Thursday, May 15, 2014

ရာဇာမင်းယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူများအား အာမခံလုပ်ငန်းနှင့် ယာဉ်လိုင်းမှ လျော်ကြေးငွေ တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီပေးအပ်

Photo: ရာဇာမင်းယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူများအား အာမခံလုပ်ငန်းနှင့် ယာဉ်လိုင်းမှ လျော်ကြေးငွေ တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီပေးအပ်
Thursday, May 15, 2014

မေ ၁၂ ရက်တွင် ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးအား အာမခံလုပ်ငန်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ လျော်ကြေးငွေအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီ ပေးအပ်မှုကို မေ ၁၄ ရက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် ရာဇာမင်းယာဉ်လိုင်းသည် အလုံးစုံ မော်တော်ယာဉ်အာမခံ၊ သူတစ်ပါး ထိခိုက်နာကျင်မှု အာမခံနှင့် မေ ၈ ရက်တွင် စတင်ရောင်းချသည့် အထူးခရီးသွားအာမခံ ထားရှိထားသည့်အတွက် သေဆုံးသူတစ်ဦးလျှင် နစ်နာကြေး ၄၅ သိန်းကျပ်စီ ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများ အနေဖြင့် ဒဏ်ရာပေါ်မူတည်ပြီး အများဆုံး ၂၄ သိန်းကျပ်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် အာမခံထားရှိသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက “အာမခံလုပ်ငန်းက ၁၉၇၆ ခုနှစ်ကတည်းက ရှိခဲ့တာပါ။ အရင်ကတော့ အာမခံထားရှိမှုအတွက် ငါးသိန်းဆယ်သိန်းလောက်ပဲ ရခဲ့တာပါ။ အခုတော့ ကျပ် ၃၀၀ တန် အထူးခရီးသွားအာမခံ ထားရှိတဲ့အတွက် သေဆုံးရင် ကျပ်သိန်း ၃၀ အထိ လျော်ကြေးရမှာ ဖြစ်ပါတယ်။ အဆတစ်သောင်းလောက် ပြန်လည်ရရှိတာ ဖြစ်ပါတယ်။ တစ်ဦးကို နှစ်စောင်အထိ ၀ယ်ယူခွင့် ပြုပါတယ်။ ကမ္ဘာပေါ်မှာတောင် အဲ့လိုအာမခံမျိုး မရှိသေးပါဘူး။ ယာဉ်လိုင်းတွေအနေနဲ့ အာမခံမထားရှိလို့ မရပါဘူး။ ရာဇာမင်းယာဉ်လိုင်းက ဧရာမြန်မာ အာမခံကုမ္ပဏီမှာလည်း ထားရှိထားတာက ကံကောင်းပါတယ်။ အခုဆိုရင် က.ည.န နဲ့လည်း ညှိနှိုင်းထားပါတယ်။ ယာဉ်လိုင်းတွေအနေနဲ့ အလုံးစုံအာမခံ မထားရှိရင် လုပ်ငန်းလိုင်စင် ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အမြန်လမ်း ရဲတပ်ဖွဲ့အနေနဲ့ အခင်းဖြစ်တဲ့နေရာကို သိသိချင်း ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ရွာသားတွေ၊ ကြက်ခြေနီအဖွဲ့ဝင်တွေ အပါအ၀င် အင်အား ၅၀၀ လောက်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။ အရင်ဆုံး လုပ်တာကတော့ ဒဏ်ရာရလို့ အော်ဟစ်နေသူတွေကို ဆေးရုံပို့ဖို့ လုပ်ပါတယ်။ ခရီးသွားတွေရဲ့ ပစ္စည်းတွေကိုလည်း သက်ဆိုင်ရာ ကာယကံရှင်တွေကို အထောက်အထားနဲ့ တကွ ထုတ်ပေးလျက် ရှိပါတယ်။ ဒဏ်ရာရသူတွေကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ငါးသောင်းစီ ထောက်ပံ့ဖို့ လုပ်နေပါတယ်။ ယာဉ်မောင်းကို ထိထိရောက်ရောက် အရေးယူသွားမှာပါ။ (င)လိုင်စင်ရှိမရှိ စစ်ဆေးနေပါတယ်” ဟု ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

“ကျွန်မရဲ့အဒေါ်ကတော့ နေရာမှာတင် ဆုံးသွားပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကတော့ ငွေနဲ့တော့ တန်ဖိုးဖြတ်လို့ မရဘူးပေါ့လေ။ သို့သော်လည်း ဒီလိုမျိုး လုပ်ပေးတဲ့အတွက် တစ်မျိုးတော့ ကောင်းတာပေါ့လေ။ မအိပ်ရတာ နှစ်ရက်ရှိသွားပြီ။ ရန်ကုန်ကိုလည်း ပြန်ရဦးမယ်” ဟု သေဆုံးသူ၏ တူမဖြစ်သူ ဒေါ်ယဉ်ယဉ်ဌေးက ဆိုသည်။

လက်ရှိ၌ အာမခံထားရှိမှုတွင် စုပေါင်းအာမခံ၊ မော်တော်ယာဉ်အလုံးစုံ အာမခံများ ထားရှိမှု များပြားကြောင်း၊ အသက်အာမခံ ထားရှိမှုမှာ နည်းပါးသေးကြောင်း၊ အာမခံ လုပ်ငန်းကတော့ တစ်ဟုန်ထိုး ထွန်းကားမှုတော့ မရှိသေးကြောင်း၊ နိုင်ငံတကာတွင်တော့ အာမခံအဖွဲ့ သတ်သတ်ရှိကြောင်း၊ ယင်းအဖွဲ့က လျော်ကြေးငွေများကို သတ်မှတ်ပေးကြောင်း၊ အစိုးရမှ တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိကြောင်း၊ ပုဂ္ဂလိက အာမခံအဖွဲ့အစည်း ရှိလာမယ်ဆိုရင် ပိုကောင်းမည်ဖြစ်ကြောင်း ဧရာမြန်မာ အာမခံကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မိုင် ၁၀၀ အထက်ကို ကျပ် ၁၀၀ တန်အာမခံ ရောင်းပေးကြောင်း ၊ လျော်ကြေးမှာ ၁၀ သိန်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကျပ် ၃၀၀ တန် အာမခံ ရောင်းချပေးသည့်အတွက် သေဆုံးပါက ကျပ်သိန်း ၃၀ အထိ ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်နာကျင်မှုအတွက် ငါးသိန်း၊ အလုံးစုံမော်တော်ယာဉ် အာမခံက ၁၀ သိန်းရရှိမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရာဇာမင်းယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုချမ်းငြိမ်းက “ကျွန်တော်တို့ကားက တိုးဂိတ်ကနေ ထွက်လာတော့ ကီလိုမီတာ ၅၀၊ ၆၀ လောက်ပဲ ရှိမယ်။ အရှိန်သိပ်မပြင်းသေးဘူး။ မိုးကလည်း ရွာနေတယ်။ တံတားနားရောက်ခါနီးတော့ ကားလေးတစ်စီးက လမ်းလယ်ကို ခွမောင်းနေတာ ရုတ်တရက် တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ကားဆရာက ဘရိတ်နင်းလိုက်တယ် ထင်တယ်။ စလစ်ဖြစ်သွားပြီး တံတားအောက် ကျသွားတာပဲ။ ကျွန်တော်က ကံကောင်းပြီး ဘာမှကြီးကြီးမားမား မဖြစ်ခဲ့ဘူး။ ခါးပဲနာသွားတာ။ တံခါးမကြီး ဖွင့်လို့မရတာနဲ့ ပြတင်းတံခါးကနေထွက်ပြီး အရေးပေါ်အပေါက်ကို ရအောင်ဖွင့်တယ်။ ပြီးတော့ ဘုန်းကြီးနှစ်ပါးရယ်၊ ကလေးရယ်၊ မိခင်တစ်ဦးရယ်ကို အပြင်ရောက်အောင် ကယ်ထုတ်ခဲ့တယ်” ဟု ပြောပြသည်။

ထို့အပြင် ကားလမ်းမပေါ်တက်၍ အကူအညီ တောင်းခံခဲ့ကြောင်း၊ ကားတစ်စီး၏ အကူအညီဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားနိုင်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးတွေကတော့ ၄၅ မိနစ်လောက်ကြာမှ ရောက်ရှိလာသည်ဟုထင်ကြောင်း၊ မိုးကလည်းရွာထားတော့ တံတားအောက်မှာလည်း မှောင်မည်းနေကြောင်း၊ မော်တော်ယာဉ်တွေမှာတော့ တစ်ခုခုဖြစ်လာရင် အရေးပေါ်ထွက်နိုင်မည့် တံခါးပေါက်ကတော့ တော်တော်အရေးကြီးကြောင်း ကိုချမ်းငြိမ်းက ပြောပြခဲ့သည်။

Eleven Media Group

ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးကို မေ ၁၄ ရက်က ဘဏ္ဍာရေးဝန်ကြီးဌာနတွင် လျော်ကြေးငွေပေးအပ်စဉ်
မေ ၁၂ ရက်တွင် ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးအား အာမခံလုပ်ငန်းနှင့် ရာဇာမင်းယာဉ်လိုင်းမှ လျော်ကြေးငွေအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၆၀ စီ ပေးအပ်မှုကို မေ ၁၄ ရက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် ရာဇာမင်းယာဉ်လိုင်းသည် အလုံးစုံ မော်တော်ယာဉ်အာမခံ၊ သူတစ်ပါး ထိခိုက် နာကျင်မှု အာမခံနှင့် မေ ၈ ရက်တွင် စတင်ရောင်းချသည့် အထူးခရီးသွားအာမခံ ထားရှိထားသည့် အတွက် သေဆုံးသူတစ်ဦးလျှင် နစ်နာကြေး ၄၅ သိန်းကျပ်စီ ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများ
အနေဖြင့် ဒဏ်ရာပေါ်မူတည်ပြီး အများဆုံး ၂၄ သိန်းကျပ်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် အာမခံထားရှိသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက “အာမခံလုပ်ငန်းက ၁၉၇၆ ခုနှစ်ကတည်းက ရှိခဲ့တာပါ။ အရင်ကတော့ အာမခံထားရှိမှုအတွက် ငါးသိန်းဆယ်သိန်းလောက်ပဲ ရခဲ့တာပါ။ အခုတော့ ကျပ် ၃၀၀ တန် အထူးခရီးသွားအာမခံ ထားရှိတဲ့အတွက် သေဆုံးရင် ကျပ်သိန်း ၃၀ အထိ လျော်ကြေးရမှာ ဖြစ်ပါတယ်။ အဆတစ်သောင်းလောက် ပြန်လည်ရရှိတာ ဖြစ်ပါတယ်။ တစ်ဦးကို နှစ်စောင်အထိ ၀ယ်ယူခွင့် ပြုပါတယ်။ ကမ္ဘာပေါ်မှာတောင် အဲ့လိုအာမခံမျိုး မရှိသေးပါဘူး။ ယာဉ်လိုင်းတွေအနေနဲ့ အာမခံမထားရှိလို့ မရပါဘူး။ ရာဇာမင်းယာဉ်လိုင်းက ဧရာမြန်မာ အာမခံကုမ္ပဏီမှာလည်း ထားရှိထားတာက ကံကောင်းပါတယ်။ အခုဆိုရင် က.ည.န နဲ့လည်း ညှိနှိုင်းထားပါတယ်။ ယာဉ်လိုင်းတွေအနေနဲ့ အလုံးစုံအာမခံ မထားရှိရင် လုပ်ငန်းလိုင်စင် ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အမြန်လမ်း ရဲတပ်ဖွဲ့အနေနဲ့ အခင်းဖြစ်တဲ့နေရာကို သိသိချင်း ၅ မိနစ်အတွင်း ရောက်ရှိခဲ့ ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ရွာသားတွေ၊ ကြက်ခြေနီ အဖွဲ့ဝင်တွေ အပါအ၀င် အင်အား ၅၀၀ လောက်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။ အရင်ဆုံး လုပ်တာကတော့ ဒဏ်ရာရလို့ အော်ဟစ်နေသူတွေကို ဆေးရုံပို့ဖို့ လုပ်ပါတယ်။ ခရီးသွားတွေရဲ့ ပစ္စည်းတွေကိုလည်း သက်ဆိုင်ရာ ကာယကံရှင်တွေကို အထောက်အထားနဲ့ တကွ ထုတ်ပေးလျက် ရှိပါတယ်။ ဒဏ်ရာရသူတွေကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ငါးသောင်းစီ ထောက်ပံ့ဖို့ လုပ်နေပါတယ်။ ယာဉ်မောင်းကို ထိထိရောက်ရောက် အရေးယူသွားမှာပါ။ (င)လိုင်စင်ရှိမရှိ စစ်ဆေးနေပါတယ်” ဟု ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

“ကျွန်မရဲ့အဒေါ်ကတော့ နေရာမှာတင် ဆုံးသွားပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကတော့ ငွေနဲ့တော့ တန်ဖိုးဖြတ်လို့ မရဘူးပေါ့လေ။ သို့သော်လည်း ဒီလိုမျိုး လုပ်ပေးတဲ့အတွက် တစ်မျိုးတော့ ကောင်း တာပေါ့လေ။ မအိပ်ရတာ နှစ်ရက်ရှိသွားပြီ။ ရန်ကုန်ကိုလည်း ပြန်ရဦးမယ်” ဟု သေဆုံးသူ၏ တူမဖြစ်သူ ဒေါ်ယဉ်ယဉ်ဌေးက ဆိုသည်။

လက်ရှိ၌ အာမခံထားရှိမှုတွင် စုပေါင်းအာမခံ၊ မော်တော်ယာဉ်အလုံးစုံ အာမခံများ ထားရှိမှု များပြားကြောင်း၊ အသက်အာမခံ ထားရှိမှုမှာ နည်းပါးသေးကြောင်း၊ အာမခံ လုပ်ငန်းကတော့ တစ်ဟုန်ထိုး ထွန်းကားမှုတော့ မရှိသေးကြောင်း၊ နိုင်ငံတကာတွင်တော့ အာမခံအဖွဲ့ သတ်သတ်ရှိကြောင်း၊ ယင်းအဖွဲ့က လျော်ကြေးငွေများကို သတ်မှတ်ပေးကြောင်း၊ အစိုးရမှ တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိကြောင်း၊ ပုဂ္ဂလိက အာမခံအဖွဲ့အစည်း ရှိလာမယ်ဆိုရင် ပိုကောင်းမည်ဖြစ်ကြောင်း ဧရာမြန်မာ အာမခံကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မိုင် ၁၀၀ အထက်ကို ကျပ် ၁၀၀ တန်အာမခံ ရောင်းပေးကြောင်း ၊ လျော်ကြေးမှာ ၁၀ သိန်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကျပ် ၃၀၀ တန် အာမခံ ရောင်းချပေးသည့်အတွက် သေဆုံးပါက ကျပ်သိန်း ၃၀ အထိ ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်နာကျင်မှုအတွက် ငါးသိန်း၊ အလုံးစုံမော်တော်ယာဉ် အာမခံက ၁၀ သိန်းရရှိမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရာဇာမင်းယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုချမ်းငြိမ်းက “ကျွန်တော်တို့ကားက တိုးဂိတ်ကနေ ထွက်လာတော့ ကီလိုမီတာ ၅၀၊ ၆၀ လောက်ပဲ ရှိမယ်။ အရှိန်သိပ်မပြင်းသေးဘူး။ မိုးကလည်း ရွာနေတယ်။ တံတားနားရောက်ခါနီးတော့ ကားလေးတစ်စီးက လမ်းလယ်ကို ခွမောင်းနေတာ ရုတ်တရက် တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ကားဆရာက ဘရိတ်နင်းလိုက်တယ် ထင်တယ်။ စလစ်ဖြစ်သွားပြီး တံတားအောက် ကျသွားတာပဲ။ ကျွန်တော်က ကံကောင်းပြီး ဘာမှကြီးကြီးမားမား မဖြစ်ခဲ့ဘူး။ ခါးပဲနာသွားတာ။ တံခါးမကြီး ဖွင့်လို့မရတာနဲ့ ပြတင်းတံခါးကနေထွက်ပြီး အရေးပေါ်အပေါက်ကို ရအောင်ဖွင့်တယ်။ ပြီးတော့ ဘုန်းကြီးနှစ်ပါးရယ်၊ ကလေးရယ်၊ မိခင်တစ်ဦးရယ်ကို အပြင်ရောက်အောင် ကယ်ထုတ်ခဲ့တယ်” ဟု ပြောပြသည်။

ထို့အပြင် ကားလမ်းမပေါ်တက်၍ အကူအညီ တောင်းခံခဲ့ကြောင်း၊ ကားတစ်စီး၏ အကူအညီဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားနိုင်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးတွေကတော့ ၄၅ မိနစ်လောက်ကြာမှ ရောက်ရှိလာသည်ဟု ထင်ကြောင်း၊ မိုးကလည်းရွာထားတော့ တံတားအောက်မှာလည်း မှောင် မည်းနေကြောင်း၊ မော်တော် ယာဉ်တွေမှာတော့ တစ်ခုခုဖြစ်လာရင် အရေးပေါ်ထွက်နိုင်မည့် တံခါးပေါက်ကတော့ တော်တော်အရေး ကြီးကြောင်း ကိုချမ်းငြိမ်းက ပြောပြခဲ့သည်။

Eleven Media Group

ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည် ၁၄ ဦးကို မေ ၁၄ ရက်က ဘဏ္ဍာရေးဝန်ကြီးဌာနတွင် လျော်ကြေးငွေပေးအပ်စဉ်

No comments:

Post a Comment