Tuesday, May 6, 2014

သမဝါယမ အသင်းပိုင်မြေတွင် ကွန်ဒိုဆောက်လုပ်မှု အမျိုးသားလွှတ်တော် အမတ် ဆန္ဒပြမည်

ရန်ကုန်မြို့တော်ရှိ သမဝါယမ အသင်းပိုင် မြေနေရာတစ်ခုတွင် ပုဂ္ဂလိက ကွန်ဒိုမီနီယံ တည်ဆောက်နေခြင်း ကိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနှင့် ဆန္ဒထုတ်ဖော်ကာကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန့်မြင့်အောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၄) ရပ်ကွက် မိုးကောင်းလမ်းရှိ သမဝါယမ အသင်းပိုင် မြေနေရာ တွင် ကွန်ဒိုမီနီယံ ဆောက်လုပ်ရန် ပြင်ဆင်နေသောကြောင့် မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သမဝါယမအသင်းတို့ကို ဆန္ဒထုတ်ဖော်ကာ ကန့်ကွက်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။“ပုဂ္ဂလိကပိုင်တဲ့ မြေမဟုတ်တဲ့အတွက်ဘယ်လို လွှဲပြောင်း ရောင်းချသလဲ။ အောက်ခြေ ဝန်ထမ်းတွေလာဘ်ပေးလာဘ်ယူတာလားဆိုတာကိုသိချင်ပါတယ်”ဟု၎င်းကဆိုသည်။ထို့အပြင် အဆိုပါ ကိစ္စကိုစုံစမ်းစစ်ဆေးရန်အတွက် ပြည်ထောင်စုလွှတ်တော် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
 Photo: သမဝါယမ အသင်းပိုင်မြေတွင် ကွန်ဒိုဆောက်လုပ်မှု အမျိုးသားလွှတ်တော် အမတ် ဆန္ဒပြမည်
Tuesday, May 6, 2014

ရန်ကုန်မြို့တော်ရှိ သမဝါယမ အသင်းပိုင် မြေနေရာတစ်ခုတွင် ပုဂ္ဂလိက ကွန်ဒိုမီနီယံ တည်ဆောက်နေခြင်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနှင့် ဆန္ဒထုတ်ဖော်ကာ ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန့်မြင့်အောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၄) ရပ်ကွက် မိုးကောင်းလမ်းရှိ သမဝါယမ အသင်းပိုင် မြေနေရာတွင် ကွန်ဒိုမီနီယံ ဆောက်လုပ်ရန် ပြင်ဆင်နေသောကြောင့် မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သမဝါယမ အသင်းတို့ကို ဆန္ဒထုတ်ဖော်ကာ ကန့်ကွက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ပုဂ္ဂလိက ပိုင်တဲ့ မြေမဟုတ်တဲ့အတွက် ဘယ်လို လွှဲပြောင်း ရောင်းချသလဲ။ အောက်ခြေ ဝန်ထမ်းတွေ လာဘ်ပေး လာဘ်ယူတာလား ဆိုတာကို သိချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် အဆိုပါကိစ္စကို စုံစမ်း စစ်ဆေးရန်အတွက် ပြည်ထောင်စုလွှတ်တော် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ဆောက်လုပ်လျက် ရှိသော အဆောက်အအုံရှေ့တွင် ဗီနိုင်းများ ချိတ်ကာ ညနေ ၃ နာရီမှ ၆ နာရီအထိ ဆန္ဒထုတ်ဖော်မည် ဖြစ်ပြီး ခွင့်ပြုမိန့်ကို မေလ ၃ ရက်နေ့တွင် ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့ထားကြောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ခံ ဖြေကြားမည့်သူ မရှိကြောင်း အဆိုပါ ရဲစခန်းမှ တယ်လီဖုန်း ဖြေဆိုသူတစ်ဦးက ပြောသည်။

အလားတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်သည် တောင်ဥက္ကလာပ ၉ ရပ်ကွက်ရှိ အားကစားကွင်းနှင့် ပန်းခြံမြေနေရာကို ကြံ့ခိုင်ရေးပါတီ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ကန့်ကွက်ကြောင်း ဗီနိုင်း ပိုစတာများ ချိတ်ပြီး မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

The Voice Weekly
ဆောက်လုပ်လျက် ရှိသော အဆောက်အအုံရှေ့တွင် ဗီနိုင်းများ ချိတ်ကာ ညနေ ၃ နာရီမှ ၆ နာရီအထိ ဆန္ဒထုတ်ဖော်မည် ဖြစ်ပြီး ခွင့်ပြုမိန့်ကို မေလ ၃ ရက်နေ့တွင် ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့ ထားကြောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန် ခံ ဖြေကြားမည့်သူ မရှိကြောင်း အဆိုပါ ရဲစခန်းမှ တယ်လီဖုန်း ဖြေဆိုသူတစ်ဦးက ပြောသည်။
အလားတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်သည် တောင်ဥက္ကလာပ ၉ ရပ်ကွက်ရှိ အားကစားကွင်းနှင့် ပန်းခြံမြေနေရာကို ကြံ့ခိုင်ရေးပါတီ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ကန့်ကွက်ကြောင်း ဗီနိုင်း ပိုစတာများ ချိတ်ပြီး မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
The Voice Weekly

No comments:

Post a Comment