Friday, May 9, 2014

ငွေကြေးပြဿနာတက်နေသည့် ပဲကုမ္ပဏီ အကြွေး ကျပ်သန်းပေါင်း တစ်သောင်းခုနစ်ထောင်ခန့်ရှိ

ပဲလောကတွင် ငွေကြေးဆိုင်ရာပြဿနာဖြစ်နေသော မိုးသက်ကုမ္ပဏီသည် ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း ၂၀ ကျော်ကိုပေးဆပ်ရန် ကျပ်သန်းပေါင်း တစ်သောင်းခုနစ်ထောင်ခန့်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။အကြွေးပေးရန်ရှိနေသော ကုမ္ပဏီများတွင် ပြည်ပကုမ္ပဏီ ၁၆ ခုထိရှိပြီး ပြည်တွင်းကုမ္ပဏီ မှာ ၅ ခုခန့်ဖြစ်သည်။ပြည်တွင်း ကုမ္ပဏီများမှာ စာချုပ်ဖြင့် ပဲရောင်းဝယ်ထားသည့် ကုမ္ပဏီများရှိသည့်အပြင် ပစ္စည်းအပ်စနစ်ဖြင့်ရောင်းချထားပြီး ငွေရရန်ရှိသော ကုမ္ပဏီများလည်းရှိသည်။လက်ရှိ မိုးသက်ကုမ္ပဏီ၏ပိုင်ဆိုင်မှုမှာဘဏ်တွင် အပ်ထားသော ကျပ်သန်းပေါင်းနှစ်ထောင်နှင့် ပဲတန်ချိန် နှစ်သောင်းခန့်သာရှိသ ဖြင့်စုစုပေါင်း ကျပ်ငွေသန်းတစ်ထောင်ခန့်လိုအပ်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်  အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။‘‘အဲဒီစာရင်းတွေကိုရှင်းပေးဖို့အတွက် မေလ ၉ရက်မှာအသင်းရယ်၊ စီးပွားကူးသန်း ဌာနရယ်၊ UMFCCI ရယ်၊ အကြွေးရရန် ကုမ္ပဏီတွေရယ် ညှိနှိုင်းပြီးပေးချေဖို့ စီစဉ်ထားတယ်’’ဟု စီးပွားကူး သန်းဝန်ကြီးဌာနမှ ညွန်ကြားရေး မှူးတစ်ဦးကပြောကြားသည်။ထို့ကြောင့် မိုးသက်ကုမ္ပဏီ နှင့် ရောင်းဝယ်ဖောက်ကားမှုပြု လုပ်ထားသော ပြည်တွင်း၊ ပြည်ပ ပဲကုမ္ပဏီနှင့် ကုန်သည်ပွဲစားများ မှာ ပေးရန်၊ ရရန်ရှိသည်များကို မေလ ၆ရက်နောက်ဆုံးထား၍ ညှိနှိုင်းဖြေရှင်းရေးကုမ္ပဏီသို့ အ ထောက်အထားများနှင့်တကွ လာရောက်တင်ပြရန်ကြေညာချက် ထုတ်ပြန်ထားသည်။

‘‘ဒီပြဿနာကတော့ ပြေ လည်သွားမှာပါ။ အားလုံးဝိုင်းရှင်း နေတဲ့အတွက် အရင်လိုတော့ ဈေး ကွက်ကို မထိခိုက်နိုင်ပါဘူး’’ ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်းမှ အထွေထွေအ တွင်းရေးမှူးဦးမင်းကိုဦးက ပြောသည်။
မိုးသက်ကုမ္ပဏီ၏ ပဲပိုင်ဆိုင် မှုစာရင်းတွင် မတ်ပဲများများနေပြီး ပေးရန်ရှိသည်မှာ ပဲစင်းငုံများ ဖြစ်နေသည့်အတွက် ကုမ္ပဏီအများစုမှာ ပဲအချို့ပြန်ရသည့်တိုင် အစားထိုးပဲများ ဖြစ်နေဦးမည်ဖြစ်သည်။
ပဲလောကတွင် ယခုကဲ့သို့ ငွေကြေးပြဿနာများဖြစ်ရခြင်းသည် ပြဿနာဖြစ်ပေါ်တိုင်း ထိရောက်သော အရေးယူမှုမရှိဘဲ အသင်းနှင့် ကုန်စည်ဒိုင်တို့မှ အသင်းဝင်များအဖြစ် ယာယီရပ်ဆိုင်းခြင်းနှင့် ရာသက်ပန် ထုတ်လိုက်ခြင်းကဲ့သို့ အရေးယူမှုများသာ ဆက်လက်ပြုလုပ်နေမည်ဆို ပါက ငွေကြေးပြဿနာထပ်မံဖြစ် ပေါ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောသည်။ ပဲအရောင်းအ၀ယ်များ ပြု လုပ်ရာတွင် ကြိုရောင်းကြိုဝယ်စ နစ်ဖြင့် မပြုလုပ်ကြရန် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ ပဲအသင်းနှင့်ကုန်စည်  ဒိုင်တို့မှ နှစ်စဉ်ဆက်တိုက်ဆိုသလို ကြေညာချက်များထုတ်ပြန်ခဲ့ကြသည်။
ကြေညာချက်များထုတ်ပြန် ပါကလည်း တစ်ပတ်ခန့်သာလုပ် ဆောင်ပြီး ကျန်အချိန်များတွင်ယခင်ဈေးကွက်ပုံစံအတိုင်း ပြန်လည် ရောင်းဝယ်မှုများပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း ပြည်တွင်းကုန်သည်တစ်ဦး က အိန္ဒိယကုန်သည်များထံမှ ငွေ ကြိုယူထားပြီးအချိန်မီပဲတင်နိုင် ခြင်းမရှိသောကြောင့် ပြည်ပကုန်သည်များက သမ္မတရုံးသို့ပါ တိုင်ကြားစာများ ပို့ခဲ့၍ ဖြေရှင်းမှုများပြုလုပ်ခဲ့ရသေးသည်။

 

No comments:

Post a Comment