ဝမ်းတွင်းမြို့နယ်အတွင်း၊ ရန်ကုန်-မန္တလေးကားလမ်းတွင် မေ ၁၁ ရက်နေ့ ညက
ကိုယ်ပိုင်ကားတစ်စီး တိမ်းမှောက်ရာ မင်္ဂလာဆောင်အပြီး ပြန်လာသော သတိုးသား
သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၁ ည၊ မန္တလေးမြို့နေ ကိုရန်မျိုးအောင် (၂၉ )နှစ်သည် အောင်ပန်းမြို့ မှ မန္တလေးမြို့သို့ TOYOTA ALPHARD ကားအမှတ် ၂ဃ/၁၁၃၀ ကားအား မောင်းနှင်လာစဉ် ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာအနီး ရန်-မန်း ကားလမ်း မိုင်တိုင်အမှတ် (၂၃၅/၅)
အနီးအရောက်တွင် ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့
တိမ်းမှောက်သွားခဲ့သည်။ဖြစ်စဉ်မှာ မေ ၁၁ ည၊ မန္တလေးမြို့နေ ကိုရန်မျိုးအောင် (၂၉ )နှစ်သည် အောင်ပန်းမြို့ မှ မန္တလေးမြို့သို့ TOYOTA ALPHARD ကားအမှတ် ၂ဃ/၁၁၃၀ ကားအား မောင်းနှင်လာစဉ် ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာအနီး ရန်-မန်း ကားလမ်း မိုင်တိုင်အမှတ် (၂၃၅/၅)
ထိုသို့ ကားတိမ်းမှောက်သွားခဲ့ရာ မင်္ဂလာဆောင်ပြီး ပြန်လာသော သတိုးသား ကိဇော်မြင့်မိုး (၃၀)နှစ်မှာ ဒဏ်ရာများရရှိပြီး ၀မ်းတွင်းဆေးရုံသို့ တင်ပို့စဉ် စေဆုံးသွားခဲ့သည်။ သတိုးသမီးဖြစ်သူ မစောပြည့်ငြိမ်း (၂၉ )နှစ်၊ ယာဉ်မောင်း ကိုရန်မျိုးအောင်၊ ကိုကိုနိုင် (၃၅)နှစ်နှင့် ကိုရဲလှိုင်ထွန်း(၃၁)နှစ်တို့မှာ
ယာဉ်မှောက်မှုတွင် ၀မ်းတွင်းမြို့မရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
တင်လှိုင်(မိတ္ထီလာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment