Wednesday, May 7, 2014

တရားဥပဒေစိုးမိုးမှု မရှိခြင်း၏ အကြောင်းရင်းကို တရားဥပဒေစိုးမိုးရေး စင်တာများက သုတေသန ပြုလုပ်မည်

မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် တရားဥပဒေစိုးမိုးရေး စင်တာများက နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်း၏ အကြောင်းရင်းကို သုတေသန ပြုလုပ် မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု ပိုမိုတိုးတက် လာစေရန်အတွက် တရားဥပဒေစိုးမိုးရေး စင်တာများ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ ၎င်းစင်တာများဖွင့်လှစ်ခြင်း စီမံကိန်းကို သြဂုတ်လတွင် စတင်နိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

အဆိုပါ တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ပြီးပါက ၎င်းစင်တာများမှ နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်း သည် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သုတေသနများ ပြုလုပ်ဆောင်ရွက်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် တရားဥပဒေစိုးမိုးရေး စင်တာများအတွက် သင်တန်းပို့ချပေးခြင်းများကို ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ တစ်ဆင့် အများပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်ရန်၊ တရားဥပဒေစိုးမိုးရေး ဗဟိုဌာနများ ဥပဒေနှင့် အညီ ဖြစ်စေရေး အမိန့်ကြေညာစာ ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ တစ် ဆင့် ပြည်ထောင် စု အစိုးရအဖွဲ့သို့ ညှိနှိုင်းဆောင်ရွက်သွားရန်၊ တရားဥပဒေစိုးမိုးရေး စင်တာများ၏ လုပ်ငန်းများ ရေရှည်ဆောင်ရွက်ရေး၊ အသေးစိတ် အချက်အလက်များအား UNDP မှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနသို့ တင်ပြရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရန် ရည်မှန်းထားကြောင်း သိရသည်။

မန္တလေးနှင့် လားရှိုးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ တည်ဆောက်ရေးသည် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ၏ ရည်မှန်းချက်တွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း၊ ယခုအဆင့်ရောက်ရန် ခက်ခက် ခဲခဲ ဆောင် ရွက်ခဲ့ကြရခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး နယ်ပယ်တွင် ရှိသူများအား Capacity နှင့် Ethic များ မြှင့်တင်ပေးနိုင်ပါက တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်သည် ယခင်ကထက် ပိုမိုကောင်းမွန်လာ မည်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ ၀င် ဒေါက် တာဇော်မြင့်မောင် က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment