Monday, May 12, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး ရမည်းသင်းတွင် ပထမဆုံး ဆန္ဒပြ

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆၊ ၅၉ (ဃ) (စ) ပါ ပြဋ္ဌာန်းချက်ကို ပြင်ဆင်ပေးရေးအတွက် ရမည်းသင်းမြို့နယ်ရှိ ပြည်သူ ၅၀၀ ကျော် ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြောင်း ဒေသခံ များက ပြော ကြားသည်။
အဆိုပါ ဆန္ဒပြမှုကို ဒေသအာဏာပိုင်ထံမှ ခွင့်ပြုချက် တောင်းခံ၍ NLD ပါတီကို ထောက်ခံသူများအပြင် ၈၈ မျိုးဆက်များက ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရမည်းသင်းမြို့ ဒေသခံ ဦးဇော်မင်းက ဆိုသည်။
ဥပဒေ ပြင်ဆင်ရေးတွင် ပုဒ်မ ၄၃၆၊ ၅၉ (ဃ) (စ)၊ ပုဒ်မ ၁၄၊ ၇၄ (က) (ခ)၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ ၂၀၁ နှင့်
ပုဒ်မ ၂၀၄ (က) (ခ) တို့ အပါအဝင် မတရားသော ပုဒ်မအားလုံးကို ပြင်ဆင်ရန် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆန္ဒပြပွဲသည် ပါတီနိုင်ငံရေး လှုပ်ရှားမှု မဟုတ်ဘဲ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုသာ ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ရမည်းသင်းခရိုင်နေ ပြည်သူလူထု အပါအဝင် နေပြည်တော်၊ ပျော်ဘွယ်၊ မိတ္ထီလာတို့ရှိ ဒေသခံ အချို့ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း ကော်မတီက ထုတ်ပြန် ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်း (၁၂) ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ယခုလအတွင်း ဟောပြော ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment