Wednesday, May 7, 2014

ပေါင်းတည်တွင် ရဲနှင့် အရပ်သားရုန်းရင်းဆန်ခတ်ဖြစ် အရပ်သား သုံးဦး ဆေးရုံတင်ထားရဟုဆို

ပုဒ်မ ၅၀၅ (ခ) ဖြင့် မေ ၆ ရက်က ရုံးထုတ်စစ်ဆေးခံရသည့် ပြည်၊ သဲကုန်းမြို့နယ်မှ လယ်သမား ငါးဦး အနက် တစ်ဦးဖြစ်သည့် ကိုပေါက်စကို အာမခံမပေးဘဲ ပေါင်းတည်ထောင်သို့ ပြောင်းခဲ့ရာ ပေါင်း တည် ထောင်ရှေ့တွင် ရဲနှင့် အရပ်သား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အရပ်သားသုံးဦး ဆေးရုံတင်လိုက်ရ သည်ဟု လယ်သမားအရေး ကူညီလှုပ်ရှားသူများကပြောသည်။သဲကုန်းတရားရုံးတွင် ပုဒ်မ ၅၀၅(ခ) ဖြင့် သန့်ဇင်ထက်၊ ဒေါ်ညို၊ ဒေါ်မုန်း၊ကိုပေါက်စ၊ ကိုအောင် တို့ ငါးဦးကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ကိုပေါက်စ ကို အာမခံမပေးဘဲ ပေါင်းတည်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ညနေ ၅ နာရီအချိန် ပေါင်းတည်ထောင်ရှေ့တွင် လယ်သမားများက ကိုပေါက်စအား ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ ရဲတပ်ဖွဲ့ဝင် သုံးဆယ်ကျော်နှင့် လယ်သမားရှစ်ဦး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးဖြစ်သည့် မာနော်နှင့် အမျိုးသမီးနှစ်ဦးဖြစ်သည့် ဒေါ်ဝင်း၊ဒေါ်ညိုတို့ ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ပြီး ပေါင်းတည်ဆေးရုံကြီးသို့ တင်လိုက်ရသည်ဟု လယ် သမားအရေးကူညီလှုပ်ရှားသူ မဇင်မာဝင်း ကပြောသည်။
“မာနော်က လူအုပ်ကို ၀င်ဖြေရင်း ရဲတွေ ဖမ်းချုပ်ထိုးလို့ နံရိုးအောင့်နေတယ်။ ဒေါ်ဝင်းကို ရဲကဆောင့် တွန်း တာ လမ်းမနဲ့ ခေါင်းဆောင့်မိပြီး ထောင်အရှေ့ မြေနီလမ်းမှာ တစ်ကြိမ်လဲတယ်။ ပြည်-ရန်ကုန် လမ်းမှာ တစ်ကြိမ်လဲတယ်။ ဆေးရုံမှာ အောက်ဆီဂျင်ပိုက် တပ်ထားရတယ်။ ခေါင်းကိုလည်း ဓာတ်မှန် ရိုက်ရ မယ်။ ဒေါ်ညိုကတွန်းလားထိုးလားလုပ်ရင်းလမ်းပေါ်ရောက်တော့မူးလဲသွားတာ”ဟု ၎င်းကဆို သည်။ ပေါင်း တည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးစံဝေကို ဆက်သွယ်မေးမြန်းရာ ပဲခူးမြို့မှ အပြန်လမ်းတွင် ရှိနေပြီး အကြောင်းအရာကိစ်္စကို မသိရှိသေးဟုဆိုသည်။ဧပြီ ၁၁ ရက်က သဲကုန်းမြို့အပြင် ဘက် ရွှေကြိုးပင် နတ်စင်၌ လယ်ယာမြေ နှင့် အခြားမြေများ စုံစမ်းစစ် ဆေးရေး ကော်မရှင်မှ တာဝန်ရှိသူ သဲကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ လယ်ယာမြေ များတွင် ငါးကန်လုပ်ငန်းများ လုပ်ကိုင်နေသူ စီးပွားရေး လုပ်ငန်းရှင် ဦးထိုင်ထိုင်၊ သဲကုန်းမြို့နယ်အုပ်ချုပ် ရေးမှူး၊ သဲကုန်းမြို့နယ် သမဦးစီးမှူးတို့ကို လယ်ယာမြေသိမ်းဆည်းခံရသူ လယ်သမားငါးဆယ်ကျော်က ကျိန်စာတိုက်ခဲ့ကြသည်။
Mizzima - News in Burmese

No comments:

Post a Comment