Monday, May 12, 2014

တိုင်းရင်းသားများပြင်လိုသည့် အခြေခံဥပဒေပါအချက်များပြင်ဆင်ရေး ဦးအောင်မင်း ကတိပြု

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တင်ပြထားသည့် အခြေခံဥပဒေပါ ပြင်ရန်လိုသည့် အချက်များ ပြင်ဆင်နိင်ရေးအတွက် ဦးဆောင်ဦးရွက်ပြုသွားမည်ဟု သမ္မတရုံးဝန်းကြီး ဦးအောင်မင်းက ကတိပေးပြောကြားလိုက်သည်။

မန္တလေးမြို့တွင်ပြုလုပ် လူငယ်ဖိုရမ်တွင် အမျိုးသမီးတစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ပက်သက်၍ သဘောထားကို မေးမြန်းရာ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မူကော်မတီ ဒုတိယ ဥက္ကဌလည်းဖြစ်သူ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့နေရာမှာ စနစ်တကျ စီစစ်ပြီး အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကို မထိခိုက်စေဖို့ တော့လိုပါတယ်”ဟု ဥိးအောင်မင်းကဆက်လက်ပြောကြားသည်

ယင်းအပြင် အဆိုပါပွဲသို့တက်ရောက်သည့် သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့ ကလည်း အခြေခံဥပဒေပြင်ဆင်ရန် လိုအပ်ကြောင်း ဥပမာများဖြင့် ထောက်ခံပြောကြားသွားခဲ့သည်။

ဝန်ကြီးဦးစိုးသိန်းကလည်း ဖွဲ့စည်းအခြေခံဥပဒေပြင်ဆင်သင့်ကြောင်း ဗုဒ္ဓဘာသာမမြဲသော တရား သဘောကို ဥပမာပေးပြောကြားသွားသကဲ့သို့ ဝန်ကြီးဦးတင်နိုင်သိန်းကလည်း ပြင်ဆင်ရေး ကိုထောက်ခံသည့် သဘောသက်ရောက်သည့် အဖြေများပေးခဲ့ကြောင်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံပြင်ဆင်သင့်ကြောင်း ၎င်းတို့အနေနှင့် သဘောထားရှိသော်လည်း မီဒီယာများက ရေးသားဖော်ပြကြ ရာတွင် လိုရာဆွဲ၍ ရေးသားခြင်းမပြုပဲ စကားလုံးတိကျစွာ ဖော်ပြပေးရန် ဝန်ကြိးများက သတိပေးပြောကြားသွားသည်။

သို့ရာတွင် မည်သည့်အချက်အလက်များ ပြင်ဆင်သင့်သည်ကိုမူ ဝန်ကြီးများက သဘောထား မှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်းသိရသည်။

People power

No comments:

Post a Comment