Friday, April 25, 2014

သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့်ပြုမည်ဟု ကော်မရှင်ဥက္ကဋ္ဌ၏ ပြောကြားချက် ဟုတ် မဟုတ် အတည်ပြုပေးရန် ကော်မရှင်သို့ NLD မေးမြန်းထား

Photo: သက်ဆိုင်ရာမဲဆန္ဒနယ်မြေတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့်ပြုမည်ဟု ကော်မရှင်ဥက္ကဋ္ဌ၏ ပြောကြားချက် ဟုတ် မဟုတ် အတည်ပြုပေးရန် ကော်မရှင်သို့ NLD မေးမြန်းထား
Friday, April 25, 2014

လာမည့် ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့်ပြုမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြောကြားချက်အား အတည်ပြုနိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ သဘောထားတောင်းထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

RFA  သတင်းဌာနမှ ပုံမှန်တင်ဆက်လျက်ရှိသော “ဒီမိုကရေစီ ခရီးကြမ်းနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် RFA သတင်းဌာနမှ ဧပြီ ၂၃ ရက် ညနေပိုင်းက ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စရပ်အား ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒီကိစ္စက ပထမ ဒီဟာဟာ ရွေးကောက်ပွဲကောက်မရှင်ကို အစ်မတို့အနေနဲ့ တရားဝင် ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားကို တောင်းထားပါတယ်။  Request လုပ်တယ်။ ဒါက သဘောထားကို တရားဝင် ထုတ်ထားတာ မဟုတ်ပါဘူး။ ပြောကြားချက်ဆိုပြီးတော့ပဲ သတင်းတွေထဲမှာ ပါလာတယ် ဆိုတော့ အဲဒီဟာကို ဒါဟာ အတည်ပြုသလား။ မပြုသလားဆိုတာကို အစ်မတို့ ပထမသိချင်တယ်။ သိပြီးတော့မှ ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ အခြေခံပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သဘောထားတောင်းခံထားမှုမှာ ဧပြီ ၂၄ ရက် အထိ တရားဝင်စာပို့ထားခြင်း မရှိသေးကြောင်း၊ သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ထားမေးမြန်းခြင်း ရှိ မရှိကို မိမိတို့အနေဖြင့် မသိရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက“လာမယ့် ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပြောပါ။ မဆိုင်တဲ့လူ လာမပြောနဲ့။ ၀င်ချင်ဝင် မ၀င်ချင်နေ။ ကျွန်တော် ဒီမြို့ဒီရွာမှာ အရွေးခံမယ်ဆို ကျွန်တော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူ လာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျွန်တော်ကအချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါက ကျွန်တော့် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်”ဟု ဆိုသည်ဟု ဧရာဝတီ သတင်းဌာန၏ သတင်းဖော်ပြချက်တွင် ပါရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ သူမပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အားလုံးနီးပါးတွင် ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မအားလပ်ပါက ကိုယ်စားဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲကိုယ်စားလှယ် ထားရှိခွင့်ပေးထားသည့်အတွက် လာမည့်ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့် ပြုမည်ဟုဆိုသည်မှာ မဟုတ်ကြောင်း၊ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ခန့်ထားသည့် ရွေးကောက်ပွဲကိုယ်စားလှယ်များပင် ရွေးကောက်ပွဲကော်မရှင်တွင် ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေချိန် အခြားပြင်ပမှ ပုဂ္ဂိုလ်များအနေဖြင့်  ခရီးသွားဟန်လွဲဟောပြောမှုများ လုပ်ဆောင်၍ မရကြောင်း၊ ယခင် ထိုသို့ကိစ္စရပ်များ ရှိခဲ့ရှိခဲ့နိုင်သော်လည်း လာမည့် ရွေးကောက်ပွဲများတွင် အဘက်ဘက်မှ Free & Fair ဖြစ်စေရန်နှင့် သတ်သတ်မှတ်မှတ်ဖြစ်စေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးသောင်းလှိုင်က ပြောကြားသည်။

“Election Campaign နဲ့ပတ်သက်လို့ရှိရင် ကော်မရှင်က ညွှန်ကြားချက်အသစ် ထုတ်ပြန်ဖို့ ရေးဆွဲနေပါတယ်။ ရေးဆွဲတယ်နေရာမှာလည်း ခုနကပြောသလို Free & Fair ဖြစ်အောင် ရေးဆွဲနေတယ်။ အဲဒါလည်း ထုတ်ပြန်ဖို့ ရှိပါတယ်။ အသေးစိတ်ကတော့ လူကြီးတွေက ရေးဆွဲတုန်းပဲ ရှိပါသေးတယ်”ဟု ဦးသောင်းလှိုင်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်ရှိ အမျိုးသားလွှတ်တော် တစ်နေရာတွင်သာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအား ရှုံးနိမ့်ခဲ့သည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် တစ်နေရာတွင်သာ အနိုင်ရရှိခဲ့သည်။ 

Eleven Media Group
လာမည့် ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့်ပြုမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြောကြားချက်အား အတည်ပြုနိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ သဘောထားတောင်း ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

RFA သတင်းဌာနမှ ပုံမှန်တင်ဆက်လျက်ရှိသော “ဒီမိုကရေစီ ခရီးကြမ်းနဲ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် RFA သတင်းဌာနမှ ဧပြီ ၂၃ ရက် ညနေပိုင်းက ဆက်သွယ်မေးမြန်းရာ အဆိုပါ ကိစ္စရပ်အား ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒီကိစ္စက ပထမ ဒီဟာဟာ ရွေးကောက်ပွဲကောက်မရှင်ကို အစ်မတို့အနေနဲ့ တရားဝင် ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားကို တောင်းထားပါတယ်။ Request လုပ်တယ်။ ဒါက သဘောထားကို တရားဝင် ထုတ်ထားတာ မဟုတ်ပါဘူး။ ပြောကြားချက်ဆိုပြီးတော့ပဲ သတင်းတွေထဲမှာ ပါလာတယ် ဆိုတော့ အဲဒီဟာကို ဒါဟာ အတည်ပြုသလား။ မပြုသလားဆိုတာကို အစ်မတို့ ပထမသိချင်တယ်။ သိပြီးတော့မှ ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ အခြေခံပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သဘောထားတောင်းခံ ထားမှုမှာ ဧပြီ ၂၄ ရက် အထိ တရားဝင်စာပို့ထားခြင်း မရှိသေးကြောင်း၊ သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ထားမေးမြန်းခြင်း ရှိ မရှိကို မိမိတို့အနေဖြင့် မသိရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက“လာမယ့် ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပြောပါ။ မဆိုင်တဲ့လူ လာမပြောနဲ့။ ၀င်ချင်ဝင် မ၀င်ချင်နေ။ ကျွန်တော် ဒီမြို့ဒီရွာမှာ အရွေးခံမယ်ဆို ကျွန်တော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူ လာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျွန်တော်ကအချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါက ကျွန်တော့် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်”ဟု ဆိုသည်ဟု ဧရာဝတီ သတင်းဌာန၏ သတင်းဖော်ပြချက်တွင် ပါရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ သူမပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အားလုံးနီးပါးတွင် ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မအားလပ်ပါက ကိုယ်စားဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲကိုယ်စားလှယ် ထားရှိခွင့်ပေးထားသည့်အတွက် လာမည့်ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့် ပြုမည်ဟုဆိုသည်မှာ မဟုတ်ကြောင်း၊ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ခန့်ထားသည့် ရွေးကောက်ပွဲကိုယ်စားလှယ်များပင် ရွေးကောက်ပွဲကော်မရှင်တွင် ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေချိန် အခြားပြင်ပမှ ပုဂ္ဂိုလ်များအနေဖြင့် ခရီးသွားဟန်လွဲဟောပြောမှုများ လုပ်ဆောင်၍ မရကြောင်း၊ ယခင် ထိုသို့ကိစ္စရပ်များ ရှိခဲ့ရှိခဲ့နိုင်သော်လည်း လာမည့် ရွေးကောက်ပွဲများတွင် အဘက်ဘက်မှ Free & Fair ဖြစ်စေရန်နှင့် သတ်သတ်မှတ်မှတ်ဖြစ်စေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးသောင်းလှိုင်က ပြောကြားသည်။

“Election Campaign နဲ့ပတ်သက်လို့ရှိရင် ကော်မရှင်က ညွှန်ကြားချက်အသစ် ထုတ်ပြန်ဖို့ ရေးဆွဲနေ ပါတယ်။ ရေးဆွဲတယ်နေရာမှာလည်း ခုနကပြောသလို Free & Fair ဖြစ်အောင် ရေးဆွဲနေတယ်။ အဲဒါလည်း ထုတ်ပြန်ဖို့ ရှိပါတယ်။ အသေးစိတ်ကတော့ လူကြီးတွေက ရေးဆွဲတုန်းပဲ ရှိပါသေးတယ်”ဟု ဦးသောင်းလှိုင်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်ရှိ အမျိုးသားလွှတ်တော် တစ်နေရာတွင်သာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအား ရှုံးနိမ့်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် တစ်နေရာတွင်သာ အနိုင်ရရှိခဲ့သည်။

Eleven Media Group

No comments:

Post a Comment