Sunday, May 25, 2014

အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ၅၉(စ) ကို လက်ရှိအချိန်ထိမဆွေးနွေးရသေး


ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် အရေးကြီးသည့်အကြောင်း အရာများကို ပြင်ဆင်နိုင်ရန် ဦး စားပေးဆွေးနွေးရမည့်မူ ချမှတ် ထားသော်လည်း နိုင်ငံတော်သမ္မ တအရည်အချင်းသတ်မှတ်ချက် တစ်ခုဖြစ်သော ပုဒ်မ ၅၉(စ)ကို လက်ရှိအချိန်ထိ မဆွေးနွေးရသေးကြောင်း ကော်မတီအဖွဲ့ဝင် အချို့ထံမှ သတင်းရရှိသည်။ လက်ရှိအချိန်ထိ ကော်မတီ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့်ပုဒ်မပေါင်း ၅၀နီး ပါးဆွေးနွေးပြီးဖြစ်သော်လည်း ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် ဆွေးနွေးနိုင်သည့်အခြေအနေ မ ရောက်သေးကြောင်း ကော်မတီ အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်နိုင်ရေးအကောင် အထည်ဖော်မှုကော်မတီ၏ အ စည်းအဝေးတွင် ပုဒ်မ၄၃၆ကိုပြင် ဆင်ရန် လွှတ်တော်သို့ တင်ပြရာတွင် ထည့်သွင်းသင့်ကြောင်း အဆိုပြုထားသည့် ပုဒ်မတစ်ခု ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအ ၀ိုင်းက ထောက်ပြထားသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူး ပေါင်းကာ လူထုဟောပြောပွဲများ ပြုလုပ်မည်ဖြစ်ပြီး ပြည်သူလူထု ထံမှ ပုဒ်မ ၄၃၆ကို ပြင်ဆင်လို ကြောင်း ဆန္ဒပြုသည့်လက်မှတ် ရေးထိုးလှုပ်ရှားမှုတစ်ရပ်လည်း ပြုလုပ်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၄၃၆အရ နိုင်ငံတော်သမ္မတအ ရည်အချင်းသတ်မှတ်ချက်အပါ အ၀င် ဒီမိုကရက်တစ်စံနှုန်းနှင့်မ ကိုက်ညီသော အချက်များကိုပြင် ဆင်ရာတွင် ပြည်ထောင်စုလွှတ် တော်အတွင်းရှိ လွှတ်တော်ကိုယ် စားလှယ်များ၏ ၇၅ရာခိုင်နှုန်း ကျော်က သဘောတူရမည်ဖြစ် ကာ လွှတ်တော်ပြင်ပတွင်လည်း လူထုဆန္ဒခံယူပွဲကိုပါ ကျင်းပရ မည့်အဆင့်များကို ဖြတ်ကျော်ရ မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်ခွင့် ကန့် သတ်ထားသည့် ပုဒ်မ ၅၉(စ) ပြင်ဆင်ပေးရန်အတွက် ရန်ကုန်အပါအ၀င် မြို့ကြီးအချို့တွင် ငြိမ်း ချမ်းစွာစီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ခြင်းများကို ပြီးခဲ့သည့် လပိုင်းများအတွင်း ပြုလုပ်ခဲ့သည် များရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင် ရေးအကောင်အထည်ဖော်မှု ကော်မတီတွင် အဖွဲ့ဝင်၃၁ဦးပါ ၀င်ရာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များအများဆုံး ပါဝင်နေ သည်။
ကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုင် ရာ ဥပဒေကြမ်းကို ၂၀၁၅ရွေး ကောက်ပွဲမတိုင်မီခြောက်လအ လိုတွင် ပြည်ထောင်စုလွှတ်တော် သို့ တင်ပြရမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment