Monday, May 12, 2014

အစိုးရနှင့်ကချင်စစ်ပွဲများအရေး ဆွေးနွေးရန် မြစ်ကြီးနားသို့ နှစ်ဖက်ခေါင်းဆောင်များရောက်ပြီ

Photo: အစိုးရနှင့်ကချင်စစ်ပွဲများအရေး ဆွေးနွေးရန် မြစ်ကြီးနားသို့ နှစ်ဖက်ခေါင်းဆောင်များရောက်ပြီ

ဖနိဒါ၊ တင်ဇာအောင်

မြစ်ကြီးနား၊ မဇ္ဈိမ။             ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာမှုအပေါ် ပြန်လည် သုံးသပ်ကြရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIOမှ 
ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ် ၉  အပါအဝင် လုံခြုံရေးတပ်သား ၅၀ ခန့်သည် မေလ ၁၂ရက် ညနေ ၄နာရီခန့်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကုလသမဂ္ဂမှ မစ္စ မာရီယန်နှင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)ကိုယ်စားလှယ်များက KIO ခေါင်းဆောင်များများကို သွားရောက်ကြိုဆိုခဲ့သည်။ ကချင်ပြည်သူလူငယ်များက 
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအထိ သွားကြောက် ကြိုဆိုခဲ့ပြီး ထောင်နှင့်ချီသည့် ကချင်ပြည်သူလူထုများကလည်း ဝိုင်းမော်မြို့မှ မြစ်ကြီးနားမြို့ မနောကွင်အထိ ကြိုဆိုခဲ့ပြီး 
ကချင်ဘာသာဖြင့် ဆုတောင်းကြိုဆိုကြသည်။

“ခုန ၂ နာရီခွဲလောက်မှာ မြစ်ကြီးနားရောက်ပါတယ်။ အရင်ပါနေကျခေါင်းဆောင် ၉ ဦး ပါလိမ့်မယ်။ ကချင်လူထုတွေက အင်နဲ့အားနဲ့ လာကြိုဆိုကြလို့ လမ်းခရီးက ဖြည်းဖြည်းလေး 
လာခဲ့ရတယ်"ဟု ဦးဆန်အောင်က ပြောသည်။ 

အစိုးရအဖွဲ့နှင့် KIOတို့သည် မေလ ၁၃ ရက်နှင့် ၁၄ ရက်များတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်း မဂျွယ်ခန်းမတွင် တွေ့ဆုံကာ ၂၀၁၃ ခုနှစ် မေလမှ 
အောက်တိုဘာလအတွင်း သဘောတူညီမှု ရယူခဲ့သော အချက် ၇ ချက်မှ အကောင်အထည် မဖော်နိုင်သေးသော အချက်များကို အဓိကထား ဆွေးနွေးသွားမည်ဟု ဦးဆန်အောင်က ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UWPC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များကလည်း ယနေ့ နံနက် ၁၀ နာရီခွဲချိန်တွင် 
မြစ်ကြီးနားမြို့သို့ ရောက်ရှိပြီဟု UPWC နည်းပညာအထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက ပြောသည်။ 

မေလ ၁၃ရက်တွင် ဆွေးနွေးမည့်ကိစ္စအတွက် ၁၂ရက် ညနေပိုင်းတွင် အကြို ဆွေးနွေးမှုများလည်း ပြုလုပ်နေပြီဖြစ်သည်။

ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဆလိုင်း လျန်မှုန်းဆခေါင်၊ ပဒိုကွယ်ထူးဝင်းများ တက်ရောက်မည် ဖြစ်ပြီး 
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဗီယားနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ Mr Wang Yingfan တို့လည်း တက်ရောက်မည်ဟု သိရသည်။

ပုံစာ - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင်  ပြုလုပ်မည့်
အစိုးရနှင့် ကေအိုင်အိုတို့၏ နှစ်ဖက် ဆွေးနွေးပွဲသို့  လာရောက်သည့်
ကေအိုင်အို အဖွဲ့များကို ကြိုဆိုနေသည့် ဒေသခံများကို မေ ၁၂ ရက် ညနေ
လေးနာရီခန့်က တွေ့ရစဉ်။ (ဓာတ်ပုံ- တင်ဇာအောင်)
မြစ်ကြီးနား၊ မဇ္ဈိမ။ ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာမှုအပေါ် ပြန် လည် သုံးသပ်ကြရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIOမှဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ် ၉ အပါအဝင် လုံခြုံရေးတပ်သား ၅၀ ခန့်သည် မေလ ၁၂ရက် ညနေ ၄နာရီ ခန့်တွင် မြစ်ကြီးနားမြို့သို့ ရောက် ရှိနေပြီ ဖြစ်သည်။

ကုလသမဂ္ဂမှ မစ္စ မာရီယန်နှင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)ကိုယ်စားလှယ်များက KIO ခေါင်းဆောင်များများကို သွားရောက်ကြိုဆိုခဲ့သည်။ ကချင်ပြည်သူလူငယ်များက ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအထိ သွားကြောက် ကြိုဆိုခဲ့ပြီး ထောင်နှင့်ချီသည့် ကချင်ပြည် သူလူထုများကလည်း ဝိုင်းမော်မြို့မှ မြစ်ကြီးနားမြို့ မနောကွင်အထိ ကြိုဆိုခဲ့ပြီး ကချင်ဘာသာဖြင့် ဆုတောင်းကြိုဆိုကြသည်။

“ခုန ၂ နာရီခွဲလောက်မှာ မြစ်ကြီးနားရောက်ပါတယ်။ အရင်ပါနေကျခေါင်းဆောင် ၉ ဦး ပါလိမ့်မယ်။ ကချင်လူထုတွေက အင်နဲ့အားနဲ့ လာကြိုဆိုကြလို့ လမ်းခရီးက ဖြည်းဖြည်းလေးလာခဲ့ရတယ်"ဟု ဦးဆန်အောင်က ပြောသည်။ 

အစိုးရအဖွဲ့နှင့် KIOတို့သည် မေလ ၁၃ ရက်နှင့် ၁၄ ရက်များတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်း မဂျွယ်ခန်းမတွင် တွေ့ဆုံကာ ၂၀၁၃ ခုနှစ် မေလမှအောက်တိုဘာလအတွင်း သဘောတူညီမှု ရယူခဲ့သော အချက် ၇ ချက်မှ အကောင်အထည် မဖော်နိုင်သေးသော အချက်များကို အဓိကထား ဆွေးနွေးသွားမည်ဟု ဦးဆန်အောင်က ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UWPC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များကလည်း ယနေ့ နံနက် ၁၀ နာရီခွဲချိန်တွင် 
မြစ်ကြီးနားမြို့သို့ ရောက်ရှိပြီဟု UPWC နည်းပညာအထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေက ပြောသည်။ 

မေလ ၁၃ရက်တွင် ဆွေးနွေးမည့်ကိစ္စအတွက် ၁၂ရက် ညနေပိုင်းတွင် အကြို ဆွေးနွေးမှု များလည်း ပြု လုပ်နေပြီဖြစ်သည်။

ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဆလိုင်း လျန်မှုန်းဆခေါင်၊ ပဒိုကွယ်ထူးဝင်းများ တက်ရောက်မည် ဖြစ်ပြီးကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဗီယားနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ Mr Wang Yingfan တို့လည်း တက်ရောက်မည်ဟု သိရသည်။

ပုံစာ - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အို တို့၏ နှစ်ဖက် ဆွေးနွေး ပွဲသို့ လာရောက်သည့်ကေအိုင်အို အဖွဲ့များကို ကြိုဆိုနေသည့် ဒေသခံများကို မေ ၁၂ ရက် ညနေလေးနာရီခန့်က တွေ့ရစဉ်။ (ဓာတ်ပုံ- တင်ဇာအောင်)

No comments:

Post a Comment