Tuesday, May 27, 2014

အမြန်လမ်းပေါ်၌ခရီးသည်တင်ယာဉ်များကို ရက်အကန့်သတ်မရှိစစ်ဆေး

Photo: အမြန်လမ်းပေါ်၌ခရီးသည်တင်ယာဉ်များကို ရက်အကန့်သတ်မရှိစစ်ဆေး
Tuesday, May 27, 2014

အမြန်လမ်းပေါ်၌ အဝေးပြေး ခရီးသည်တင်ယာဉ်များကိုယခုလ ၂၄ ရက်မှစတင်ကာ ရက်အကန့် အသတ်မရှိစစ်ဆေးအရေးယူမှုများ
ပြုလုပ်နေကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ စစ်ဆေးရာတွင် ပါဝင်သူတစ်ဦးကပြောသည်။
ယခုအခါ ပညာပေးကာလပြီး ဆုံးသွားပြီဖြစ်၍ဖမ်းဆီးအရေးယူမှု ကာလကို စတင်နေပြီဖြစ်သည်။

''အမြန်လမ်းပေါ်မှာ ယာဉ် မတော်တဆမှုတွေ လျော့နည်း ပပျောက်ဖို့အတွက်ကတော့ ခုလို စစ်ဆေးမှုတွေရော၊ တခြားလမ်း ပိုင်းပြုပြင်တာတွေရော နည်းမျိုး စုံနဲ့ အရှိန်အဟုန်မြှင့်လုပ်ဆောင် သွားကြဖို့ကတော့ အများကြီးရှိပါ တယ်''ဟု နေပြည်တော် ကညနမှ ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်က ပြောသည်။
အဆိုပါ အဝေးပြေးခရီးသည် ယာဉ်များကို စစ်ဆေးရာတွင် သက်တမ်းရှိ မော်တော်ယာဉ် သက်သေခံလက်မှတ်တင်ပြနိုင်မှု၊ ယာဉ်၏အစိတ်အပိုင်းများ ကောင်း မွန်စွာအလုပ်လုပ် သုံးစွဲနိုင်မှု၊ ယာဉ်၏ကိုယ်ထည်ကြံ့ခိုင်ကောင်း မွန်မှု၊ တာယာများကောင်းမွန် ကြံ့ခိုင်မှု၊ သတ်မှတ်လူစီးထိုင်ခုံ အရေအတွက်ထက်ပိုမိုတင်ဆောင် မှု၊ ခရီးသည်အရေအတွက်နှင့် ကုန်ပစ္စည်းတင်ဆောင်မှုနှင့် သတ် မှတ်ချက်များကိုက်ညီမှု၊ သတ်မှတ် ထားသည့်အတိုင်း မီးသတ်ဆေး ဘူးများတပ်ဆင်ထားမှု၊ အရေး ပေါ်ထွက်ပေါက်ပါရှိပြီး အသုံးပြု နိုင်မှု၊ မိုးရွာသည့်အခါ ရေသုတ်တံ များကောင်းမွန်စွာအသုံးပြုနိုင်မှု၊ သတ်မှတ်ရောင်ပြန်ပြားများ တပ် ဆင်ထားမှု၊ ယာဉ်ရပ်နားစဉ်တွင် အသုံးပြုသည့်တြိဂံရောင်ပြန်နှင့် အရေးပေါ်အချိန်တွင် အသုံးပြု နိုင်ရန်မှန်ခွဲသည့် တူ၊ ပုဆိန် စသည်တို့ ပြည့်စုံစွာရှိမရှိ တို့ကို စစ်ဆေးခဲ့သည်။

ထို့အပြင် ယာဉ်မောင်းကိုစစ် ဆေးရာတွင်လည်း(၁) သက်တမ်း ရှိ'င'ယာဉ်မောင်းလိုင်စင် (၂)အရန် ယာဉ်မောင်း (၃) ယာဉ်နောက် လိုက်/ယာဉ်အကူ(၄) ယာဉ်နောက် လိုက်/ယာဉ်အကူတွင်သက်တမ်း ရှိ ယာဉ်နောက်လိုက်လက်မှတ် (၅) သတ်မှတ်ထားသည့်သက်တမ်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင် စင် (၆)ယာဉ်မောင်းများ အရက် သေစာသောက်စားထားမှု၊ မူးယစ် ဆေးဝါးသုံးစွဲထားမှု၊ (၇) အသက် ကယ်ထိုင်ခုံခါးပတ်များ တပ်ဆင် ထားရှိရန်နှင့် ခရီးမထွက်ခွာမီ ခါး ပတ်ပတ်ပြီးဖြစ်စေရန်နှင့် ယာဉ် အတွက်တာဝန်ရှိသူများက ဆောင် ရွက်ထားမှုရှိမရှိ တို့ကိုစစ်ဆေး ခဲ့ကြသည်။

လက်ရှိတွင်စစ်ဆေးမှုများအရ သတ်မှတ်ချက်များနှင့် မကိုက်ညီ သဖြင့် ဂိတ်သို့ပြန်လှည့်ခိုင်းပြီးခရီး သည်များကို ကားပြောင်းစီစဉ်ပေး ရမှုများရှိနေကြောင်းသိရသည်။

The Union Daily 

No comments:

Post a Comment