Tuesday, May 20, 2014

AFC CHALLENGE CUP 2014 ပြိုင်ပွဲတွင် ပွဲဦးထွက်အနိုင်ခဲ့တဲ့ မြန်မာ

Photo: AFC CHALLENGE CUP 2014 ပြိုင်ပွဲတွင် ပွဲဦးထွက်အနိုင်ခဲ့တဲ့ မြန်မာ
Tuesday, May 20, 2014

မော်ဒိုက်နိုင်ငံတွင် ကျင်းပလျှက်ရှိသည့် AFC CHALLENGE CUP 2014 ပြိုင်ပွဲအုပ်စုပွဲစဉ်အဖြစ် အိမ်ရှင် မော်ဒိုက် နှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ပွဲအပြီးတွင် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲကစားချိန် ၂၂ မိနစ် မှာမြန်မာအသင်းမှ သိန်းဇော်မှ နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရပြီး လက်ကျန်မိနစ်များကို မြန်မာအသင်းမှ (၁၀)ယောက်တည်းဖြင့် ကြိုးစားကစားခဲ့ရသည်။ ယနေ့ပွဲစဉ်တွင် မြန်မာအသင်းသည် အ၀ါကတ်များစွာပြသခဲ့ရသည်ကို မြင်တွေ့ရသည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ကျော်ကိုကို မှအဖွင့်ဂိုးအဖြစ် ပွဲချိန် ၃၈ မိနစ်၊ ငြိမ်းချမ်းအောင်က ပွဲကစားချိန် ၄၅ မိနစ် နှင့် နောက်ဆုံးအနိုင်ဂိုးကို ကျော်ကိုကိုမှ ပွဲချိန် ၉၀ + ၅ မိနစ် တို့မှာသွင်းယူနိုင်ခဲ့သည်။ အိမ်ရှင်မော်ဒိုက်အသင်းသည် ဒုတိယပိုင်းမှာ ချေပဂိုးများ ရရှိရေး ကြိုးပမ်းကစားသော်လည်း ချေပဂိုး နှစ်ဂိုးသာပြန်လည်သွင်းနိုင်သဖြင့် ပွဲဦးထွက်ရှုံးနိမ့်ခဲ့ရသည်။ မြန်မာအသင်းသည် ယနေ့ပွဲစဉ်အနိုင်ကြောင့် တစ်ဖက်ပွဲစဉ်မှာ နိုင်ခဲ့တဲ့ ပါလက်စတိုင်းအသင်းနဲ့ အမှတ်တူသော်လည်း ဂိုးသွင်းကွာခြားမှုအသာဖြင့် အုပ်စုပထမနေရာမှ ရပ်တည်နေကြောင်းသိရသည်။ လာမည့် မေလ (၂၁) ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီ ခွဲတွင် ပါလက်စတိုင်းအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစား ရမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိမှာမော်ဒိုက်က ကမ္ဘာ့အဆင့် ၁၅၃ မြန်မာက ၁၇၃ ပါ မြန်မာထက် ၂၀ သာပါတယ် အုပ်စုမှာအတောင့်ဆုံးလို့ သတ်မှတ်လို့ရပြီး မြန်မာအသင်းဆီးမီးဖိုင်နယ်အတွက် မျှော်လင့်ချက် အားကောင်းနေပါတယ်။။။

မိုးတိမ်

Football Café 
 မော်ဒိုက်နိုင်ငံတွင် ကျင်းပလျှက်ရှိသည့် AFC CHALLENGE CUP 2014 ပြိုင်ပွဲအုပ်စုပွဲစဉ်အဖြစ် အိမ်ရှင် မော်ဒိုက် နှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ပွဲအပြီးတွင် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲကစားချိန် ၂၂ မိနစ် မှာမြန်မာအသင်းမှ သိန်းဇော်မှ နှစ်ဝါ တစ်နီဖြင့် ထွက်ခဲ့ရပြီး လက်ကျန်မိနစ်များကို မြန်မာအသင်းမှ (၁၀)ယောက်တည်းဖြင့် ကြိုးစားကစားခဲ့ ရသည်။ ယနေ့ပွဲစဉ်တွင် မြန်မာအသင်းသည် အ၀ါကတ်များစွာပြသခဲ့ရသည်ကို မြင်တွေ့ ရသည်။ မြန်မာ အသင်းအတွက် အနိုင်ဂိုးများကို ကျော်ကိုကို မှအဖွင့်ဂိုးအဖြစ် ပွဲချိန် ၃၈ မိနစ်၊ ငြိမ်းချမ်းအောင်က
ပွဲကစားချိန် ၄၅ မိနစ် နှင့် နောက်ဆုံးအနိုင်ဂိုးကို ကျော်ကိုကိုမှ ပွဲချိန် ၉၀ + ၅ မိနစ် တို့မှာသွင်းယူနိုင် ခဲ့သည်။ အိမ်ရှင်မော်ဒိုက်အသင်းသည် ဒုတိယပိုင်းမှာ ချေပဂိုးများ ရရှိရေး ကြိုးပမ်း ကစားသော်လည်း ချေပဂိုး နှစ်ဂိုးသာပြန်လည်သွင်းနိုင်သဖြင့် ပွဲဦးထွက်ရှုံးနိမ့်ခဲ့ရသည်။ မြန်မာ အသင်းသည် ယနေ့ပွဲစဉ်အနိုင်ကြောင့် တစ်ဖက်ပွဲစဉ်မှာ နိုင်ခဲ့တဲ့ ပါလက်စတိုင်းအသင်းနဲ့ အမှတ် တူသော်လည်း ဂိုးသွင်းကွာခြားမှုအသာဖြင့် အုပ်စုပထမနေရာမှ ရပ်တည်နေကြောင်းသိရသည်။ လာမည့် မေလ (၂၁) ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီ ခွဲတွင် ပါလက်စတိုင်းအသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ကစား ရမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိမှာမော်ဒိုက်က ကမ္ဘာ့အဆင့် ၁၅၃ မြန်မာက ၁၇၃ ပါ မြန်မာထက် ၂၀ သာပါတယ် အုပ်စုမှာ အတောင့်ဆုံးလို့ သတ်မှတ်လို့ရပြီး မြန်မာအသင်းဆီးမီးဖိုင်နယ်အတွက် မျှော်လင့်ချက် အားကောင်းနေ ပါတယ်။။။

မိုးတိမ်

Football Café

No comments:

Post a Comment