Tuesday, May 20, 2014

သမ္မတဖြစ်ဖို့အရေး တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသောဒေါ်စု

Photo: သမ္မတဖြစ်ဖို့အရေး တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသောဒေါ်စု
Tuesday, May 20, 2014 

ဒေါ်စုခေါင်းဆောင်တဲ့ NLDပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာကြတော့ ပြည်သူ တစ်ယောက်အနေနဲ့ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဘာကြောင့် ၀မ်းသာမိရသလဲဆိုရင် အရင်တုန်းကစစ်အစိုးရ လုပ်သမျှအမြဲတမ်း ဆန့်ကျင်နေတဲ့ သူတစ်ယောက် လွှတ်တော်ထဲ ရောက်သွားတာ ဘယ်သူဝမ်းမသာပဲရှိပါ့မလဲ။ ဒါဟာ နိုင်ငံတော်အတွက် ၀မ်းသာရခြင်းပါ။ ဒေါ်စုရဲ့NLD ပါတီအနေနဲ့ တရားဝင်ပါတီ အဖြစ် ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ဘဲ နေခဲ့ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို မ၀င်ဘဲ နေခဲ့ပါတယ်။

 နောက်ကျမှ ပါတီကို တရားဝင် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံတာတွေကြောင့် လွှတ်တော်ထဲကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် ၂၀၀၈ ခုနှစ် ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့်ဘဲ လွတ်တော်တွေ ၊ ပါတီတွေ ၊ အစိုးရတွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို စတင်အရောင်တင်နိုင်ခဲ့တာပါ။ ဒီဖွဲ့စည်းပုံကြောင့်ဘဲ ဒေါ်စုတစ်ယောက် လွတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဒေါ်စုဟာ သမ္မတ ဖြစ်ချင်လာတော့ အခုအခါမှာ ဒီဖွဲ့စည်းပုံကိုဘဲ အဟန့်အတားတစ်ခုအဖြစ် မြင်လာပြန်ပါတယ်။ 

၂၀၁၅ မှာ ဒေါ်စုဟာ သမ္မတ ဖြစ်ချင်ပါတယ်။ သမ္မတဖြစ်မှ လုပ်ချင်တာတွေ စိတ်တိုင်းကျ လုပ်လို့ရမယ်ဆိုတဲ့ အတ္တစွဲကြောင့် သမ္မတဖြစ်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ အရာတွေ အားလုံးကို ဖယ်ရှားဖို့ ပြုလုပ် လာခဲ့ပါတယ်။ ထိပ်တိုက်တွေ့နေတာကတော့ ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပဲ။ ဒီဥပဒေထဲက ပုဒ်မ ၅၉(စ)ဟာ ဒေါ်စုကို တိုက်ရိုက်ထိမှန်နေတာကြောင့် ဒါကို မဖြစ်မနေ ပြင်ရမယ် ၊ လိုအပ်လာရင် အသစ်ရေးဆွဲ ရမယ်ဆိုပြီး ကြွေးကြော်မှု့တွေ ပြုလုပ်လာခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ဆိုတာ မကန့်ကွက်လိုပါဘူး။ ဒါပေမယ် ပြင်ဖို့လိုတဲ့ အချက်တွေကို ပြင်မယ်ဆိုရင်လည်း တရားနည်းလမ်းတကျ ပြင်ဖို့လိုအပ်ပါတယ်။ 

လွတ်တော်အတွင်းမှာ ဒီဥပဒေနဲ့ ပက်သတ်ပြီး ပြင်ဆင်ဖို့ လုပ်ဆောင် နေပါလျက် ပြည်သူလူထုရှေ့ မျက်နှာထွက်ပြပြီး ပြောချင်ရာ ပြောနေတာကတော့ အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ခုတုံးလုပ်ပြီး ဆူပူမှု့တွေ ဖန်တီးနေသလိုပါပဲ။ အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးနေသလို ၊ ပြည်သူနဲ့ တပ်မတော်သားတွေ ကို ရန်တိုက်ပေးနေတာဟာ တည်ငြိမ်အေးချမ်းမှု့ကို ပျက်ပြားအောင် လုပ်နေတာဘဲ ဖြစ်ပါတယ်။ ဒေါ်စုရဲ့ လုပ်ရပ်ဟာ ပြည်သူလူထုရဲ့ တည်ငြိမ် အေးချမ်းမှု့တွေ ပျက်ပြားပြီး ဆင်းရဲသားတွေရဲ့ မကျေနပ်ချက်တွေ ပေါက်ကွဲအောင် ပြု လုပ်နေတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလိုမျိုး လူတွေစုပြုံပြီး လမ်းပေါ်ရောက်လာခဲ့ရင် ချမ်းသာတဲ့ ထိုင်းနိုင်ငံအနေနဲ့ သိပ်မသိသာပေမယ်လည်း ဆင်းရဲနေတဲ့ မြန်မာနိုင်ငံအနေနဲ့ကတော့ မတွေးဝံ့စရာပါ။ 

အမှန်အတိုင်း မြင်တာကို ပြောရရင် မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟာ ပြည်သူတွေအတွက် လတ်တလော အရေးတကြီး လိုအပ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်လိုအပ် နေတာက ပြည်တွင်း စစ်တွေ ငြိမ်းချမ်းဖို့ ၊ ပြည်သူတွေ အလုပ်အကိုင်တွေ အများကြီးရပြီး မိသားစုအလိုက် ၀င်ငွေတွေ အများကြီး ရရှိဖို့က အဓိကပါ။ ပြည်သူတွေ ချမ်းသာဖို့ကသာ လတ်တလော ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ပါတယ်။ ဒေါ်စုတစ်ယောက်သာ ၂၀၁၅မှာ သမ္မတဖြစ်ချင်လွန်းလို့ ဒီဥပဒေကို အသည်းအသန် လိုက်ပြင်နေတာပဲ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံကို ဖိအားပေးဖို့ တောင်းဆို ခဲ့သလို အခုပြည်တွင်းမှာလည်း ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကြီးကြီးမားမား လုပ်ဆောင်နေပါတယ်။ ပြောရမယ် ဆိုရင် ဒေါ်စုဟာ သူ့ကိုယ်သူ အရမ်းအထင်ကြီးလွန်းနေပါတယ်။ 

သူ့သမ္မတဖြစ်မှဘဲ မြန်မာနိုင်ငံကြီး နေ့ချင်းညချင်း ကြီးပွားချမ်းသာလာတော့ မလိုလို သွေးနားထင်ရောက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာယဉ်ကျေးမူနဲ့ ဆန့်ကျင်ပြီး နိုင်ငံခြားသားကို လင်တော်ထားသူ၊ သားသမီးတွေက နိုင်ငံခြား တိုင်းပြည်မှာ နေပြီး နိုင်ငံခြား အစိုးရအပေါ် သစ္စာခံထားသူ၊ ပြောရရင်တော့ အမျိုးမစစ်သူ ၊ အမျိုးမချစ်သူ တစ်ယောက်က မြန်မာနိုင်ငံရဲ့ သမ္မတရာထူးနဲ့ ထိုက်တန်ရဲ့လား ? ပေးသင့်ရဲ့လား? ဒါအပြင် စည်းမရှိ၊ ကမ်းမရှိ ကိုယ်သမ္မတ ဖြစ်ဖို့ ပြည်သူထောက်ခံမှု့ရဖို့ တခြားပါတီ ၊ အဖွဲ့အစည်းတွေကို ပုတ်ခတ် ၊ ပါးစပ်ထဲ တွေ့ကရာ လျောက်ပြောတက်တဲ့ သူကို နိုင်ငံတော် လုံခြုံရေးအတွက် ဘယ်လိုလုပ်ပြီး ယုံကြည်အားကိုး ရမလဲဆိုတာ ကိုတော့ သိစေချင်ပါသည်။ 

မရေရာ မသေချာတဲ့ အနာဂတ်အတွက်နဲ့တော့ လက်ရှိလှုပ်ရှား သွားလာနေတဲ့ ဒီမိုကရေစီ ခြေလှမ်းတွေကို မကူညီချင်နေပါ ၊ အနှောက်အယှက်ဖြစ်အောင်၊ ပျက်ပြား သွားအောင်တော့ မလုပ်စေချင်ပါဘူး။ အဲလိုလုပ်ဖို့ ကြိုးစားနေတာဟာ ငါသမ္မတဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် တိုင်းပြည် ဘာဖြစ်ဖြစ်ဆိုပြီး ဒီမိုကရေစီလမ်းကြောင်းကို နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားနေတာပဲ ဖြစ်တယ်ဆိုတာ သိစေချင်ပါသည်။

ပေါက်စ

Mansuper 
 ဒေါ်စုခေါင်းဆောင်တဲ့ NLDပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာကြတော့ ပြည်သူ တစ်ယောက်အနေနဲ့ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဘာကြောင့် ၀မ်းသာမိရသလဲဆိုရင် အရင်တုန်းကစစ်အစိုးရ လုပ်သမျှအမြဲတမ်း ဆန့်ကျင်နေတဲ့ သူတစ်ယောက် လွှတ်တော်ထဲ ရောက်သွားတာ ဘယ်သူဝမ်းမသာပဲရှိပါ့မလဲ။ ဒါဟာ နိုင်ငံတော်အတွက် ၀မ်းသာရခြင်းပါ။ ဒေါ်စုရဲ့NLD ပါတီအနေနဲ့ တရားဝင်ပါတီ အဖြစ် ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ဘဲ နေခဲ့ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို မ၀င်ဘဲ နေခဲ့ပါတယ်။

နောက်ကျမှ ပါတီကို တရားဝင် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံတာတွေကြောင့် လွှတ်တော်ထဲကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် ၂၀၀၈ ခုနှစ် ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့်ဘဲ လွတ်တော်တွေ ၊ ပါတီတွေ ၊ အစိုးရတွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို စတင်အရောင်တင်နိုင်ခဲ့တာပါ။ ဒီဖွဲ့စည်းပုံကြောင့်ဘဲ ဒေါ်စု တစ်ယောက် လွတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဒေါ်စုဟာ သမ္မတ ဖြစ်ချင်လာတော့ အခုအခါမှာ ဒီဖွဲ့စည်းပုံကိုဘဲ အဟန့်အတားတစ်ခုအဖြစ် မြင်လာပြန်ပါတယ်။

၂၀၁၅ မှာ ဒေါ်စုဟာ သမ္မတ ဖြစ်ချင်ပါတယ်။ သမ္မတဖြစ်မှ လုပ်ချင်တာတွေ စိတ်တိုင်းကျ လုပ်လို့ရမယ် ဆိုတဲ့ အတ္တစွဲကြောင့် သမ္မတဖြစ်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ အရာတွေ အားလုံးကို ဖယ်ရှားဖို့ ပြုလုပ် လာခဲ့ပါတယ်။ ထိပ်တိုက်တွေ့နေတာကတော့ ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပဲ။ ဒီဥပဒေထဲက ပုဒ်မ ၅၉(စ)ဟာ ဒေါ်စုကို တိုက်ရိုက်ထိမှန်နေတာကြောင့် ဒါကို မဖြစ်မနေ ပြင် ရမယ် ၊ လိုအပ်လာရင် အသစ်ရေးဆွဲ ရမယ်ဆိုပြီး ကြွေးကြော်မှု့တွေ ပြုလုပ်လာခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ဆိုတာ မကန့်ကွက်လိုပါဘူး။ ဒါပေမယ် ပြင်ဖို့လိုတဲ့ အချက်တွေကို ပြင်မယ်ဆိုရင်လည်း တရားနည်းလမ်းတကျ ပြင်ဖို့လိုအပ်ပါတယ်။

လွတ်တော်အတွင်းမှာ ဒီဥပဒေနဲ့ ပက်သတ်ပြီး ပြင်ဆင်ဖို့ လုပ်ဆောင် နေပါလျက် ပြည်သူလူထုရှေ့ မျက်နှာထွက်ပြပြီး ပြောချင်ရာ ပြောနေတာကတော့ အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ခုတုံးလုပ်ပြီး ဆူပူမှု့တွေ ဖန်တီးနေသလိုပါပဲ။ အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးနေသလို ၊ ပြည်သူနဲ့ တပ်မတော်သားတွေ ကို ရန်တိုက်ပေးနေတာဟာ တည်ငြိမ်အေးချမ်းမှု့ကို ပျက်ပြားအောင် လုပ်နေတာဘဲ ဖြစ်ပါတယ်။ ဒေါ်စုရဲ့ လုပ်ရပ်ဟာ ပြည်သူလူထုရဲ့ တည်ငြိမ် အေးချမ်းမှု့တွေ ပျက်ပြားပြီး ဆင်းရဲသားတွေရဲ့ မကျေနပ်ချက်တွေ ပေါက်ကွဲအောင် ပြု လုပ်နေတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလိုမျိုး လူတွေစုပြုံပြီး လမ်းပေါ်ရောက်လာခဲ့ရင် ချမ်းသာတဲ့ ထိုင်းနိုင်ငံအနေနဲ့ သိပ်မသိသာပေမယ်လည်း ဆင်းရဲနေတဲ့ မြန်မာနိုင်ငံအနေနဲ့ကတော့ မတွေးဝံ့စရာပါ။

