MOI Webportal Myanmar
Thursday, May 8, 2014
ခင်ဦးမြို့နယ်၌ မိုးကြိုးထိမှန်၍ လူတစ်ဦးနှင့် ဆိတ်(၁၅)ကောင် သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊
ကဘွက်ကျေးရွာအုပ်စု၊ ကြည်ပြုံးကျေးရွာတွင် မေလ(၇)ရက်နေ့ ညနေ(၄)နာရီခွဲခန့် က
မိုးရွာနေစဉ် နေအိမ်အတွင်းရှိ
ဒေါ်ထွေးညို(ဘ)ဦးဘအေး ၊အသက်(၄၁)နှစ်အား မိုးကြိုးပစ်ရာ မိုးကြိုးထိမှန်၍
ချက်ချင်းသေးဆုံးခဲ့ပြီး ၎င်း၏အိမ်ခြံဝင်းအတွင်းရှိ ဆိတ်(၁၅)ကောင်မှာလည်း
မိုးကြိုးထိမှန် သေဆုံးခဲ့သည်။ အဆိုပါ ဆိတ်(၁၅)ကောင်၏ ကာလတန်ဘိုးမှာ (၁၀)သိန်း(၅)သောင်းကျပ် ဆုံးရှုံးခဲ့သည်။မိုးကြိုးထိမှန်သေဆုံးသူ ဒေါ်ထွေးညိုအား ရွာစဉ်တိုက်နယ် ဆေးရုံသို့
ပို့ဆောင်ခဲ့ပြီး ခင်ဦးရဲစခန်းမှ သေမှုသေခင်းဖွင့်ထားကြောင်း သိရှိရသည်။
MOI Webportal Myanmar
MOI Webportal Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment