခဲ့သည်။ ထိုဆောင်ပုဒ်သည် အများပြည်သူများထဲတွင် ပျံ့နှံ့ခဲ့သည်။ ဦးဝင်းတင်ကို ၁၉၈၉၊ ဇူလိုင်လအတွင်း ဖမ်းဆီးခဲ့ပြီး NLD ပါတီတွင် ပထမဦးဆုံး ဖမ်းဆီးခံရသူဖြစ်သည်။

ဦးဝင်းတင်သည် ၁၉၈၉မှ ၂၀၀၈ ခုနှစ်အထိ အကျဉ်းထောင်အတွင်း ၁၉ နှစ်ကြာ နေထိုင်ခဲ့ရပြီး သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးအကျဉ်းသားတစ်ဦးလည်းဖြစ်သည်။ အကျဉ်းကျနေချိန်အတွင်း စု-န၀တ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဟူသော စာတမ်းတစ်စောင်ကို ရေးသားပြုစုခဲ့သည်။ ထို့အပြင် စစ်အစိုးရအား အရေးယူဆောင်ရွက်ရန် "ကမ္ဘာသို့ပန်ကြားလွှာ" ဟူသော စာတမ်းတစ်စောင်ကို ရေးသားအရေးယူပေးရန် တောင်းဆိုခဲ့သည်။ ပြည်သူများက စစ်အစိုးရအား ၀ိုင်းဝန်းကန့်ကွက်ကြရန် " ပြည်သူများသို့ ပန်ကြားလွှာကိုလည်း ထုတ်ပြန်ခဲ့သည်။" မြန်မာပြည်ထောင် အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာမှာ နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများကို စုစည်းပြီးဖော်ပြခဲ့ခြင်းဖြစ်ပြီး စာမျက်နှာ ၉၃ မျက်နှာရှိကာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယိုဇိုအိုကာတာထံ ပို့ဆောင်ခဲ့ရာ စစ်အစိုးရက သိရှိသွားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အကျဉ်းထောင်အတွင်း၌ ထောင်ဒဏ်ခုနစ်နှစ် နောက်မှုတိုးအဖြစ် ကျခံခဲ့ရသည်။ အကျဉ်းထောင်အတွင်း ရှိစဉ် ဒီလှိုင်းဟူသောအမည်ဖြင့် စာစောင်များကို လက်ရေးမူဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဦးဝင်းတင်သည် အကျဉ်းထောင်အတွင်းနေထိုင်စဉ် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲတိုင်းတွင် ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သည့်အပြင် အကျဉ်းသားအချင်းချင်း ဖေးမကူညီခဲ့သည့် သူတစ်ဦးဖြစ်ကြောင်းကိုလည်း နိုင်ငံရေး အကျဉ်းသားအားလုံးက ပြောကြားခဲ့ကြသည်။ ၂၀၀၈ ခု စက်တင်ဘာ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။

ဦးဝင်းတင်သည် ပေါ်သစ်အမည်ဖြင့် "အလှရှာပုံတော်" ဟူသောစာအုပ်ကို ရေးသားခဲ့ပြီး ဥတ္တရအလင်း (ဘာသာပြန်)၊ ကွိ (ဘာသာပြန်)၊ ကွန်မြူနစ်တိုင်းပြည်များသို့ သွားရောက်ခဲ့သည့်အကြောင်းကို ကမ္ဘာနီတွင် တဒင်္ဂ၊ ဗီယက်နမ်အောင်ပွဲ၊ ခြေမှာစကားလက်ဖျားကဗျာ၊ ပြည်သူတို့ရဲ့စကားပြန်၊ ဘာလဲဟဲ့ လူ့ငရဲဟူသော စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ဦးဝင်းတင်သည် ပေါ်သစ်၊ မောင်ဝန်ဇင်း၊ ပြည်စိုး၊ ၀င်းတင်၊ ပုည၊ ၀င်းဆွေ၊ သုတေသီ၊ အယ်ဒီတာတစ်ဦးဟူသော ကလောင်အမည်များဖြင့် စာပေများကို ရေးသားခဲ့ သည်။ ခေတ်ပြိုင်ကျောင်းနေဖက်များမှာ ဦးထွန်းတင် (ရှေ့နေ) စာရေးဆရာကျော်အောင်၊ ကြည်လင်၊ မြသန်းတင့်တို့ ဖြစ်ကြသည်။

"ထောင်ထဲက စစ်ကြောရေးမှာ စစ်မေးညှဉ်းပန်းနှိပ်စက်တာတွေကတော့ လူမဆန်စွာထက် အတော်ကြီးပိုတယ်။ တိရစ္ဆာန်မဆန်စွာလို့ ကျွန်တော်ဝိသေသပြုချင်တယ်"ဟု ဘာလဲဟဲ့ လူ့ငရဲစာအုပ်၊ စာမျက်နှာ ၆၇၊ အခန်း (၂) တွင် ရေးသားဖော်ပြခဲ့သည့် ဦးဝင်းတင် ကြုံတွေ့ခဲ့ရသည့် စစ်ကြောရေးစခန်းအကြောင်းကို ရေးသားဖော်ပြခဲ့သည်။ "တချို့ကကျွန်တော့်ကို သဘောထားတင်းမာသူ၊ အယူအဆအားလုံး၊ သဘောထားအားလုံး၊ အတွေးအမြင်အားလုံးကို နားထောင်စုစည်း ဆက်စပ်လိုတဲ့သူပါ" "ထောင်ကနေလွတ်တဲ့နေ့ကစပြီး ကျွန်တော် အင်္ကျီအပြာ၊ လုံချည်အပြာ ၀တ်ခဲ့ပါတယ်။ ဒီနေ့အထိပဲ။ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်းအကျဉ်းသား ဘ၀ဆိုးကို ခံစားနေရတယ်။ ငါ့လို "ငါတွေ" အများကြီးပါလားဆိုတာ စိတ်ထဲမှာ တနုံ့နုံ့ဖြစ်နေတယ်။ ထောင်ကနေလွတ်တဲ့နေ့ကစပြီး ဒီနေ့အထိ အပေါင်းအသင်းရောင်းရင်း ရဲဘော်တွေက ကျွန်တော့်ကို ၀ိုင်းကူကြတယ်။ ပေးကြ ကမ်းကြတယ်။ ရသမျှကို နိုင်ငံရေးအကျဉ်းသားတွေအတွက် ကျွန်တော်ပြန်သုံးတယ်"ဟု ဘာလဲဟဲ့ လူ့ငရဲစာအုပ်တွင် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ ဦးဝင်းတင်က ၎င်း၏ခံစားချက်ကို ဖော်ပြ ခဲ့သည်။ ထို့ကြောင့်လည်း ဦးဝင်းတင်ဖောင်ဒေးရှင်းကို ထူထောင်ကာ ဘ၀တူစာနယ်ဇင်း သမားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့ကူညီပေးခဲ့လေ သည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်က ယူနက်စကိုအဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာမိုရ်ကာနို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု ချီးမြှင့်ခံခဲ့ရသည်။ ထိုနှစ်တွင်ပင် ကမ္ဘာ့သတင်းစာများအသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆုအား ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ) နှင့်အတူ ချီးမြှင့်ခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် ဦးဝင်းတင်၏ ဆုငွေများနှင့် မ,တည်ပြီး မြန်မာ့သတင်းသမဂ္ဂမှ ဥဒါန်းမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။
ဦးဝင်းတင်အားဂုဏ်ပြုသည့်အနေနှင့် ပြင်သစ်နိုင်ငံ၏ လမ်းတစ်လမ်းအား "၀င်းတင်လမ်း" ဟု ဂုဏ်ပြုအမည်ပေးခဲ့သည်။

ဆရာကြီး ဦးဝင်းတင်အား ဧပြီ ၂၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး ရေခဲတိုက်မှ ရေဝေးသုသာန်သို့ သယ်ဆောင်သွားပြီဖြစ်သည်။ ရေဝေး သုသာန်တွင် သုံးရက်ထားရှိပြီးနောက် ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း

- ၁၉၃၀ ပြည့်နှစ် မတ် ၁၂ ရက်တွင် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့၌ အဖဦးပု အမိဒေါ်အမာတို့မှ မွေးဖွား။

- ၁၉၅၂ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ ခေတ်သစ်ရာဇာဝင်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲနှင့် ၀ိဇ္ဇာဘွဲ့ရရှိ။

- ၁၉၄၇ ဒဂုန်မဂ္ဂဇင်းတွင် ကဗျာစရေး ။

- ၁၉၄၇-၄၈ ခုနှစ်တွင် ကြို့ပင်ကောက်မြို့ အမျိုးသား အထက်တန်းကျောင်း ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ။

- ၁၉၄၉ အကျိုးဆောင်ဂျာနယ် လက်ထောက်အယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်။

- ၁၉၅၀-၁၉၅၄ စာပေဗိမာန်၌ လက်ထောက် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင် ။

- ၁၉၅၃ (AFP) နိုင်ငံခြားသတင်းဌာနတွင် ညအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့

- ၁၉၅၄-၁၉၅၇ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ဂျန်ဘာတန် စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးရင်း တစ်ဖက်မှလည်း မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုသို့ပညာသင် ယူနေရင်း မြန်မာနိုင်ငံသတင်းများ စုစည်းဖော်ပြသည့် ဒို့ပြည်သတင်းစာ စောင်ရေ ၅၀၀ ခန့် ကိုယ့်ငွေနှင့်ကိုယ်၊ ကိုယ့်ဘာသာ ရေးသားထုတ်ဝေ၍ ကမ္ဘာတစ်ဝန်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် ဧပြီလ မြန်မာနိုင်ငံ ပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့။

- ၁၉၅၇-၅၈ ကြေးမုံသတင်းစာ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့။

- ၁၉၅၈-၆၀ ပြည်သူ့အိုးဝေ သတင်းစာ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။

- ၁၉၅၉-၆၄ စာနာယ်ဇင်းကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်။

- ၁၉၆၀-၆၉ ကြေးမုံသတင်းစာတွင် အမှုဆောင်အယ်ဒီတာအဖြစ် ပြန်လည်တာဝန်ယူ ။

- ၁၉၆၂-၆၄ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေးမှူးအဖြစ် ဆောင်ရွက်။

- ၁၉၆၉ အောက်တိုဘာမှ ၁၉၇၈ ထိ မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

- ၁၉၇၂ "ခြေတွင်းစကား၊ လက်ဖျားကဗျာ၊ မျက်နှာဇာတ်လမ်း" (မြန်မာဇာတ်သဘင် ဥရောပခရီး) စာအုပ်ထုတ်ဝေခဲ့သည်။

- ၁၉၇၇-၇၈ မြန်မာစာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့မှ ဟံသာဝတီ စနေစာပေ၀ိုင်းကို ဦးဆောင်ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။ ထိုစာတမ်းများကို စာအုပ်အဖြစ်လည်း ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

- ၁၉၇၈ မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့တွင် ဗဟိုစည်ရုံးရေး ကော်မတီဝင်အဖြစ် တာဝန်ယူ။

- ၁၉၈၈ မြန်မာနိုင်ငံဆိုင်ရာ စာနယ်ဇင်းသမဂ္ဂတွင် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူ။

- ၁၉၈၈-၈၉ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီ၊ အတွင်းရေးမှူးအဖြစ် တာဝန်ယူ။

- ၁၉၈၉-၂၀၀၈ (၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက် နေ့မှ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက် အထိ) ထောင်သွင်း အကျဉ်းချထားခြင်းကို ခံခဲ့ရသည်။

Eleven Media Group

No comments:

Post a Comment