အမှန်အတိုင်း မြင်တာကို ပြောရရင် မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟာ ပြည်သူတွေအတွက် လတ်တလော အရေးတကြီး လိုအပ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်လိုအပ် နေတာက ပြည်တွင်း စစ်တွေ ငြိမ်းချမ်းဖို့ ၊ ပြည်သူတွေ အလုပ်အကိုင်တွေ အများကြီးရပြီး မိသားစုအလိုက် ၀င်ငွေတွေ အများကြီး ရရှိဖို့က အဓိကပါ။ ပြည်သူတွေ ချမ်းသာဖို့ကသာ လတ်တလော ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ပါတယ်။ ဒေါ်စုတစ်ယောက်သာ ၂၀၁၅မှာ သမ္မတဖြစ်ချင်လွန်းလို့ ဒီဥပဒေကို အသည်းအသန် လိုက်ပြင်နေတာပဲ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံကို ဖိအားပေးဖို့ တောင်းဆို ခဲ့သလို အခုပြည်တွင်းမှာလည်း ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကြီးကြီးမားမား လုပ်ဆောင်နေပါတယ်။ ပြောရမယ် ဆိုရင် ဒေါ်စုဟာ သူ့ကိုယ်သူ အရမ်းအထင်ကြီးလွန်းနေပါတယ်။

သူ့သမ္မတဖြစ်မှဘဲ မြန်မာနိုင်ငံကြီး နေ့ချင်းညချင်း ကြီးပွားချမ်းသာလာတော့ မလိုလို သွေး နားထင်ရောက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာယဉ်ကျေးမူနဲ့ ဆန့်ကျင်ပြီး နိုင်ငံခြားသားကို လင်တော်ထားသူ၊ သားသမီးတွေက နိုင်ငံခြား တိုင်းပြည်မှာ နေပြီး နိုင်ငံခြား အစိုးရအပေါ် သစ္စာ ခံထားသူ၊ ပြောရရင်တော့ အမျိုးမစစ်သူ ၊ အမျိုးမချစ်သူ တစ်ယောက်က မြန်မာနိုင်ငံရဲ့ သမ္မတရာထူးနဲ့ ထိုက်တန်ရဲ့လား ? ပေးသင့်ရဲ့လား? ဒါအပြင် စည်းမရှိ၊ ကမ်းမရှိ ကိုယ်သမ္မတ ဖြစ်ဖို့ ပြည်သူထောက် ခံမှု့ ရဖို့ တခြားပါတီ ၊ အဖွဲ့အစည်းတွေကို ပုတ်ခတ် ၊ ပါးစပ်ထဲ တွေ့ကရာ လျောက်ပြောတက်တဲ့ သူကို နိုင်ငံတော် လုံခြုံရေးအတွက် ဘယ်လိုလုပ်ပြီး ယုံကြည်အားကိုး ရမလဲဆိုတာ ကိုတော့ သိစေချင် ပါသည်။

မရေရာ မသေချာတဲ့ အနာဂတ်အတွက်နဲ့တော့ လက်ရှိလှုပ်ရှား သွားလာနေတဲ့ ဒီမိုကရေစီ ခြေလှမ်းတွေကို မကူညီချင်နေပါ ၊ အနှောက်အယှက်ဖြစ်အောင်၊ ပျက်ပြား သွားအောင်တော့ မလုပ်စေချင်ပါဘူး။ အဲလိုလုပ်ဖို့ ကြိုးစားနေတာဟာ ငါသမ္မတဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် တိုင်းပြည် ဘာဖြစ်ဖြစ်ဆိုပြီး ဒီမိုကရေစီ လမ်းကြောင်းကို နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားနေတာပဲ ဖြစ်တယ်ဆိုတာ သိစေချင်ပါသည်။

ပေါက်စ

Mansuper

No comments:

Post a Comment