Sunday, May 18, 2014

ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား


Photo: ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား
Sunday, May 18, 2014

ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသော ကျေးရွာများ၌ စာရင်း ဆက်လက် ကောက်ယူရေးမှာ ကေအိုင်အို ဗဟိုကော်မတီ၏ အဆုံးအဖြတ်အပေါ် မူတည်ကြောင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကေအိုင်အို ဗဟိုကော်မတီထံ ဗိုလ်ချုပ်ဂွမ်မော်ထံမှ တစ်ဆင့် စာပို့ တောင်းဆိုထားကြောင်း၊ ကျန်ရှိရွာပေါင်း ၉၇ ရွာတွင် သန်းခေါင်စာရင်းကောက်ရန် ကေအိုင်အိုကို သင်တန်းပေးပြီး ဆောင်ရွက်နိုင်ကြောင်း၊ အခြားနည်းဖြင့်လည်း ကောက်ယူနိုင်သည်ဟု တောင်းဆိုစာတွင် ဖော်ပြထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ ကောက်လို့ ရမယ်ဆို ကောက်ခွင့်ပြုမယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်အရ သတ်မှတ်ကာလနောက် ရက်သတ္တပတ် ရှစ်ပတ်အတွင်း ထပ်မံကောက်ယူနိုင်ပြီး ယင်းကာလအတွင်း ကေအိုင်အို နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အိုနှင့် ဆွေးနွေးနေဆဲ ဖြစ်ပြီး အတိအကျ မသိရှိသေးကြောင်း ဦးခင်ရီက ပြောဆိုထားသည်။

ကေအိုင်အို နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စနှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာ ညွှန်ကြားထားမှု မရှိကြောင်း၊ ဆက်ကောက်မည် ဆိုပါက ဝန်ကြီးဌာနနှင့် ကေအိုင်အိုအကြား ညှိနှိုင်းဆောင်ရွက်မှု အရသာ လုပ်ဆောင်မည် ဖြစ်ပြီး တပ်မတော်က ပါဝင်ဆောင်ရွက်ရန် မရှိသေးကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

ကချင်ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရန် ၉၇ ရွာ ကျန်ရှိနေကြောင်း ဝန်ကြီးဦးခင်ရီက ပြောဆိုသော်လည်း ကျေးရွာ ၄၀ ခန့်တွင် အမှန်တကယ် လူနေထိုင်မှု မရှိသည်မှာ ၁၀ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ဒုက္ခသည် စခန်းများလည်း ကျန်ရှိနေသည့်အတွက် နည်းလမ်းနှစ်ခု စဉ်းစားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထပ်လောင်း ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း ဒေသအချို့၌ သန်းခေါင်စာရင်း ကောက်ယူရေးမှ အစပြုကာ တပ်မတော်နှင့် ကေအိုင်အေ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က ပြောဆိုထားသော်လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကေအိုင်အို အဖွဲ့တို့က သန်းခေါင်စာရင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မဟုတ်ဟု နှစ်ဖက်ခေါင်းဆောင်များက ငြင်းဆိုထားသည်။

The Voice Weekly 
 ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသော ကျေးရွာများ၌ စာရင်း ဆက်လက် ကောက်ယူရေးမှာ ကေအိုင်အို ဗဟိုကော်မတီ၏ အဆုံးအဖြတ်အပေါ် မူတည်ကြောင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကေအိုင်အို ဗဟိုကော်မတီထံ ဗိုလ်ချုပ်ဂွမ်မော်ထံမှ တစ်ဆင့်
စာပို့ တောင်းဆိုထားကြောင်း၊ ကျန်ရှိရွာပေါင်း ၉၇ ရွာတွင် သန်းခေါင်စာရင်းကောက်ရန် ကေအိုင်အိုကို သင်တန်းပေးပြီး ဆောင်ရွက်နိုင်ကြောင်း၊ အခြားနည်းဖြင့်လည်း ကောက်ယူနိုင် သည်ဟု တောင်းဆို စာတွင် ဖော်ပြထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ ကောက်လို့ ရမယ်ဆို ကောက်ခွင့်ပြုမယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်အရ သတ်မှတ်ကာလနောက် ရက်သတ္တပတ် ရှစ်ပတ်အတွင်း ထပ်မံကောက်ယူနိုင်ပြီး ယင်းကာလအတွင်း ကေအိုင်အို နယ်မြေများ၌ သန်းခေါင် စာရင်း ကောက်ရန် ကေအိုင်အိုနှင့် ဆွေးနွေးနေဆဲ ဖြစ်ပြီး အတိအကျ မသိရှိသေးကြောင်း ဦးခင်ရီက ပြောဆိုထားသည်။

ကေအိုင်အို နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စနှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာ ညွှန်ကြားထားမှု မရှိကြောင်း၊ ဆက်ကောက်မည် ဆိုပါက ဝန်ကြီးဌာနနှင့် ကေအိုင်အိုအကြား ညှိနှိုင်းဆောင်ရွက်မှု အရသာ လုပ်ဆောင်မည် ဖြစ်ပြီး တပ်မတော်က ပါဝင်ဆောင်ရွက်ရန် မရှိသေးကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

ကချင်ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရန် ၉၇ ရွာ ကျန်ရှိနေကြောင်း ဝန်ကြီး ဦးခင်ရီက ပြောဆိုသော်လည်း ကျေးရွာ ၄၀ ခန့်တွင် အမှန်တကယ် လူနေထိုင်မှု မရှိသည်မှာ ၁၀ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ဒုက္ခသည် စခန်းများလည်း ကျန်ရှိနေသည့်အတွက် နည်းလမ်းနှစ်ခု စဉ်းစားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထပ်လောင်း ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း ဒေသအချို့၌ သန်းခေါင်စာရင်း ကောက်ယူရေးမှ အစပြုကာ တပ်မတော်နှင့် ကေအိုင်အေ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က ပြောဆို ထားသော်လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကေအိုင်အို အဖွဲ့တို့က သန်းခေါင်စာရင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မဟုတ်ဟု နှစ်ဖက်ခေါင်းဆောင်များက ငြင်းဆိုထားသည်။

The Voice Weekly

No comments:

Post a Comment