Thursday, May 29, 2014

ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့

Photo: ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့
..............................................................
                                                                                                ဟိန်းထက်အောင်
          ၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဟာ ဒီဆောင်းပါး ရေးချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးလို့ ဗိုလ် လုပွဲအဆင့် ကို ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်း ထဲ က တစ်သင်း ဟာ ၂၀၁၅ ခုနှစ် သြစတြေးလျ နိုင်ငံမှာ ကျင်းပမဲ့ အာရှဖလား ( Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့  အာရှဖလား ကို ၁၉၆၈ ခုနှစ် က နောက်ဆုံးကစားခဲ့တဲ့ မြန်မာ အသင်း ကတော့ ပြိုင်ပွဲမှာ အုပ်စု အဆင့် နဲ့တင် အိမ်ပြန်ခဲ့ရပြီး နှစ်ပေါင်း ၄၆ အတွင်း အာရှဘောလုံး စင်မြင့် ကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ကောင်းတစ်ခု ကို လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။
          မြန်မာ အသင်း ဟာ Challenge Cup ပြိုင်ပွဲမှာ အုပ်စု ( က) အတွင်း ပါဝင်ခဲ့ပြီး  အုပ်စုသုံးပွဲ ကစားခဲ့ရာမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရဂိုး ( ၂ ) ဂိုး၊ ပေးဂိုး (၅) ဂိုး ရမှတ် သုံးမှတ်သာ ရရှိခဲ့ပြီး တတိယ အကြိမ်မြောက် ကစားတဲ့ယခုအကြိမ်မှာ အခုလို အုပ်စု ကနေ ပထမ ဆုံးထွက်ခဲ့ရတဲ့ မှတ်တမ်းဝင်ခဲ့ ပါတယ်။၂၀၀၈ ခုနှစ် နဲ့ ၂၀၁၀ ပြည့်နှစ် တွေ မှာ နှစ်ကြိမ်စလုံး အုပ်စု ဖြတ်ကျော်နိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး စတုတ္ထ နေရာ ရပ်တည် နိုင်ခဲ့မှု နဲနှိုင်းယှဉ်ရင် ၂၀၁၄ Challenge Cup ပြိုင်ပွဲ ကျရှုံးမှု ဟာ မြန်မာဘောလုံး ပရိသတ်တွေ အတွက် စိတ်ပျက်ဖွယ်ရာ ရလဒ်တစ်ခု လို့ ဆိုရမှာပါ။
          ပြိုင်ပွဲမှာ မြန်မာ အသင်း ဟာ အတွေ့အကြုံပိုင်း  အရ  အားသာချက် ရှိနေသလို၊ ရှေ့နှစ်ကြိမ်မှာ  စတုတ္ထနေရာ ရခဲ့ဖူးတဲ့ အနေအထား က လည်း ကျန်အသင်းတွေ ထက် အစဉ်အလာ ပိုင်း အားသာ ချက်ပါ ရှိနေပါတယ်။ ဒါပေမဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေ ထဲမှာ မြန်မာ အသင်းလောက် အစဉ်အလာသမိုင်းကြောင်း မရှိခဲ့တဲ့ ပါလက်စတိုင်း နဲ့ ဒေသတွင်း က နောက်ပေါက် ဖိလစ်ပိုင် လို အသင်းမျိုးတွေ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ချိန်မှာ မြန်မာ အသင်း ရဲ့ အုပ်စု အဆင့် ဆိုတဲ့ ရပ်တည်မှု ဟာ လက်သင့်ခံဖို့ ခက်ခဲလှပါတယ်။ဒါကြောင့် မြန်မာ အသင်းရဲ့ ကျရှုံးမှု မှာ ဘယ်နေရာတွေ ၊ ဘယ်အပိုင်း တွေ မှာ မှားယွင်းခဲ့သလဲ ဆိုတာ အဖြေရှာရတော့ မယ့် အချိန်ရောက်လာခဲ့ပြီ လို့ ဆိုရတော့ မှာပါ။
ပြင်ဆင်ချိန်အားနည်းခဲ့
          မြန်မာ့လက်ရွေးစင် အသင်း ဟာ ၂၀၁၄ Challenge Cup ပြိုင်ပွဲအတွက် ပြီးခဲ့တဲ့  ၂၀၁၃ ခုနှစ် မတ်လ အတွင်း က အိမ်ကွင်းမှာ ခြေစစ်ပွဲ ကစားခဲ့ပြီး အုပ်စုပထမ နေရာ က ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ဒါကြောင့် ၂၀၁၄ Challenge Cup နောက်ဆုံး အဆင့်  ပြိုင်ပွဲ ကိုဝင်ရောက် ကစားဖို့ သေချာခဲ့ပြီး ပြိုင်ပွဲ အတွက် စိတ်တိုင်း ကျ ပြင်ဆင်ချိန် ရခဲ့ပါတယ်။ ဒါပြင် ရှေ့နှစ်ကြိမ်စလုံးမှာ မြောက်ကိုရီးယား အသင်း ကို မကျော်နိုင်ခဲ့တဲ့ အတွက် စတုတ္ထနေရာ သာ ရခဲ့ခြင်း လို့ ဖြေတွေး တွေးနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မြောက်ကိုရီးယား မပါတာဟာ မြန်မာအသင်းအတွက် အခွင့်အရေးကောင်းတစ်ခု လို့ ပြောမယ် ဆို ပြောနိုင်ပါတယ်။အဲဒီ အခြေအနေ ဟာ မြန်မာ အသင်း အတွက် Challenge Cup ပြိုင်ပွဲကို အားထည့်ပြင်ဆင်ဖို့ တွန်းအားပေးတဲ့ အခြေအနေ တစ်ခုလို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီ ခြေစစ်ပွဲ အပြီးနောက်ပိုင်း လက်ရွေးစင်အသင်း ဟာ အသင်း ရယ် လို့ ပီပီပြင်ပြင် မစုဖွဲ့နိုင်ဘဲ ဆီးဂိမ်းပြင်ဆင်နေတဲ့ ယူ ၂၃ အသင်းနဲ့ရောထွေးနေခဲ့ပါတယ်။အထူး  သဖြင့် ၂၀၁၃ ခုနှစ် မတ်လနောက်ပိုင်း မှာ ယူ ၂၃ အသင်း နဲ့ ခြေစမ်းပွဲ တစ်ပွဲ ၊အောက်တိုဘာ လ ထဲမှာ ဟောင်ကောင် အသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲ စုစုပေါင်း ခြေစမ်းပွဲ နှစ်ပွဲ သာ ကစားနိုင်ခဲ့ပါတယ်။ အဲဒီတုန်း ကတည်း က သာ အသင်း ကို စုဖွဲ့နိုင်ခဲ့နိုင်မယ် ဆိုရင် ပြိုင်ပွဲမှာ ရလဒ် အပြောင်းအလဲ ဖြစ်ကောင်း ဖြစ်လာနိုင် ပါတယ်။ ဒါပေမဲ့ မြန်မာဘောလုံး တာဝန်ရှိသူတွေ ဟာ ဆီးဂိမ်း ယူ ၂၃ အသင်းအပေါ် အာရုံစိုက်နေခဲ့ပြီး အာရှဖလား အတွက် အခွင့်အရေး ရှိနေတဲ့ လက်ရွေးစင်အသင်း ကို လှည့်မကြည့်နိုင်အားခဲ့ပါဘူး။
          အဲဒီနောက် ၂၀၁၄ ဖေဖော်ဝါရီ လလယ် ပိုင်းမှာ ဆားဘီးယား သား အေဗရာမိုဗစ် ကို နည်းပြ အဖြစ် ခန့်အပ် ခဲ့ပြီး ချိန်မှသာ လက်ရွေးစင် အသင်း အတွက် အနည်းငယ် လှုပ်ရှားသက်ဝင်လာခဲ့ပါတယ်။ ဒါတောင် လက်ရွေးစင် အသင်း စုဖွဲ့မှု ကို ချက်ချင်း မစတင်နိုင်သေးဘဲ မတ်လ ကုန်ပိုင်းရောက်မှ သာ ပမာဏ လူစာရင်း ကို ထုတ်ပြန်နိုင်ခဲ့တာပါ။အဲဒီ နောက် သင်္ကြန်ကာလ ကို ဖြတ်သန်းခဲ့ပြီး ဧပြီ လကုန်ပိုင်းမှာ စင်္ကာ ပူ S league ကလပ် Singapore Lions 12 အသင်း ၊ ထိုင်း နိုင်ငံလေ့ကျင့် ခြေစမ်း ခရီးစဉ်မှာ မြောင်ထောင်ယူနိုက်တက် ၊ ထိုင်းလက်ရွေးစင် အသင်း တွေ နဲ့ပြိုင်ပွဲမတိုင်ခင်  ခြေစမ်းပွဲ သုံးပွဲသာ ကစားနိုင်ခဲ့ပါတယ်။ဒါကြောင့် မြန်မာ အသင်း ဟာ၂၀၁၃ ခုနှစ် မတ်လ နောက်ပိုင်း ခြေစမ်း ပွဲ ( ၅ ) ပွဲ ကို ထုံ့ပိုင်း ထုံ့ပိုင်း  ကစားခဲ့ပြီး သင်္ကြန်ကာလ နဲ့ AFC Cup အတွက် ကစားသမား ပြန်လည်စေလွှတ် ရမှု ကို ဖယ်လိုက်ရင် ပြင်ဆင်ချိန်က တစ်လ စွန်းစွန်းသာ ရှိပါတယ်။
          တကယ်တော့ ပြင်ဆင်ချိန် တစ်လ ဆိုတာ လက်ရွေးစင် အသင်း တစ်သင်းအတွက် လုံလောက်တဲ့ အချိန် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် မြန်မာ အသင်း အတွက် မလုံလောက်ဖူးဆိုတာ ပြိုင်ပွဲမှာ ရပ်တည်နိုင် တဲ့ အနေအထား က သက်သေပါဘဲ။အထူးသဖြင့် ၂၀၁၅ အာရှဖလား ပြိုင်ပွဲ ၀င်ခွင့်မျှော်လင့်ချက် ရှိနေတဲ့ အတွက် ဒီပြိုင်ပွဲမှာ အသင်း တိုင်း ဟာ ပြင်ဆင်မှုကောင်းကောင်းနဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ဖို့ ကြိုးစား လာကြမှာ သေချာတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ဒီလို အနေအထားမှာ မြန်မာ အသင်းရဲ့ ပြိုင်ပွဲအကြို ပြင်ဆင်မှု က လျော့ရဲခဲတာကြောင့်အခုလို အုပ်စုအဆင့် နဲ့ ကျေနပ်ခဲ့ရခြင်း လည်း ဖြစ်ပါတယ်။
ကစားသမားရွေးချယ်မှု နဲ့ နည်းစနည်ပိုင်းမှားယွင်းမှု
          ပြိုင်ပွဲအုပ်စုတွင်းမှာ မြန်မာအသင်း ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေ ဟာ မြန်မာ ထက် အဆင့်ရပ်တည်မှု မြင့်တာ မှန်ပေမဲ့ ပြိုင်ပွဲ အတွေ့အကြုံနဲ့ အစဉ်အလာ ပိုင်းမှာ မြန်မာ ကို မှီတဲ့ အသင်း မရှိပါဘူး။ဒါပေမဲ့ မြန်မာ အသင်း ဟာ အတွေ့အကြုံကောင်းကို အသုံးမချနိုင်ခဲ့ဘဲ ပြိုင်ဘက်တွေ ရဲ့ အလဲထိုးခြင်း ကို ခံခဲ့ရပါတယ်။ ဒါဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတွေ ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း အားနည်းမှုကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး။ အထူးသဖြင့် ရန်ပိုင် ၊ ခင်မောင်လွင်၊မင်းမင်းသူ၊သီဟစည်သူ ၊ ရန်အောင်ကျော် တို့ဟာ အသက်အရွယ်အရ အကောင်းဆုံး အချိန်ကို ကျော်လွန်ခဲ့၊ ကျော်လွန်နေတဲ့ ကစားသမားတွေ ဖြစ်ပြီး မင်းမင်းသူ ဆိုရင်ပြီးခဲ့တဲ့ တစ်ရာသီလုံး ဒဏ်ရာပြဿနာ ကြောင့် အချိန်အတော်ကြာ အနားယူနေခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။
          အလားတူ သိန်းဇော်၊ ငြိမ်းချမ်းအောင်၊အောင်ဇော် တို့ ဟာ အာရှအဆင့် ပြိုင်ပွဲတစ်ခု အတွက် အဆင့် သင့် မဖြစ်သေးတာ ကိုတွေ့ရပြီး တကယ်တမ်း ဒေါင်ဒေါင်မြည် ကစားနိုင်တာ ကျော်ကိုကို ၊ ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း တို့လောက်သာ ရှိပါတယ်။ ဒါတောင် ဒေးဗစ်ထန်း ဟာ ဒဏ်ရာ ပြဿနာကြောင့် ပွဲထွက် ခွင့် အကန့်အသတ် ရှိနေပါတယ်။ဒါတွေ အားလုံးခြုံကြည့်လိုက်ရင်  အီမ်ရှင်မော်လဒိုက်ဗ် ကိုတစ်ယောက်လျှော့ အနေအထား ကနေ  ( ၂း၃) ဂိုး အနိုင်ရတာက လွဲရင် ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
          ဒါပြင် မြန်မာ အသင်း အသုံးပြုတဲ့ ( ၄.၃.၂.၁ ) ကစားကွက် ဟာ တိုက်စစ်ဆင်ချိန်မှာ ( ၄.၃. ၃ ) ပုံ စံ ကို အလွယ်တကူ ကူးပြောင်းနိုင်သလို၊ ခံစစ်ပြောင်းကစားရင်လည်း ခံစစ်နှစ်ထပ် ဗျူဟာကို အသုံးပြုနိုင်တဲ့ နည်းစနစ်ပါ။ ဒီ ကစားကွက် ကို ထင်ရှုးပင် ကစားကွက် ဆိုပြီး လက်ရှိ ရီးရဲမက်ဒရစ် အသင်း နည်းပြ ဖြစ်နေတဲ့ အန်ဆယ်လော့တီ အေစီမီလန် အသင်း ကိုတာဝန်ယူစဉ်က ပုံသေသုံးစွဲ ခဲ့ပြီး  နာမည်ကြိးခဲ့တဲ့ ကစားကွက် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ အသင်းရဲ့ နည်းစနစ်မှာတော့ ရှေ့က ဂိုးတွေ မသွင်းနိုင်သလို၊ နောက်ကလည်း အိတ်ပေါက်နဲ့ ဖားကောက်ဆိုတဲ့အတိုင်းအုပ်စု  ပွဲစဉ်တိုင်း ဂိုးပေးခဲ့ရပါတယ်။အရင် နည်းပြ ပတ်ဆောင်ဟွာ လက်ထက် နဲ့ နှိုင်းယှဉ်ရင် အသင်းလိုက် ရွေ့လျားမှု တွေ ကောင်းလာပေမယ့် ကစားသမား တစ်ယောက် နဲ့ တစ်ယောက်ကြား အလှမ်းကွာဟ မှုကပြိုင်ဖက် တွေ အတွက် နေရာလွတ်တွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူး သဖြင့် ဂိုး ရဖို့ တိုက်စစ်မှာ ကျော်ကိုကို တစ်ဦးတည်း ကို သာ အားကိုးနေရပြိး ပြိုင်ဖက် ကစားသမားတွေ လူကပ်ကစားလာချိန်မှာ မြန်မာ အသင်းရဲ့ တိုက်စစ်က ဆွံ့အ သွားပါတော့တယ်။ဒါကြောင့် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ( ၅ ) ဂိုးပြန်ပေးရတဲ့ အသင်းရဲ့စွမ်းဆောင်ရည်က ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ဖို့ ခွင့်မပြုခဲ့ဘူးလို့ ဆိုရမှာပါ။
နိုင်ငံတကာ လက်ရွေးစင်အသင်းတွေမှာမရှိ
          နောက်တစ်ခု က အသင်းမှာ ရွေးချယ်ထားတဲ့ ကစားသမားတွေရဲ လူမှန်နေရာမှန်မဖြစ်ခဲ့မှု ပါ။ နိုင်ငံတကာ လက်ရွေးစင်အသင်းတွေမှာတော့ လက်ရွေးစင် ရွေးချယ်မှု စံနှုန်း က ကလပ်အသင်းမှာ ပွဲ ထွက်ခွင့် ရမရ ဆိုတဲ့ အပေါ်မှာမှုတည်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ စွမ်းဆောင်ရည် ကောင်း ကို ပြသနိုင်ရင် သူရဲ့မိခင် ကလပ်အသင်း အနေအထား ကို လျော့ပေါ့စဉ်းစားပေးလေ့ရှိပါတယ်။ဒါပေမဲ့ ကလပ်အသင်း ဟာ လိဂ်မှာ ရုန်းကန်နေရမယ် ဒါမှမဟုတ် အသင်း  လိုက် စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေတယ် ဆိုရင်တော့ အဲဒီ ကစားသမားတွေ အတွက် လက်ရွေးစင် အခွင့် အလမ်း က နည်းပါးသွားတတ်ပါတယ်။ အခုလည်း ကမ္ဘောဇ အသင်း က ကစားသမားတွေ ကို အဲဒီ အ ကြောင်းပြချက်နဲ့ လက်ရွေးစင်လူစာရင်းမှာ ချန်လှပ်ခဲ့ပြီး AFC Cup ပြိုင်ပွဲမှာ ဂိုးပြတ်မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်း က ကစားသမား ( ၉ )  ယောက် ကို ရွေးချယ်ခဲ့ပါတယ်။
          ရန်ကုန်ယူနိုက်တက် ဟာ နေရှင်နယ်လိဂ်မှာ အဆင့် ၅ နေရာ ရပ်တည်ပေမယ့်ကမ္ဘောဇ ဟာ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ ဒါပြင် ပေးဂိုး က တစ်ပွဲတစ်ဂိုးနှုန်း ရှိနေပြီး AFC Cup ပြိုင်ပွဲ စုစုပေါင်း ၇ ပွဲ ကစားခဲ့ရာမှာလည်း တစ်ပွဲသာ ပေးဂိုးမဲ့ ခဲ့ကာ ကျန် ၆ ပွဲစလုံးဂိုးပေးခဲ့ရပါတယ်။ ဒါပြင် ရန်ကုန်အသင်း ရဲ့ အဓိက တိုက်စစ်မှုးတွေဖြစ်တဲ့ ကျော်ကိုကို ၊ အီမာဆင်၊ ဆီဇာ တို့ သာ ဂိုးတွေ သွင်းယူထားနိုင်ပေမယ့် ကျန်ပြည်တွင်း ကစားသမားတွေ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါဟာ လက်ရွေးစင် ကစားသမားရွေးချယ်မှု နောက်ကွယ် က အပေါ်ယံ အ ချက်အလက်တွေ ဖြစ်ပြီး ကျန်ရှိနေတဲ့ အချက် အလက်တွေ ရေးရင် ဆောင်းပါး ရည်ရွယ်ချက် လွဲနိုင်ပါတယ်။ဒါကြောင့် နည်းပြ အေဗရာမိုဗစ် ရဲ့လက်ရှိ လိဂ် စွမ်းဆောင်ရည်ကို အခြေခံပြီး ရွေးချယ်တာပါဆိုတဲ့ စကား က စဉ်းစားစရာကောင်းလှပါတယ်။
ကျဆင်းသွားပြီ ဖြစ်တဲ့ မြန်မာ့ဘောလုံးအဆင့်အတန်း
          မြန်မာ့လက်ရွေးစင်အသင်းရဲ့ Challenge Cup ပြိုင်ပွဲ ကျရှုံးမှု နောက်ဆက်တွဲ အဖြစ် လစဉ်ထုတ်ပြန်ပေးနေတဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ( FIFA World Ranking) မှာ ကျိန်းသေပေါက် အဆင့် ထပ်မံကျဆင်းဖွယ်ရှိပြီး ၂၀၁၆ Challenge Cup ပြိုင်ပွဲ အတွက် ခြေစစ်ပွဲစဉ်တွေမှာလည်း ခက်ခဲတဲ့ အုပ်စုတွင်း မှာ ပါဝင်ကစားရဖွယ်ရှိနေပါတယ်။အဲဒါထက် ဆိုးရွားတဲ့ အနေအထား က နှစ်ပေါင်း ၄၆ နှစ်ကြာမှ ပြည်လည်ရရှိတဲ့ အာရှဖလား ကစားခွင့်ကို အလွယ်တကူလက်လွတ်ဆုံးရှုးံခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။အကယ်၍ မြန်မာ အသင်း သာ အာရှဖလား ပြိုင်ပွဲကြိးမှာ သာ ၀င်ကစားနိုင်ခဲ့မယ် ဆိုရင် အာဆီယံဒေသတွင်းမှာ တစ်သင်းတည်းသော အသင်းအဖြစ် ဂုဏ်ယူရမှာ ဖြစ်သလို၊ ပြိုင်ပွဲ မှာ အုပ်စု အဆင့် က ထွက်ခဲ့ရရင်တောင် အတိုင်းအတာတစ်ခု အထိ မြန်မာဘောလုံးလောကအပေါ် သက်ရောက်လာမှာ ဖြစ်လို့ ကျဆင်းနေတဲ့ ဘောလုံးအဆင့်အတန်း ကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးနိုင်ဖွယ်ရှိပါတယ်။
          ဒါပေမဲ့ မြန်မာအသင်း ဟာ ဟန်သာရှိ  အဆန်မရှိတဲ့ သင်္ကြန် အမြှောက်လို ဖြစ်နေခဲ့ပြီး ဒေသတွင်း က ဖိလစ်ပိုင် လို အသင်း မျိုး ရဲ့ ကျော်တက်မှု ခံလိုက်ရပြီ ဖြစ်တဲ့  မြန်မာဘောလုံးလောက အတွက်  နိုင်ငံတကာ ပြိုင်ပွဲတွေ မှာ အဆင့်အတန်းမြင့်မြင့် ကစားနိုင်ဖို့တောင် အချိန်အတော်ကြာ ယူရဦးမဲ့ သဘောရှိပါတယ်။တကယ်တော့ ဒါဟာ မျိုးစေ့မမှန်လို့ ပင်မသန်ရတဲ့ အဖြစ်မျိုးလို့ဆိုနိုင်ပြီး အာဆီယံဒေသတွင်းမှာ တောင် တစ်က ပြန်စရမဲ့ အနေအထား ကို ရောက်သွားခဲ့ပါပြီ။ဒါကြောင့်  ဘူတာ ကို ဘယ်အချိန်ဆိုက်ရောက်လာမယ်  မှန်း မသိ နိုင်တဲ့ မြန်မာ့မီးရထားလိုဘဲ ဘယ်အချိန်မှာအောင်မြင်မှု ရမယ်မှန်း မသိနိုင်တဲ့ မြန်မာ့ဘောလုံး အောင်မြင်မှု ကို  ပရိသတ်တွေ အ နေနဲ့ စိတ်ရှည်လက်ရှည်စောင့်ရုံမှ တစ်ပါး အခြားမရှိတော့ပါကြောင်း။။။
ဟိန်းထက်အောင်
၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဟာ ဒီဆောင်းပါး ရေးချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးလို့ ဗိုလ် လုပွဲအဆင့် ကို ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်း ထဲ က တစ်သင်း ဟာ ၂၀၁၅ ခုနှစ် သြစတြေးလျ နိုင်ငံမှာ ကျင်းပမဲ့ အာရှဖလား ( Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ အာရှဖလား ကို ၁၉၆၈ ခုနှစ် က နောက်ဆုံးကစားခဲ့တဲ့ မြန်မာ အသင်း ကတော့ ပြိုင်ပွဲမှာ အုပ်စု အဆင့် နဲ့တင် အိမ်ပြန်ခဲ့ရပြီး နှစ်ပေါင်း ၄၆ အတွင်း အာရှဘောလုံး စင်မြင့် ကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ကောင်းတစ်ခု ကို လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။
မြန်မာ အသင်း ဟာ Challenge Cup ပြိုင်ပွဲမှာ အုပ်စု ( က) အတွင်း ပါဝင်ခဲ့ပြီး အုပ်စုသုံးပွဲ ကစားခဲ့ရာမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရဂိုး ( ၂ ) ဂိုး၊ ပေးဂိုး (၅) ဂိုး ရမှတ် သုံးမှတ်သာ ရရှိခဲ့ပြီး တတိယ အကြိမ်မြောက်
ကစားတဲ့ယခုအကြိမ်မှာ အခုလို အုပ်စု ကနေ ပထမ ဆုံးထွက်ခဲ့ရတဲ့ မှတ်တမ်းဝင်ခဲ့ ပါတယ်။၂၀၀၈ ခုနှစ် နဲ့ ၂၀၁၀ ပြည့်နှစ် တွေ မှာ နှစ်ကြိမ်စလုံး အုပ်စု ဖြတ်ကျော်နိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး စတုတ္ထ နေရာ ရပ်တည် နိုင်ခဲ့မှု နဲနှိုင်းယှဉ်ရင် ၂၀၁၄ Challenge Cup ပြိုင်ပွဲ ကျရှုံးမှု ဟာ မြန်မာဘောလုံး ပရိသတ်တွေ အတွက် စိတ်ပျက်ဖွယ်ရာ ရလဒ်တစ်ခု လို့ ဆိုရမှာပါ။
ပြိုင်ပွဲမှာ မြန်မာ အသင်း ဟာ အတွေ့အကြုံပိုင်း အရ အားသာချက် ရှိနေသလို၊ ရှေ့နှစ်ကြိမ်မှာ စတုတ္ထနေရာ ရခဲ့ဖူးတဲ့ အနေအထား က လည်း ကျန်အသင်းတွေ ထက် အစဉ်အလာ ပိုင်း အားသာ ချက်ပါ ရှိနေပါတယ်။ ဒါပေမဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေ ထဲမှာ မြန်မာ အသင်းလောက် အစဉ်အလာသမိုင်းကြောင်း မရှိခဲ့တဲ့ ပါလက်စတိုင်း နဲ့ ဒေသတွင်း က နောက်ပေါက် ဖိလစ်ပိုင် လို အသင်းမျိုးတွေ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ချိန်မှာ မြန်မာ အသင်း ရဲ့ အုပ်စု အဆင့် ဆိုတဲ့ ရပ်တည်မှု ဟာ လက်သင့်ခံဖို့ ခက်ခဲလှပါတယ်။ဒါကြောင့် မြန်မာ အသင်းရဲ့ ကျရှုံးမှု မှာ ဘယ်နေရာတွေ ၊ ဘယ်အပိုင်း တွေ မှာ မှားယွင်းခဲ့သလဲ ဆိုတာ အဖြေရှာရတော့ မယ့် အချိန်ရောက်လာခဲ့ပြီ လို့ ဆိုရတော့ မှာပါ။
ပြင်ဆင်ချိန်အားနည်းခဲ့
မြန်မာ့လက်ရွေးစင် အသင်း ဟာ ၂၀၁၄ Challenge Cup ပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လ အတွင်း က အိမ်ကွင်းမှာ ခြေစစ်ပွဲ ကစားခဲ့ပြီး အုပ်စုပထမ နေရာ က ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ဒါကြောင့် ၂၀၁၄ Challenge Cup နောက်ဆုံး အဆင့် ပြိုင်ပွဲ ကိုဝင်ရောက် ကစားဖို့ သေချာခဲ့ပြီး ပြိုင်ပွဲ အတွက် စိတ်တိုင်း ကျ ပြင်ဆင်ချိန် ရခဲ့ပါတယ်။ ဒါပြင် ရှေ့နှစ်ကြိမ်စလုံးမှာ မြောက်ကိုရီးယား အသင်း ကို မကျော်နိုင်ခဲ့တဲ့ အတွက် စတုတ္ထနေရာ သာ ရခဲ့ခြင်း လို့ ဖြေတွေး တွေးနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မြောက်ကိုရီးယား မပါတာဟာ မြန်မာအသင်းအတွက် အခွင့်အရေးကောင်းတစ်ခု လို့ ပြောမယ် ဆို ပြောနိုင်ပါတယ်။အဲဒီ အခြေအနေ ဟာ မြန်မာ အသင်း အတွက် Challenge Cup ပြိုင်ပွဲကို အားထည့်ပြင်ဆင်ဖို့ တွန်းအားပေးတဲ့ အခြေအနေ တစ်ခုလို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီ ခြေစစ်ပွဲ အပြီးနောက်ပိုင်း လက်ရွေးစင်အသင်း ဟာ အသင်း ရယ် လို့ ပီပီပြင်ပြင် မစုဖွဲ့နိုင်ဘဲ ဆီးဂိမ်းပြင်ဆင်နေတဲ့ ယူ ၂၃ အသင်းနဲ့ရောထွေးနေခဲ့ပါတယ်။အထူး သဖြင့် ၂၀၁၃ ခုနှစ် မတ်လနောက်ပိုင်း မှာ ယူ ၂၃ အသင်း နဲ့ ခြေစမ်းပွဲ တစ်ပွဲ ၊အောက်တိုဘာ လ ထဲမှာ ဟောင်ကောင် အသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲ စုစုပေါင်း ခြေစမ်းပွဲ နှစ်ပွဲ သာ ကစားနိုင်ခဲ့ပါတယ်။ အဲဒီတုန်း ကတည်း က သာ အသင်း ကို စုဖွဲ့နိုင်ခဲ့နိုင်မယ် ဆိုရင် ပြိုင်ပွဲမှာ ရလဒ် အပြောင်းအလဲ ဖြစ်ကောင်း ဖြစ်လာနိုင် ပါတယ်။ ဒါပေမဲ့ မြန်မာဘောလုံး တာဝန်ရှိသူတွေ ဟာ ဆီးဂိမ်း ယူ ၂၃ အသင်းအပေါ် အာရုံစိုက်နေခဲ့ပြီး အာရှဖလား အတွက် အခွင့်အရေး ရှိနေတဲ့ လက်ရွေးစင်အသင်း ကို လှည့်မကြည့်နိုင်အားခဲ့ပါဘူး။
အဲဒီနောက် ၂၀၁၄ ဖေဖော်ဝါရီ လလယ် ပိုင်းမှာ ဆားဘီးယား သား အေဗရာမိုဗစ် ကို နည်းပြ အဖြစ် ခန့်အပ် ခဲ့ပြီး ချိန်မှသာ လက်ရွေးစင် အသင်း အတွက် အနည်းငယ် လှုပ်ရှားသက်ဝင်လာခဲ့ပါတယ်။ ဒါတောင် လက်ရွေးစင် အသင်း စုဖွဲ့မှု ကို ချက်ချင်း မစတင်နိုင်သေးဘဲ မတ်လ ကုန်ပိုင်းရောက်မှ သာ ပမာဏ လူစာရင်း ကို ထုတ်ပြန်နိုင်ခဲ့တာပါ။အဲဒီ နောက် သင်္ကြန်ကာလ ကို ဖြတ်သန်းခဲ့ပြီး ဧပြီ လကုန်ပိုင်းမှာ စင်္ကာ ပူ S league ကလပ် Singapore Lions 12 အသင်း ၊ ထိုင်း နိုင်ငံလေ့ကျင့် ခြေစမ်း ခရီးစဉ်မှာ မြောင်ထောင်ယူနိုက်တက် ၊ ထိုင်းလက်ရွေးစင် အသင်း တွေ နဲ့ပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲ သုံးပွဲသာ ကစားနိုင်ခဲ့ပါတယ်။ဒါကြောင့် မြန်မာ အသင်း ဟာ၂၀၁၃ ခုနှစ် မတ်လ နောက်ပိုင်း ခြေစမ်း ပွဲ ( ၅ ) ပွဲ ကို ထုံ့ပိုင်း ထုံ့ပိုင်း ကစားခဲ့ပြီး သင်္ကြန်ကာလ နဲ့ AFC Cup အတွက် ကစားသမား ပြန်လည်စေလွှတ် ရမှု ကို ဖယ်လိုက်ရင် ပြင်ဆင်ချိန်က တစ်လ စွန်းစွန်းသာ ရှိပါတယ်။
တကယ်တော့ ပြင်ဆင်ချိန် တစ်လ ဆိုတာ လက်ရွေးစင် အသင်း တစ်သင်းအတွက် လုံလောက်တဲ့ အချိန် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် မြန်မာ အသင်း အတွက် မလုံလောက်ဖူးဆိုတာ ပြိုင်ပွဲမှာ ရပ်တည်နိုင် တဲ့ အနေအထား က သက်သေပါဘဲ။အထူးသဖြင့် ၂၀၁၅ အာရှဖလား ပြိုင်ပွဲ ၀င်ခွင့်မျှော်လင့်ချက် ရှိနေတဲ့ အတွက် ဒီပြိုင်ပွဲမှာ အသင်း တိုင်း ဟာ ပြင်ဆင်မှုကောင်းကောင်းနဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ဖို့ ကြိုးစား လာကြမှာ သေချာတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ဒီလို အနေအထားမှာ မြန်မာ အသင်းရဲ့ ပြိုင်ပွဲအကြို ပြင်ဆင်မှု က လျော့ရဲခဲတာကြောင့်အခုလို အုပ်စုအဆင့် နဲ့ ကျေနပ်ခဲ့ရခြင်း လည်း ဖြစ်ပါတယ်။
ကစားသမားရွေးချယ်မှု နဲ့ နည်းစနည်ပိုင်းမှားယွင်းမှု
ပြိုင်ပွဲအုပ်စုတွင်းမှာ မြန်မာအသင်း ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေ ဟာ မြန်မာ ထက် အဆင့်ရပ်တည်မှု မြင့်တာ မှန်ပေမဲ့ ပြိုင်ပွဲ အတွေ့အကြုံနဲ့ အစဉ်အလာ ပိုင်းမှာ မြန်မာ ကို မှီတဲ့ အသင်း မရှိပါဘူး။ဒါပေမဲ့ မြန်မာ အသင်း ဟာ အတွေ့အကြုံကောင်းကို အသုံးမချနိုင်ခဲ့ဘဲ ပြိုင်ဘက်တွေ ရဲ့ အလဲထိုးခြင်း ကို ခံခဲ့ရပါတယ်။ ဒါဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတွေ ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း အားနည်းမှုကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး။ အထူးသဖြင့် ရန်ပိုင် ၊ ခင်မောင်လွင်၊မင်းမင်းသူ၊သီဟစည်သူ ၊ ရန်အောင်ကျော် တို့ဟာ အသက်အရွယ်အရ အကောင်းဆုံး အချိန်ကို ကျော်လွန်ခဲ့၊ ကျော်လွန်နေတဲ့ ကစားသမားတွေ ဖြစ်ပြီး မင်းမင်းသူ ဆိုရင်ပြီးခဲ့တဲ့ တစ်ရာသီလုံး ဒဏ်ရာပြဿနာ ကြောင့် အချိန်အတော်ကြာ အနားယူနေခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။
အလားတူ သိန်းဇော်၊ ငြိမ်းချမ်းအောင်၊အောင်ဇော် တို့ ဟာ အာရှအဆင့် ပြိုင်ပွဲတစ်ခု အတွက် အဆင့် သင့် မဖြစ်သေးတာ ကိုတွေ့ရပြီး တကယ်တမ်း ဒေါင်ဒေါင်မြည် ကစားနိုင်တာ ကျော်ကိုကို ၊ ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း တို့လောက်သာ ရှိပါတယ်။ ဒါတောင် ဒေးဗစ်ထန်း ဟာ ဒဏ်ရာ ပြဿနာကြောင့် ပွဲထွက် ခွင့် အကန့်အသတ် ရှိနေပါတယ်။ဒါတွေ အားလုံးခြုံကြည့်လိုက်ရင် အီမ်ရှင်မော်လဒိုက်ဗ် ကိုတစ်ယောက်လျှော့ အနေအထား ကနေ ( ၂း၃) ဂိုး အနိုင်ရတာက လွဲရင် ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါပြင် မြန်မာ အသင်း အသုံးပြုတဲ့ ( ၄.၃.၂.၁ ) ကစားကွက် ဟာ တိုက်စစ်ဆင်ချိန်မှာ ( ၄.၃. ၃ ) ပုံ စံ ကို အလွယ်တကူ ကူးပြောင်းနိုင်သလို၊ ခံစစ်ပြောင်းကစားရင်လည်း ခံစစ်နှစ်ထပ် ဗျူဟာကို အသုံးပြုနိုင်တဲ့ နည်းစနစ်ပါ။ ဒီ ကစားကွက် ကို ထင်ရှုးပင် ကစားကွက် ဆိုပြီး လက်ရှိ ရီးရဲမက်ဒရစ် အသင်း နည်းပြ ဖြစ်နေတဲ့ အန်ဆယ်လော့တီ အေစီမီလန် အသင်း ကိုတာဝန်ယူစဉ်က ပုံသေသုံးစွဲ ခဲ့ပြီး နာမည်ကြိးခဲ့တဲ့ ကစားကွက် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ အသင်းရဲ့ နည်းစနစ်မှာတော့ ရှေ့က ဂိုးတွေ မသွင်းနိုင်သလို၊ နောက်ကလည်း အိတ်ပေါက်နဲ့ ဖားကောက်ဆိုတဲ့အတိုင်းအုပ်စု ပွဲစဉ်တိုင်း ဂိုးပေးခဲ့ရပါတယ်။အရင် နည်းပြ ပတ်ဆောင်ဟွာ လက်ထက် နဲ့ နှိုင်းယှဉ်ရင် အသင်းလိုက် ရွေ့လျားမှု တွေ ကောင်းလာပေမယ့် ကစားသမား တစ်ယောက် နဲ့ တစ်ယောက်ကြား အလှမ်းကွာဟ မှုကပြိုင်ဖက် တွေ အတွက် နေရာလွတ်တွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူး သဖြင့် ဂိုး ရဖို့ တိုက်စစ်မှာ ကျော်ကိုကို တစ်ဦးတည်း ကို သာ အားကိုးနေရပြိး ပြိုင်ဖက် ကစားသမားတွေ လူကပ်ကစားလာချိန်မှာ မြန်မာ အသင်းရဲ့ တိုက်စစ်က ဆွံ့အ သွားပါတော့တယ်။ဒါကြောင့် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ( ၅ ) ဂိုးပြန်ပေးရတဲ့ အသင်းရဲ့စွမ်းဆောင်ရည်က ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ဖို့ ခွင့်မပြုခဲ့ဘူးလို့ ဆိုရမှာပါ။
နိုင်ငံတကာ လက်ရွေးစင်အသင်းတွေမှာမရှိ
နောက်တစ်ခု က အသင်းမှာ ရွေးချယ်ထားတဲ့ ကစားသမားတွေရဲ လူမှန်နေရာမှန်မဖြစ်ခဲ့မှု ပါ။ နိုင်ငံတကာ လက်ရွေးစင်အသင်းတွေမှာတော့ လက်ရွေးစင် ရွေးချယ်မှု စံနှုန်း က ကလပ်အသင်းမှာ ပွဲ ထွက်ခွင့် ရမရ ဆိုတဲ့ အပေါ်မှာမှုတည်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ စွမ်းဆောင်ရည် ကောင်း ကို ပြသနိုင်ရင် သူရဲ့မိခင် ကလပ်အသင်း အနေအထား ကို လျော့ပေါ့စဉ်းစားပေးလေ့ရှိပါတယ်။ဒါပေမဲ့ ကလပ်အသင်း ဟာ လိဂ်မှာ ရုန်းကန်နေရမယ် ဒါမှမဟုတ် အသင်း လိုက် စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေတယ် ဆိုရင်တော့ အဲဒီ ကစားသမားတွေ အတွက် လက်ရွေးစင် အခွင့် အလမ်း က နည်းပါးသွားတတ်ပါတယ်။ အခုလည်း ကမ္ဘောဇ အသင်း က ကစားသမားတွေ ကို အဲဒီ အ ကြောင်းပြချက်နဲ့ လက်ရွေးစင်လူစာရင်းမှာ ချန်လှပ်ခဲ့ပြီး AFC Cup ပြိုင်ပွဲမှာ ဂိုးပြတ်မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်း က ကစားသမား ( ၉ ) ယောက် ကို ရွေးချယ်ခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက် ဟာ နေရှင်နယ်လိဂ်မှာ အဆင့် ၅ နေရာ ရပ်တည်ပေမယ့်ကမ္ဘောဇ ဟာ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ ဒါပြင် ပေးဂိုး က တစ်ပွဲတစ်ဂိုးနှုန်း ရှိနေပြီး AFC Cup ပြိုင်ပွဲ စုစုပေါင်း ၇ ပွဲ ကစားခဲ့ရာမှာလည်း တစ်ပွဲသာ ပေးဂိုးမဲ့ ခဲ့ကာ ကျန် ၆ ပွဲစလုံးဂိုးပေးခဲ့ရပါတယ်။ ဒါပြင် ရန်ကုန်အသင်း ရဲ့ အဓိက တိုက်စစ်မှုးတွေဖြစ်တဲ့ ကျော်ကိုကို ၊ အီမာဆင်၊ ဆီဇာ တို့ သာ ဂိုးတွေ သွင်းယူထားနိုင်ပေမယ့် ကျန်ပြည်တွင်း ကစားသမားတွေ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါဟာ လက်ရွေးစင် ကစားသမားရွေးချယ်မှု နောက်ကွယ် က အပေါ်ယံ အ ချက်အလက်တွေ ဖြစ်ပြီး ကျန်ရှိနေတဲ့ အချက် အလက်တွေ ရေးရင် ဆောင်းပါး ရည်ရွယ်ချက် လွဲနိုင်ပါတယ်။ဒါကြောင့် နည်းပြ အေဗရာမိုဗစ် ရဲ့လက်ရှိ လိဂ် စွမ်းဆောင်ရည်ကို အခြေခံပြီး ရွေးချယ်တာပါဆိုတဲ့ စကား က စဉ်းစားစရာကောင်းလှပါတယ်။
ကျဆင်းသွားပြီ ဖြစ်တဲ့ မြန်မာ့ဘောလုံးအဆင့်အတန်း
မြန်မာ့လက်ရွေးစင်အသင်းရဲ့ Challenge Cup ပြိုင်ပွဲ ကျရှုံးမှု နောက်ဆက်တွဲ အဖြစ် လစဉ်ထုတ်ပြန်ပေးနေတဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ( FIFA World Ranking) မှာ ကျိန်းသေပေါက် အဆင့် ထပ်မံကျဆင်းဖွယ်ရှိပြီး ၂၀၁၆ Challenge Cup ပြိုင်ပွဲ အတွက် ခြေစစ်ပွဲစဉ်တွေမှာလည်း ခက်ခဲတဲ့ အုပ်စုတွင်း မှာ ပါဝင်ကစားရဖွယ်ရှိနေပါတယ်။အဲဒါထက် ဆိုးရွားတဲ့ အနေအထား က နှစ်ပေါင်း ၄၆ နှစ်ကြာမှ ပြည်လည်ရရှိတဲ့ အာရှဖလား ကစားခွင့်ကို အလွယ်တကူလက်လွတ်ဆုံးရှုးံခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။အကယ်၍ မြန်မာ အသင်း သာ အာရှဖလား ပြိုင်ပွဲကြိးမှာ သာ ၀င်ကစားနိုင်ခဲ့မယ် ဆိုရင် အာဆီယံဒေသတွင်းမှာ တစ်သင်းတည်းသော အသင်းအဖြစ် ဂုဏ်ယူရမှာ ဖြစ်သလို၊ ပြိုင်ပွဲ မှာ အုပ်စု အဆင့် က ထွက်ခဲ့ရရင်တောင် အတိုင်းအတာတစ်ခု အထိ မြန်မာဘောလုံးလောကအပေါ် သက်ရောက်လာမှာ ဖြစ်လို့ ကျဆင်းနေတဲ့ ဘောလုံးအဆင့်အတန်း ကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးနိုင်ဖွယ်ရှိပါတယ်။
ဒါပေမဲ့ မြန်မာအသင်း ဟာ ဟန်သာရှိ အဆန်မရှိတဲ့ သင်္ကြန် အမြှောက်လို ဖြစ်နေခဲ့ပြီး ဒေသတွင်း က ဖိလစ်ပိုင် လို အသင်း မျိုး ရဲ့ ကျော်တက်မှု ခံလိုက်ရပြီ ဖြစ်တဲ့ မြန်မာဘောလုံးလောက အတွက် နိုင်ငံတကာ ပြိုင်ပွဲတွေ မှာ အဆင့်အတန်းမြင့်မြင့် ကစားနိုင်ဖို့တောင် အချိန်အတော်ကြာ ယူရဦးမဲ့ သဘောရှိပါတယ်။တကယ်တော့ ဒါဟာ မျိုးစေ့မမှန်လို့ ပင်မသန်ရတဲ့ အဖြစ်မျိုးလို့ဆိုနိုင်ပြီး အာဆီယံဒေသတွင်းမှာ တောင် တစ်က ပြန်စရမဲ့ အနေအထား ကို ရောက်သွားခဲ့ပါပြီ။ဒါကြောင့် ဘူတာ ကို ဘယ်အချိန်ဆိုက်ရောက်လာမယ် မှန်း မသိ နိုင်တဲ့ မြန်မာ့မီးရထားလိုဘဲ ဘယ်အချိန်မှာအောင်မြင်မှု ရမယ်မှန်း မသိနိုင်တဲ့ မြန်မာ့ဘောလုံး အောင်မြင်မှု ကို ပရိသတ်တွေ အ နေနဲ့ စိတ်ရှည်လက်ရှည်စောင့်ရုံမှ တစ်ပါး အခြားမရှိတော့ပါကြောင်း။။။


Mizzima Sport News

No comments:

Post a Comment