Sunday, May 18, 2014

ယခင်အစိုးရ အမှားများလုပ်ခဲ့သည်ကိုဝန်ခံသော်လည်း တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ခဲ့ခြင်းသာဖြစ်ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးပြော

ရန်ကုန်၊ မေ ၁၆- ယခင်တပ်မ တော်အစိုးရအနေဖြင့် အမှားများ ဆောင်ရွက်ခဲ့ သည်ကို ဝန်ခံလိုသော် လည်း အစိုးရအနေဖြင့် တိုင်းပြည်အ တွက် အကောင်းဆုံးလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ယခင်အစိုးရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်အဖြစ်ဆောင်ရွက် ခဲ့သူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောကြား သည်။
မေ ၁၆ရက်မွန်းလွဲပိုင်းက ရန် ကုန်မြို့ ဆမ်းမစ်ပတ်ဗျူးဟိုတယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်နှင့် သတင်းမီဒီယာ အဖွဲ့အစည်း များမှ အမှုဆောင်များတွေ့ဆုံရာ တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
''အချို့က ကျွန်တော်တို့ကို တောင်းပန်စေချင်တယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် အကောင်းဆုံးလုပ်
ခဲ့ကြတာပါ။ မှားတာတွေလဲရှိပါ တယ်။ ၁၉၈၈တပ်မတော်အာဏာ သိမ်းခဲ့ရတာကလဲ အဲဒီတုန်းက မြန်မာ့ ရေပိုင်နက်ထဲမှာ နိုင်ငံခြား စစ်သင်္ဘော တွေရောက်နေတယ်။ ကုန်သွယ်ရေး ရုံးမှာဖြစ်တဲ့ကိစ္စဆို လုံခြုံရေးယူထား တဲ့တပ်က လက်နက်တွေ ချပေးဖို့အ မိန့်ပေးရတာအထိရှိတယ်။ အရှေ့ မြောက်ဘက်မှာ တိုက်ပွဲတွေအကြီး အကျယ်ဖြစ်နေတယ်။ ကျွန်တော်တို့ ကိုတောင်း ပန်စေချင်တဲ့သူတွေကို ကျွန် တော်ပြန်ပြောခဲ့ပါတယ်။ အဲဒီတုန်း က အခြေအနေ၊ သတင်းအချက်အ လက်(ဒေတာ)တွေကို သွင်းပြီး တပ် မတော်က အာဏာမသိမ်းခဲ့ရင်ဆိုပြီး ကွန်ပျူတာဆင်မြူလေးရှင်းလုပ် ကြည့်ကြပါ။ ဘာအဖြေထွက်မလဲ ဆိုတာတွေ့ရပါလိမ့်မယ်လို့''ဟု အငြိမ်း စားဗိုလ်ချုပ်ကြီး ဦးတင်အေးက ဆက်လက်ပြောဆိုသည်။
၂၀၁ဝရွေး ကောက်ပွဲတွင် ဥပ ဒေပိုင်းဆိုင်ရာအားနည်းချက်၊ ဥပ ဒေလေးစားလိုက်နာမှုအားနည်းချက် များရှိခဲ့ကြောင်းနှင့် ထိုအားနည်းချက် များကို ပြုပြင်ပြီးလာမည့်ရွေးကောက် ပွဲများကို အကောင်း ဆုံးဖြစ်အောင် ပြုလုပ်ကျင်း ပပေးရန်ရည်မှန်း ထားကြောင်းလည်း ဦးတင်အေးကပြော သည်။
''အခုဆွေးနွေးနေတဲ့နည်းဥပ ဒေအသစ်ကို ပါတီတွေရဲ့ဆန္ဒခံယူ မယ်။ ဒီမိုကရေစီဆိုတဲ့အတိုင်းအ များဆန္ဒကို အလေးထားမယ်။ ၁၀၀ မှာ ၆ဝက သဘောတူရင်ဆက်လုပ် မယ်။ အများက သဘောမတူဘူး ဆိုရင် လဲ ၁၉၉၀-၂၀၁ဝအတွင်း ကျင့်သုံးခဲ့ တဲ့နည်းဥပဒေအဟောင်းအတိုင်းပဲ ဆက်သွားတာပေါ့''ဟု ဦးတင်အေး က ရှင်းပြသည်။
''ပါတီခေါင်းဆောင်တွေကို မဲ ဆွယ်စည်းရုံးခွင့်မပြုဘူးဆိုတာ မ ဟုတ်ပါဘူး။ အရွေးချယ်ခံမယ့်ကိုယ် စားလှယ်လောင်းက မည်သူ့ကိုမဆို သူရဲ့ရွေးကောက်ပွဲကိုယ်စားလှယ် အဖြစ် တင်သွင်းခွင့်ရှိပါတယ်။ကိုယ် စားလှယ်တစ်ဦးဟာ ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း တစ်ယောက်မ ကကို ကိုယ်စားပြုနိုင်ပါတယ်''ဟု ဦးတင်အေးက ဆိုသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီအဖွဲ့ဝင်ဆရာဦးသီဟစောက ''လော လောဆယ်မှာထုတ်တဲ့ ဥပဒေနည်း ဥပဒေ ကို ပြန်ပြီးအဓိပ္ပာယ်ဖွင့်တဲ့အ ခါမှာနားလည်မှုလွဲတာတွေရှိတယ်။ ပွင့်ပွင့် လင်းလင်းပြောရင် ဒေါ်အောင် ဆန်းစုကြည်က တစ်နေရာ ပဲမဲဆွယ် ခွင့်ရှိမှာလား။ ကျန်တဲ့နေရာတွေမဲ ဆွယ်ခွင့်မရှိဘူးလား။ အဲဒါမျိုးတွေ မီဒီယာသမားတွေက မေးကြတယ်။ သူကစနစ်တကျရှင်းပြတယ်။ အဲလို မဟုတ်ဘူး။ ဒီတစ်လအတွင်းမှာ သူ က ဆယ်နေရာသွားရင်သွားမယ်။ သူ က ကွမ်းခြံ ကုန်းမှာဟောပြောမယ်။မြိတ်မှာဟောပြောမယ်။ အဲလိုဟော ပြောခွင့်မရှိဘူးဆို တဲ့ကိစ္စမဟုတ်ဘူး။ ဟောပြောခွင့် ရှိတယ်''ဟု ပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၊ မြန် မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန် မာနိုင်ငံစာနယ်ဇင်း ကွန်ရက်နှင့် မြန် မာနိုင်ငံစာနယ်ဇင်းသမဂ္ဂတို့မှ ဥက္က ဋ္ဌနှင့် အမှုဆောင်များတက်ရောက် ခဲ့ကြသည်။

Yangon Media Group

No comments:

Post a Comment