Tuesday, May 6, 2014

ရန်ကုန်မြို့သူ မြို့သားများ ထိတ်လန့်ခဲ့ရသည့် ငလျင် တာချီလိတ်အနီး ထိုင်းနယ်စပ်ကို ဗဟိုပြုခဲ့

ရန်ကုန်၊ မေ ၅- ထိုင်းနိုင်ငံမြောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် အနီးရှိ ချင်းရိုင်ခရိုင်ကို ဗဟိုပြု၍အင်အား ရစ်ခ်ျတာစကေး ၆ဒသမသုညရှိ အင် အားကြီးငလျင်တစ်ခု မေ၅ရက်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်သည်ရွှေတြိဂံဒေ သဖြစ်သည့် မြန်မာနိုင်ငံတာချီလိတ် မြို့နှင့် ကီလိုမီတာ၂ဝကျော်ခန့်အကွာ ထိုင်းနိုင်ငံမြောက်ပိုင်းကို နြေူသေ မြို့၏တောင်ဖက် ခြောက်မိုင်အကွာ ထိုင်းပြည်တွင်းတစ်နေရာကို ဗဟိုပြု ၍ ညနေ၅နာရီ၃၈မိနစ် ၄၃စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
''တာချီလိတ်မြို့မှာတော့ သိသိ သာသာခံစားရတယ်။ ဒါပေမဲ့အပျက် အစီးကြီးကြီးမားမားတော့မရှိဘူး''ဟု တာချီလိတ်မြို့ RCSS/ SSA ရုံးမှ ဗိုလ်မှူးချုပ်စိုင်းလူးက ပြောသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အ ရှေ့ပိုင်းတာချီလိတ်၊ ကျိုင်းတုံမြို့ တို့ နှင့်နီးစပ်ခဲ့ကြောင်း USGS ထုတ် ပြန်ချက်များအရ သိရှိရကြောင်း မိုး လေဝသပညာရှင်တစ်ဦးဖြစ် သည့် ဒေါက်တာထွန်းလွင်က ပြောသည်။

''လှုပ်တာကတော့ ထိုင်းဘက် ကိုဗဟိုပြုတာ။ အင်အား ၆ဒသမ သုည ဆိုတော့အင်အားကြီး တယ်။ ဒီအင်အားအရ ပျက်စီးမှုကိုတော့ သေ ချာမသိနိုင်ဘူး။ ဒေသခံတွေကပဲ ပိုသိနိုင်မယ်''ဟုဦးထွန်းလွင်ကပြော သည်။
အဆိုပါငလျင် သည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်းရှိ မဲ့လောင်မြို့ အနီးကို ကိုဗဟိုပြုခဲ့ကြောင်း ထိုင်းတီဗီ ရုပ်သံလိုင်းတစ်ခုမှ ထုတ်ပြန်ခဲ့သည် ကိုကိုးကားပြီး တာချီလိတ်မြို့နယ်ပညာ ရေးမှူးဦးစိန်ထွန်းလှက ပြောသည်။ ''ငလျင်ကတော်တော် များတယ်။ ကျွန်တော်တို့တွေတောင် ရုံးပေါ်က နေအောက်ကို ဆင်းပြေးရတယ်။ ပျက် စီးဆုံးရှုံးတော့ ရှိသံမကြားသေးပါဘူး။ ငလျင်လှုပ်တာကတစ်ချက်လှုပ်လိုက် ရပ်လိုက်နဲ့ သုံးကြိမ်လောက်လှုပ်ပါ တယ်''ဟု ယင်းကထပ်မံပြောသည်
ယင်းငလျင်ဒဏ် ကို ရန်ကုန်၊ မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံ၏ ဒေသတော်တော်များများတွင် ခံစား သိရှိခဲ့ရပြီး ယင်းသို့ဖြစ်ခြင်းမှာ ငလျင် လှုပ်ခတ်မှုကြောင့်ဖြစ်ပေါ်လာသော လှိုင်းများမှတစ်ဆင့်ခံစားရခြင်းဖြစ် ကြောင်း သိရသည်။

''ပထမလှုပ်တော့မသိဘူး။ နှစ် ချက်လောက်ထပ်လှုပ်တော့ သိလာ တယ်။ စသိတာနဲ့ဆိုလေးချက်လောက် လှုပ်သွားတယ်လို့ ထင်တယ်။တော် တော်လှုပ်သွားတယ်။ ခေါင်းတွေ တောင်မူးတယ်''ဟုရန်ကုန်တိုင်းဒေသ ကြီး လမ်းမတော်မြို့နယ်တွင် (၇)လွှာတိုက်ပေါ်တွင်နေထိုင်သည့်မအေး အေးတင်က ပြန်လည်ပြောသည်။ ''ငါးနာရီလေးဆယ့်ငါးလောက် က လှုပ်သွားတာ။ သိသိသာသာပဲ'' ဟု ဗဟန်းမြို့နယ်ရှိ တိုက်ခန်းငါးလွှာ တွင်နေထိုင်သူ ဒေါ်ရီရီကဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒေညွှန် ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန် ချက်များအရ မြန်မာနိုင်ငံ၏ အိမ်နီး ချင်းနိုင်ငံ ထိုင်းနိုင်ငံကို ဗဟိုပြု၍ အင် အားရစ်ခ်ျစတာစကေး ၅ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင်လည်း အပျက်အစီး အနည်းငယ်ရှိ ခဲ့ကြောင်း အေပီသတင်းဌာနမှ ဖော်ပြ ချက်အရ သိရသည်။

Yangon Media Group

No comments:

Post a Comment