Monday, May 26, 2014

အူရီဒူးမြန်မာမှ ဆင်းကတ်များကို ၂၀၁၄ ဇူလိုင်မှ စက်တင်ဘာကာလအတွင်း စတင်ရောင်းချရန် စီစဉ်ထားပြီး လက်ရှိတွင် တာဝါတိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်နေ

Photo: အူရီဒူးမြန်မာမှ ဆင်းကတ်များကို ၂၀၁၄ ဇူလိုင်မှ စက်တင်ဘာကာလအတွင်း စတင်ရောင်းချရန် စီစဉ်ထားပြီး လက်ရှိတွင် တာဝါတိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်နေ
Monday, May 26, 2014

အူရီဒူးမြန်မာမှ ဆင်းကတ်များကို ၂၀၁၄ ဇူလိုင်မှ စက်တင်ဘာလ ကာလအတွင်း စတင်ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်လျက်ရှိပြီး ၁၀၀ ကျော်မှာ တည်ဆောက်ပြီးစီးသွားကြောင်း မေ ၂၅ ရက်က ဆူးလေ-ရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားခဲ့သည်။

“နှစ်ကုန်ပိုင်းမှာတော့ တာဝါတိုင်ပေါင်း ထောင်ချီရှိလာအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တာဝါတိုင် တည်ဆောက်တဲ့ကိစ္စက ရှုပ်ထွေးပါတယ်။ မြေအမျိုးစားဆိုရင် ၁၂ မျိုးလောက် ရှိတယ်။ တာဝါတည်ဆောက်ဖို့အတွက် လျှောက်လွှာတင်ရတာ ရှိတယ်။ တင်ကြတာက ကျွန်တော်တို့တစ်ခုတည်း မဟုတ်ဘူး။ အပြိုင်အဆိုင် အများကြီး တင်ကြတာဖြစ်လို့ မြို့နယ်ရုံးတွေမှာ လျှောက်လွှာတွေ အများကြီး ပုံနေတယ်။ လုပ်ကိုင်ရင်း သင်ယူသွားတာ အခုဆိုရင် တော်တော်သိလာပါပြီ။ တာဝါတည်ဆောက်ရာမှာလည်း အခု အဆင်ပြေလာပါပြီ။ ရန်ကုန်နဲ့ မန္တလေးမှာ ဒေတာစင်တာတွေ တည်ဆောက်ပြီးပါပြီ။ လာမယ့် နှစ်ပတ်လောက်ဆိုရင် နေပြည်တော်က ဒေတာစင်တာလည်း အသင့်ဖြစ်ပါပြီ။ တခြားကွန်ရက်တွေနဲ့ ဖုန်းဆက်သွယ် ခေါ်ဆိုမှုတွေလည်း စမ်းသပ်အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။ 3G ကွန်ရက် ၀န်ဆောင်မှုပေးတဲ့အခါ သူ့ရဲ့အားသာချက်တွေက ဖုန်းခေါ်ဆိုတဲ့အခါ အသံကြည်လင်ပြတ်သားတာ၊ SMS ပို့ရင် လွယ်ကူမြန်ဆန်တာ၊ အားလုံးရဲ့ အိတ်ကပ်ထဲကို အင်တာနက်ရောက်လာမှာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားခဲ့သည်။

တာဝါတိုင်မှာ ၁၀ မီတာပတ်လည် အကျယ်အ၀န်း၊ အနက်မှာ ၂ မီတာခန့်၊ အမြင့်မှာ ၃၀ မီတာမှ အမြင့်ဆုံး ၈၀ မီတာအထိရှိကြောင်း သိရသည်။ တာဝါတိုင်တစ်ခု တည်ဆောက်မှုကုန်ကျစရိတ်မှာ ခေါင်မိုးပေါ်တွင်ဆောက်ရသော တာဝါမှာ ဒေါ်လာ ၁၇၀၀၀ ၀န်းကျင်ခန့်၊ တာဝါတိုင်အကြီးမှာ ဒေါ်လာတစ်သိန်းဝန်းကျင်ခန့် ကုန်ကျမှုရှိကြောင်း သိရသည်။

ဆင်းကတ်တစ်ခုလျှင် ၁၅၀၀ ကျပ်ဝန်းကျင်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကာ မှတ်ပုံတင်လိုအပ်မည်ဟု သိရသည်။ ခေါ်ဆိုခနှုန်းထား၊ အင်တာနက်မြန်နှုန်း စသည့်အခြားအသေးစိတ် အချက်အလက်များကိုမူ ရောင်းချခါနီးအချိန် ရောက်မှသာ ထုတ်ပြန်နိုင်မည်ဖြစ်သည်။  

မေ ၂၅ ရက်ကပြုလုပ်ခဲ့သည့် Ooredoo ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို တွေ့ရစဉ်
Eleven Media Group
အူရီဒူးမြန်မာမှ ဆင်းကတ်များကို ၂၀၁၄ ဇူလိုင်မှ စက်တင်ဘာလ ကာလအတွင်း စတင်ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၄၀၀ ကျော် တည်ဆောက်လျက်ရှိပြီး ၁၀၀ ကျော်မှာ တည်ဆောက်ပြီးစီးသွားကြောင်း မေ ၂၅ ရက်က ဆူးလေ-ရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားခဲ့သည်။

“နှစ်ကုန်ပိုင်းမှာတော့ တာဝါတိုင်ပေါင်း ထောင်ချီရှိလာအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တာဝါတိုင် တည်ဆောက်တဲ့ကိစ္စက ရှုပ်ထွေးပါတယ်။ မြေအမျိုးစားဆိုရင် ၁၂ မျိုးလောက် ရှိတယ်။ တာဝါတည်ဆောက်ဖို့အတွက် လျှောက်လွှာတင်ရတာ ရှိတယ်။ တင်ကြတာက ကျွန်တော်တို့တစ်ခုတည်း
မဟုတ်ဘူး။ အပြိုင်အဆိုင် အများကြီး တင်ကြတာဖြစ်လို့ မြို့နယ်ရုံးတွေမှာ လျှောက်လွှာတွေ အများကြီး ပုံနေတယ်။ လုပ်ကိုင်ရင်း သင်ယူသွားတာ အခုဆိုရင် တော်တော်သိလာပါပြီ။ တာဝါတည်ဆောက်ရာမှာလည်း အခု အဆင်ပြေလာပါပြီ။ ရန်ကုန်နဲ့ မန္တလေးမှာ ဒေတာစင်တာတွေ တည်ဆောက်ပြီးပါပြီ။ လာမယ့် နှစ်ပတ်လောက်ဆိုရင် နေပြည်တော်က ဒေတာစင်တာလည်း အသင့်ဖြစ်ပါပြီ။ တခြားကွန်ရက်တွေနဲ့ ဖုန်းဆက်သွယ် ခေါ်ဆိုမှုတွေလည်း စမ်းသပ်အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။ 3G ကွန်ရက် ၀န်ဆောင်မှုပေးတဲ့အခါ သူ့ရဲ့အားသာချက်တွေက ဖုန်းခေါ်ဆိုတဲ့အခါ အသံကြည်လင်ပြတ်သားတာ၊ SMS ပို့ရင် လွယ်ကူမြန်ဆန်တာ၊ အားလုံးရဲ့ အိတ်ကပ်ထဲကို အင်တာနက်ရောက်လာမှာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားခဲ့သည်။

တာဝါတိုင်မှာ ၁၀ မီတာပတ်လည် အကျယ်အ၀န်း၊ အနက်မှာ ၂ မီတာခန့်၊ အမြင့်မှာ ၃၀ မီတာမှ အမြင့်ဆုံး ၈၀ မီတာအထိရှိကြောင်း သိရသည်။ တာဝါတိုင်တစ်ခု တည်ဆောက်မှုကုန်ကျစရိတ်မှာ ခေါင်မိုးပေါ်တွင်ဆောက်ရသော တာဝါမှာ ဒေါ်လာ ၁၇၀၀၀ ၀န်းကျင်ခန့်၊ တာဝါတိုင်အကြီးမှာ ဒေါ်လာတစ်သိန်းဝန်းကျင်ခန့် ကုန်ကျမှုရှိကြောင်း သိရသည်။

ဆင်းကတ်တစ်ခုလျှင် ၁၅၀၀ ကျပ်ဝန်းကျင်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကာ မှတ်ပုံတင်လိုအပ်မည်ဟု သိရသည်။ ခေါ်ဆိုခနှုန်းထား၊ အင်တာနက်မြန်နှုန်း စသည့်အခြားအသေးစိတ် အချက်အလက်များကိုမူ ရောင်းချခါနီးအချိန် ရောက်မှသာ ထုတ်ပြန်နိုင်မည်ဖြစ်သည်။ 

မေ ၂၅ ရက်ကပြုလုပ်ခဲ့သည့် Ooredoo ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment