Saturday, May 31, 2014

ကျောင်းအပ်စဉ် ငွေကြေးကောက်ခံပါက အရေးယူမည်

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင်စတင်မည့် အခမဲ့ အ လယ်တန်းပညာရေးတွင် ကျောင်သားဦးရေအလိုက် ရန်ပုံငွေများ ချထားပေးမည်ဖြစ်သည့်အတွက် ကျောင်းအပ်နှံစဉ် ငွေကြေးကောက် ခံပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သိရသည်။
လာမည့်ပညာသင်နှစ်အတွင်း အလယ်တန်းအဆင့် ပညာ ရေးအတွက် ကျောင်းလခ၊ မိဘဆရာအသင်း၊ အားကစားကြေး၊ စာကြည့်တိုက်ရန်ပုံငွေနှင့် စာရေးကိရိယာကြေးများ အပါအဝင် မည့်သည့်အလှူငွေမျှ ကျောင်းသားမိဘများထံ ကောက်ခံမည် မဟုတ်ဟု အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။
''ငွေကြေးကောက်ခံမှုတွေရှိလာရင် မြို့နယ်၊ ခရိုင်၊ တိုင်းအ ဆင့်ဆင့်ကနေ ရုံးချုပ်က တာဝန်ရှိသူတွေက မှန်၊ မမှန် စိစစ်ပြီး ကျောင်းအုပ်ရဲ့လုပ်ဆောင်မှု အပြစ်အကြီးအသေးပေါ်မူတည်ပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်''ဟု အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ပုံငွေများကို မူလတန်းအဆင့်အတွက် ကျောင်းသားဦး ရေ ၁ဝဝ အောက်ကို သုံးသိန်း၊ ကျောင်းသားဦးရေ ၄ဝဝ အထက် ကို ခုနစ်သိန်း ရန်ပုံငွေများချထားပေးပြီး ကျောင်းလခ၊ ကျောင်း ဝင်ကြေးအခမဲ့အပြင် ဗလာစာအုပ်ခြောက်အုပ်နှင့် ကျောင်းသား တစ်ဦးကို ငွေကျပ် ၁ဝဝဝ ထောက်ပံ့မည်ဖြစ်သည်။
ထို့ပြင် ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ပညာ သင်နှစ်မှစတင်ကာ အလယ်တန်း အ ဆင့်ပညာရေးတွင် ကျောင်းသားဦးရေ ၅ဝဝ အောက်ကို ကျပ်သုံးသိန်းမှ ငါး သိန်း၊ ကျောင်းသားဦးရေ ၁၅ဝဝ အထက် ကို ကျပ်ခြောက်သိန်းအထိ ပညာရေး ဝန်ကြီးဌာနမှ ရုံးလုပ်ငန်းများအတွက် ရန်ပုံငွေများ ချထားပေးပြီးဖြစ်သည်ဟု သိရသည်။
''အစိုးရက မတောင်းရဘူးဆိုပေ မယ့် ကလေးတွေ ကျောင်းအပ်တဲ့အခါ ကျောင်းသားတွေ ထိုင်ခုံဖိုးဆိုပြီး တောင်း တယ်။ ပြီးရင် ဗလာစာအုပ်နဲ့ ခဲတံနည်း နည်းပေးပြီး စာအုပ်နဲ့ ခဲတံဖိုးဆိုပြီးလဲ တောင်းတယ်။ တစ်နည်းမဟုတ် တစ် နည်းနဲ့တောင်းနေတာပဲ''ဟု ကျောင်း သားမိဘတစ်ဦးက ပြောသည်။
အခမဲ့ ပညာသင်ကြားရေးအစီအ စဉ်ကို မူလတန်းအတွက် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်ပညာသင်နှစ်မှ စတင်ခဲ့ပြီး အလယ် တန်းပညာသင်ကြားရေးစနစ်ကို ယခု စာသင်နှစ်ဖြစ်သည့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ် မှ စတင် အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment