![Photo: မအူပင်တွင် ထွန်တုံးတိုက်ပွဲများ ဆက်တိုက် ပြုလုပ်မည်
Thursday, May 15, 2014
မိုးရာသီ အမီ ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် ထွန်တုံးတိုက်ပွဲများ ဆက်တိုက်ပြုလုပ် သွားမည် ဖြစ်ကြောင်း မအူပင် မြို့နယ်မှ သိမ်းဆည်းခံ လယ်သမားများ က ပြောသည်။ ၁၉၉၂ ခုနှစ်က သိမ်းယူခြင်း ခံထားရသော ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အရှေ့ဘက်ကမ်း၊ တလုပ်လှ အရှေ့ ကျေးရွာရှိ တောင်သူများ သည်ယင်းလယ်ယာမြေများ ပြန်လည် ရရှိရန် တင်ပြတောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။
မအူပင်မြို့နယ် အရှေ့ဘက်ကမ်း တလုပ်လှ အရှေ့ကျေးရွာရှိ တောင်သူ (၆၁) ဦးပိုင်လယ်မြေဧက (၃၀၀) ကျော် အနက် ပြန်လည် ဖော်ထုတ်လုပ် ကိုင်မည့် နေရာများမှာ စစ်မှုထမ်းဟောင်းနေရာ၊ ဦးကျော်ဝဏ္ဏ နေရာ ၊ မွေး/ရေ နေရာနှင့် စပါး ငါးစီမံကိန်း နေရာတို့ ဖြစ်သည်။ တလုပ်လှ ( ၄ ) မိုင် ကျေးရွာ ကွင်း အမှတ် ၉၅၅/၉၅၆/၉၆၉ တို့ တွင် မွေး/ရေ ၀န်ကြီး ဌာနမှ သိမ်းယူထားသော လယ်မြေ ဧက (၃၀၀) ကျော် အတွင်း ငါးမွေးမြူရေး လုပ်ငန်း ပီ ပီ ပြင်ပြင် လုပ်ကိုင် ခြင်း မရှိသည့် ဧက (၈၀) ကျော်တွင်လယ်သိမ်းခံ တောင်သူ များက မေလ (၁၄)ရက်နေ့ညနေပိုင်းက စတင် ၍ ထွန်တုန်း တိုက်ပွဲများ ပြုလုပ်ခဲ့ကြ သည်။ နိုင်ငံတော် သမ္မတက လယ်ယာမြေ အငြင်းပွားမှုတွေကို ဇွန်လ မိုးရာသီ အမီ အပြီး လုပ်ပေးမယ်လို့ ပြောပြီးသား ဒါပေမဲ့ အခု အချိန်ထိ ဘာမှ မထူးခြားသေးဘူး၊ ထွန်တုံးတိုက်ပွဲတွေကိုလည်း မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ခုချိန်မှမလုပ်ရင် ဒီရာသီလည်း မီမှာ မဟုတ်ဘူး၊ မဖြစ်မနေမို့သာ လုပ်ဆောင်ရတာပါ။ ထူးခြားကောင်းမွန်လာခြင်း မရှိသရွှေ့ ကျွန်တော်တို့ ဆက်တိုက်ပြုလုပ် သွားမယ် ဟု လယ်သိမ်းခံ လယ်သမား ဦးစိန်သန်း က The Messenger သတင်းစာသို့ ပြောသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန် က လယ်ယာမြေ အစီရင်ခံစာများ၌ ပါရှိသော ပြဿနာများကို အုပ်ချုပ်ရေး အဖွဲ့ အစည်း အဆင့်ဆင့်မှ ဖြေရှင်းဆောင်ရွက်မှုများသည် နှောင့်နှေး ကြန့်ကြာနေသောကြောင့် မိုးသီးနှံ စိုက်မြေ များကို ၂၀၁၄ ခုနှစ်၊ ဇွန်လ မတိုင်မီ နှင့် ဆောင်းသီးနှံ စိုက်မြေများကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ မတိုင်မီ ပြီးပြတ်အောင် ပွင့်လင်း မြင်သာစွာနှင့် မြန်ဆန်စွာ ရှင်းလင်းပေးစေ လိုကြောင်း ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယကထံ သ၀ဏ်လွှာ ပေးပို့ထားသည်။
Messenger News Journal](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash3/t1.0-9/10295742_616649518430210_3828169423456681639_n.jpg)
မိုးရာသီ အမီ ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် ထွန်တုံးတိုက်ပွဲများ
ဆက်တိုက်ပြုလုပ် သွားမည် ဖြစ်ကြောင်း မအူပင် မြို့နယ်မှ သိမ်းဆည်းခံ
လယ်သမားများ က ပြောသည်။ ၁၉၉၂ ခုနှစ်က
သိမ်းယူခြင်း ခံထားရသော ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်
အရှေ့ဘက်ကမ်း၊ တလုပ်လှ အရှေ့ ကျေးရွာရှိ တောင်သူများ သည်ယင်းလယ်ယာမြေများ
ပြန်လည် ရရှိရန် တင်ပြတောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။
မအူပင်မြို့နယ် အရှေ့ဘက်ကမ်း တလုပ်လှ အရှေ့ကျေးရွာရှိ တောင်သူ (၆၁) ဦးပိုင်လယ်မြေဧက (၃၀၀) ကျော် အနက် ပြန်လည် ဖော်ထုတ်လုပ် ကိုင်မည့် နေရာများမှာ စစ်မှုထမ်းဟောင်းနေရာ၊ ဦးကျော်ဝဏ္ဏ နေရာ ၊ မွေး/ရေ နေရာနှင့် စပါး ငါးစီမံကိန်း နေရာတို့ ဖြစ်သည်။ တလုပ်လှ ( ၄ ) မိုင် ကျေးရွာ ကွင်း အမှတ် ၉၅၅/၉၅၆/၉၆၉ တို့ တွင် မွေး/ရေ ၀န်ကြီး ဌာနမှ သိမ်းယူထားသော လယ်မြေ
ဧက (၃၀၀) ကျော် အတွင်း ငါးမွေးမြူရေး လုပ်ငန်း ပီ ပီ ပြင်ပြင် လုပ်ကိုင်
ခြင်း မရှိသည့် ဧက (၈၀) ကျော်တွင်လယ်သိမ်းခံ တောင်သူ များက မေလ
(၁၄)ရက်နေ့ညနေပိုင်းက စတင် ၍ ထွန်တုန်း တိုက်ပွဲများ ပြုလုပ်ခဲ့ကြ သည်။
နိုင်ငံတော် သမ္မတက လယ်ယာမြေ အငြင်းပွားမှုတွေကို ဇွန်လ မိုးရာသီ အမီ အပြီး
လုပ်ပေးမယ်လို့ ပြောပြီးသား ဒါပေမဲ့ အခု အချိန်ထိ ဘာမှ မထူးခြားသေးဘူး၊
ထွန်တုံးတိုက်ပွဲတွေကိုလည်း မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ခုချိန်မှမလုပ်ရင်
ဒီရာသီလည်း မီမှာ မဟုတ်ဘူး၊ မဖြစ်မနေမို့သာ လုပ်ဆောင်ရတာပါ။
ထူးခြားကောင်းမွန်လာခြင်း မရှိသရွှေ့ ကျွန်တော်တို့ ဆက်တိုက်ပြုလုပ် သွားမယ်
ဟု လယ်သိမ်းခံ လယ်သမား ဦးစိန်သန်း က The Messenger သတင်းစာသို့ ပြောသည်။မအူပင်မြို့နယ် အရှေ့ဘက်ကမ်း တလုပ်လှ အရှေ့ကျေးရွာရှိ တောင်သူ (၆၁) ဦးပိုင်လယ်မြေဧက (၃၀၀) ကျော် အနက် ပြန်လည် ဖော်ထုတ်လုပ် ကိုင်မည့် နေရာများမှာ စစ်မှုထမ်းဟောင်းနေရာ၊ ဦးကျော်ဝဏ္ဏ နေရာ ၊ မွေး/ရေ နေရာနှင့် စပါး ငါးစီမံကိန်း နေရာတို့ ဖြစ်သည်။ တလုပ်လှ ( ၄ ) မိုင် ကျေးရွာ ကွင်း အမှတ် ၉၅၅/၉၅၆/၉၆၉ တို့ တွင် မွေး/ရေ ၀န်ကြီး ဌာနမှ သိမ်းယူထားသော လယ်မြေ
နိုင်ငံတော် သမ္မတဦးသိန်းစိန် က လယ်ယာမြေ အစီရင်ခံစာများ၌ ပါရှိသော ပြဿနာများကို အုပ်ချုပ်ရေး အဖွဲ့ အစည်း အဆင့်ဆင့်မှ ဖြေရှင်းဆောင်ရွက်မှုများသည် နှောင့်နှေး ကြန့်ကြာနေသောကြောင့် မိုးသီးနှံ စိုက်မြေ များကို ၂၀၁၄ ခုနှစ်၊ ဇွန်လ မတိုင်မီ နှင့် ဆောင်းသီးနှံ စိုက်မြေများကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ မတိုင်မီ ပြီးပြတ်အောင် ပွင့်လင်း မြင်သာစွာနှင့် မြန်ဆန်စွာ ရှင်းလင်းပေးစေ လိုကြောင်း ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယကထံ သ၀ဏ်လွှာ ပေးပို့ထားသည်။
Messenger News Journal
No comments:
Post a Comment