Tuesday, May 27, 2014

မိုးသီးဇွန်နှင့် မိုးဟိန်းကိုသာ ရွေးပြီးနှင်ထုတ်ခြင်းမဟုတ်ဟု လ၀ကပြော

ဦးမိုးသီးဇွန်၊ ဦးမိုးဟိန်း အပါအ၀င် သက်တမ်းလွန်နေ ထိုင်သည့် နိုင်ငံခြားသားမည်သူ ကိုမဆို ပြည်တွင်းမှ ထွက်ခွာရန် လ၀ကဥပဒေအရ အကြောင်း ကြားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းကို ဦးတည် ရွေးချယ်နှင်ထုတ်ခြင်းမျိုး မပြု လုပ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးလူဝင်မှုကြီးကြပ်ရေးညွှန် ကြားရေးမှူးကပြောကြားသည်။

‘‘နေထိုင်ခွင့်တစ်ရက်ကျော် တာနဲ့ သုံးဒေါ်လာကောက်တာ မှန်တယ်။ သို့သော်ဒါက သုံးဒေါ် လာပေးပြီး နေလို့ရတဲ့ သဘော မဟုတ်ပါဘူး။ ဘယ်နိုင်ငံမဆို လူဝင်မှုကြီးကြပ်ရေးဥပဒေတင်း ကျပ်ပါတယ်။ နိုင်ငံတကာက လည်း အိုဗာစတေးဆိုရင်တစ် ရက်တောင် လက်မခံပါဘူး။ အို ဗာစတေးဖြစ်တာနဲ့ လ၀ကဥပဒေ တစ်ခုမဟုတ်တစ်ခုနဲ့ အရေးယူ လို့ရပါတယ်။ ကိုမိုးသီးဇွန်နဲ့ ကို
မိုးဟိန်းဆိုပြီး မျက်နှာလိုက်ရွေး ချယ်ပြီး လုပ်တာမဟုတ်ပါဘူး’’ ဟု ၎င်းကပြောသည်။
ဦးမိုးသီးဇွန်နှင့် ဦးမိုးဟိန်း တို့မှာ နေထိုင်ခွင့်သက်တမ်းကုန် နေ၍ လ၀ကက မေလ ၂၅ ရက် နောက်ဆုံးထားထွက်ခွာရန် အ ကြောင်းကြားထားပြီး ဒဏ်ကြေး ပေးဆောင်နေထိုင်၍လည်း မရ ကြောင်း လ၀ကက အကြောင်း ကြားထားသည်။

ဦးမိုးသီးဇွန်မှာ ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်း၏ ဖိတ်ကြား ချက်အရ ပြီးခဲ့သည့်နှစ်က မြန်မာ နိုင်ငံသို့ ပြန် လည်ရောက်ရှိခဲ့ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်သည်။ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီကို ဦး ဆောင်တည်ထောင်ခဲ့သူများထဲမှ တစ်ဦးဖြစ်ပြီး မြောက်ပိုင်းပါ ချောင် စခန်းရှိ ကျောင်းသား တပ် မတော်တွင် အစုလိုက်အပြုံလိုက် လူသတ်မှုများအတွက် တာဝန်ရှိသူတစ်ဦးဟု စွပ်စွဲခံထားရသူလည်းဖြစ်သည်။

ယခုကဲ့သို့ လ၀ကက အ ကြောင်းမကြားမီက အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပချိန် တွင် ဆန္ဒဖော်ထုတ်ရန် မိုးသီးဇွန် က ဆရာတော်ဦးဝီရသူထံ သွား ရောက်စည်းရုံးခဲ့ကြောင်း သတင်း များထွက်ပေါ်ခဲ့သေးသည်။

ဦးမိုးဟိန်းမှာ ၂၀၁၃ ခုနှစ် အတွင်းက မြန်မာနိုင်ငံသို့ လာ ရောက်ခဲ့ပြီး ၎င်း၏ အစ်ကိုနာမည် ဖြင့် ထုတ်ဝေသော သူရိယနေ၀န်း ဂျာနယ်တွင် အယ်ဒီတာချုပ်အ ဖြစ် လုပ်ကိုင်ခဲ့သည်။ ယခင်အစိုး ရအပေါ် ဝေဖန်သော အရေးအ သားများကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနက မကြာခဏ အ ကြောင်းကြားစာများထုတ်ပြန်ခံခဲ့ ရပြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇကမူ ၎င်းကို တရားစွဲရန် စီစဉ်ခဲ့သည်။

လ၀က၏ အကြောင်းကြားမှု နှင့် ပတ်သက်၍ နှစ်ဦးစလုံးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းများကို ပိတ်ထားကြပြီး ဆက် သွယ်၍မရခဲ့ပေ။ ဦးမိုးသီးဇွန်ကမူ အပြင်မှနေ၍ မြန်မာနိုင်ငံသား ဖြစ် ခွင့်လျှောက် ထားရန် ကြိုးစား မည်ဖြစ်ကြောင်း ပြည်တွင်းထုတ် သတင်းစာတစ်စောင်အား ပြော ကြားထား သည်။

၎င်းတို့အနေဖြင့် မြန်မာ နိုင်ငံသားဖြစ်ခွင့် ပြန်လည် လျှောက်ထားလိုပါက ၎င်းတို့နေ ထိုင်သည့် သက်ဆိုင်ရာသံရုံးများ မှတစ်ဆင့် တရားဝင်စနစ်တကျ လျှောက်ထားနိုင်ကြောင်း ရန်ကုန် တိုင်းလ၀ကညွှန်ကြားရေးမှူး ဦး ကြည်လင်ကပြောသည်။
‘‘အခုမြန်မာပြည်သိန်းတန် ဆိုရင် နိုင်ငံသားပြန်လျှောက်တာ ရသွားပြီ။ သူတို့လိုစနစ်တကျ လျှောက်ပါ။ ဘယ်သူ့ကိုမှ အစိုးရ က မပိတ်ပင်ထားပါဘူး’’ဟု ၎င်း ကပြောသည်။
အစိုးရသစ်လက်ထက်တွင် ပြည်ပနိုင်ငံသားခံယူထားသူ စုစု ပေါင်း ၁၅၀ခန့်မှာ မြန်မာနိုင်ငံ သားဖြစ်ခွင့်ပြန်လည်လျှောက် ထားခဲ့သည့်အနက် ၄၈ဦးကို နိုင်ငံ သားဖြစ်ခွင့်ပေးအပ်ခဲ့ကြောင်း ဦး ကြည်လင်းကပြောကြားသည်။

7Day Daily

1 comment:

  1. ဘဂ်ါလီတွေကို လ၀က ဘာလုပ်နေတာလဲ
    သူတို့ရှီက ငွေတွေယူထားလို့လား

    ReplyDelete