Saturday, May 31, 2014

တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု ရေအောက်ရှာဖွေရေးတွင် ရေငုပ်သမားတစ်ဦးထပ်မံသေဆုံး

Photo: တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု ရေအောက်ရှာဖွေရေးတွင် ရေငုပ်သမားတစ်ဦးထပ်မံသေဆုံး
Saturday, May 31, 2014

ဆိုးလ်- ပြီးခဲ့သည့် ဧပြီတွင် နစ်မြုပ်ခဲ့ပြီး လူပေါင်း ၄၇၆ ဦးသေဆုံးခဲ့သည့် တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှုတွင် ကျန်ရစ်သည့်အလောင်းများကို ရှာဖွေ ရေးလုပ်နေစဉ်အတွင်း ရေငုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့သည်။

အသက်(၄၆)နှစ်အရွယ်ရှိ ရေငုပ်သမားမှာ ရေအောက်မှ ဆူဝိုးလ်ကူးတို့သင်္ဘောအတွင်း ကျန်ရှိသည့်အလောင်းများကို ရှာဖွေဆယ်ယူရန်ကြိုးစားစဉ် သေဆုံးခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ထိုသင်္ဘောမှ သေဆုံးသူဦးရေမှာ ၂၈၈ ဦးရှိပြီး ၁၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ရေငုပ်သမား များမှာ သင်္ဘောနစ်မြုပ်ချိန်မှစ၍ ရေအောက်တွင် ပြင်းထန်သော ရေအောက်ရေစီးကြောင်းနှင့် သင်္ဘောအတွင်း မြင်နိုင်စွမ်းလုံးဝမရှိသည့်အခြေအနေ များကို ရင်ဆိုင်ပြီး ရှာဖွေရေးများခက်ခက်ခဲခဲပြုလုပ်ခဲ့ရသည်။

ယခုသေဆုံးခဲ့သော ရေငုပ်သမားမှာ သင်္ဘောအတွင်းဝင်ရောက်နိုင်ရန် အပေါက်သစ်တစ်ခုဖောက်လုပ်ရန်ကြိုးစားစဉ် သတိလစ်မေ့မြောကာ သွေးယိုစီးမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ကို အခြားရေငုပ်သမားများက ရေပေါ်သို့ပြန်ဆွဲယူလာခဲ့သည်။ ၎င်းအား ဆေးရုံသို့တင်ပို့ကုသခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ ယခုလအစောပိုင်းကလည်း အခြားအရပ်သားရေငုပ်သမားတစ်ဦးသည် ရေအောက်တွင် ရှာဖွေရေးပြုလုပ်စဉ် သတိလစ်မေ့မြောကာ သေဆုံးခဲ့သောကြောင့် ရေငုပ်သမားနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီးဖြစ်သည်။

ဧရာဝတီ
ဆိုးလ်- ပြီးခဲ့သည့် ဧပြီတွင် နစ်မြုပ်ခဲ့ပြီး လူပေါင်း ၄၇၆ ဦးသေဆုံးခဲ့သည့် တောင် ကိုရီးယားကူးတို့ သင်္ဘောနစ်မြုပ်မှုတွင် ကျန်ရစ်သည့်အလောင်းများကို ရှာဖွေ ရေးလုပ်နေစဉ်အတွင်း ရေငုပ် သမားတစ်ဦးထပ်မံသေဆုံးခဲ့သည်။

အသက်(၄၆)နှစ်အရွယ်ရှိ ရေငုပ်သမားမှာ ရေအောက်မှ ဆူဝိုးလ်ကူးတို့သင်္ဘောအတွင်း ကျန်ရှိသည့်အလောင်းများကို ရှာဖွေဆယ်ယူရန်ကြိုးစားစဉ် သေဆုံးခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ထိုသင်္ဘောမှ သေဆုံးသူဦးရေမှာ ၂၈၈ ဦးရှိပြီး ၁၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ရေငုပ်သမား များမှာ
သင်္ဘောနစ်မြုပ်ချိန်မှစ၍ ရေအောက်တွင် ပြင်းထန်သော ရေအောက်ရေစီးကြောင်းနှင့် သင်္ဘော အတွင်း မြင်နိုင်စွမ်းလုံးဝမရှိသည့်အခြေအနေ များကို ရင်ဆိုင်ပြီး ရှာဖွေရေးများခက်ခက်ခဲခဲပြုလုပ်ခဲ့ရသည်။

ယခုသေဆုံးခဲ့သော ရေငုပ်သမားမှာ သင်္ဘောအတွင်းဝင်ရောက်နိုင်ရန် အပေါက်သစ်တစ်ခုဖောက် လုပ်ရန်ကြိုးစားစဉ် သတိလစ်မေ့မြောကာ သွေးယိုစီးမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ကို အခြားရေငုပ်သမားများက ရေပေါ်သို့ပြန်ဆွဲယူလာခဲ့သည်။ ၎င်းအား ဆေးရုံသို့တင်ပို့ကုသ ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ ယခုလအစောပိုင်းကလည်း အခြားအရပ်သားရေငုပ် သမားတစ်ဦးသည် ရေအောက်တွင် ရှာဖွေရေးပြုလုပ်စဉ် သတိလစ်မေ့မြောကာ သေဆုံး ခဲ့သောကြောင့် ရေငုပ် သမားနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီးဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment