Monday, May 12, 2014

သားမယားပြုကျင့်သူ အရေးယူ

၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ xxxxx ရွာနေ မxxxxx(၃၉)နှစ်သည် သား/သမီးများနှင့်အတူ နေအိမ်အပေါ်ထပ်၌ လည်းကောင်း၊ ခင်ပွန်း ကိုxxxxxမှာ သားဖြစ်သူ မောင်xxxxxနှင့်အတူ နေအိမ်အောက်ထပ်၌ လည်းကောင်း အသီးသီး အိပ်ပျော်နေကြစဉ် ၁၀-၅-၂၀၁၄ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်၌ နေအိမ်အပေါ်ထပ် ပြတင်းပေါက်ပိတ်သံကြားပြီး မxxxxx အိပ်နေသည့်အိပ်ယာအနီးသို့ လူတစ်ဦး ၀င်ရောက်လာခဲ့ကြောင်း၊ မxxxxxမှ ခင်ပွန်းဖြစ်သူ ကိုxxxxxထင်မှတ်၍ ဆက်အိပ်နေစဉ် အဆိုပါလူမှ မxxxxx၏ထမီအား အပေါ်သို့ဆွဲလှန်၍ ကာမစပ်ယှက်ပြီးထွက်သွားသဖြင့် မxxxxxမှ ပြတင်းပေါက် ဖွင့်ခဲ့ရန်ပြောဆိုရာ အဆိုပါလူမှာ ပြန်လှည့်
လာပြီး မxxxxx၏ခင်ပွန်း ကိုxxxxxမဟုတ်ကြောင်းနှင့် ကြိုက်သလိုဆုံးဖြတ်ရန်ပြောဆိုမှသာ ခင်ပွန်း၏ တူတော်စပ်သူ တစ်ရွာတည်းနေ ကျော်ထွန်းအောင်(၂၂)နှစ် ဖြစ်ကြောင်းသိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းခဲ့ရာ ကျော်ထွန်းအောင်အား ပခုက္ကူမြို့မရဲစခန်း (ပ)၁၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ရေနံချောင်း မြို့နယ်၊ xxxxx ရွာနေ မxxxxx(၁၈)နှစ်သည် ရွာ၏တောင်ဘက်(၂) ဖာလုံခန့် အကွာရှိ နှမ်းခင်းအတွင်း တစ်ဦးတည်း နွားစာရိတ်နေစဉ် တစ်ရွာတည်းနေ မင်းမင်းထွန်း(၂၈)နှစ် ရောက်ရှိ လာပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် နေအိမ်သို့ပြန်လာကာ မိခင်ဖြစ်သူအားပြောပြပြီး အရေးယူပေးရန် တိုင်တန်းခဲ့ရာ မင်းမင်းထွန်းအား လက်မှတ်ကုန်းနယ်မြေရဲစခန်း(ပ)၂၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment