Tuesday, May 20, 2014

ဆိုင်ကယ်ချင်းကပ်ပြီး ဆွဲကြိုးလုယူ ထွက်ပြေး

မန္တလေးမြို့ ၊ ချမ်းမြသာစည် မြို့နယ် အတွင်း အမျိုးသား တစ်ဦးက ဆိုင်ကယ်ချင်း ကပ်လိုက်ပြီး အမျိုးသမီး ၏ လည်ပင်းမှ ဆွဲကြိုးကို လုယူ ထွက်ပြေးမှု ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ မေလ ၁၄ ရက် ညနေ ၃ နာရီခွဲက မန္တလေး ၊ ချမ်းမြသာစည် မြို့နယ် ၆၂x၆၃ လမ်းကြား တွင် သိပ္ပံလမ်း အနောက်မှ အရှေ့သို့ ဒေါ်မြင့်မြင့်မော် ( ကျောက်ဆည်မြို့ နေသူ ) မောင်းနှင်ပြီး နောက်မ မကြူကြူ ( ကောလင်းမြို့ နေသူ ) လိုက်ပါလာသော ဆိုင်ကယ်ကို တခြား ဆိုင်ကယ် စီးလာသည့် အမျိုးသား တစ်ဦးက အနီးကပ်လာပြီး ဒေါ်မြင့်မြင့်မော် ၏ လည်ပင်းတွင် ဆွဲထားသော မိုးရေစက်ပုံ ဆွဲသီး တစ်ခုပါ
အလေးချိန် နှစ်ကျပ်သားခန့် ရှိ ရွှေဆွဲကြိုး တစ်ကုံး ဒေသတန်ဖိုး ငွေကျပ် သိန်း ၂၀ ခန့်ကို လုယူ ထွက်ပြေး သွားသဖြင့် မေလ ၁၅ ရက်က ဒေါ်မြင့်မြင့်မော် က တိုင်တန်း၍ နယ်မြေ ရဲစခန်း ( အမှတ်-၁၁ ) က (ပ) ၃၂၈/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ( ၀၄၂)

Yadanarpondaily

No comments:

Post a Comment