Friday, May 2, 2014

ကိုယ်ပိုင်ကားနှင့်စီးလုံးငှားယာဉ်များအတွက် အာမခံထားနိုင်ပြီ

ကိုယ်ပိုင်ကားနှင့် အဝေးပြေး ခရီးသွားသူများအတွက် အလုံးစုံ မော်တော်ယာဉ်အာမခံကို မေ ၈ ရက်မှစတင်ရောင်းချတော့မည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမောင်မောင် သိမ်းက ယမန်နေ့တွင်ပြောသည်။
''အာမခံကို မေ ၈ ရက်မှာ စမယ်။ ဒီ့ထက်ပိုကောင်းတဲ့အချက် ကတော့ မူလကတော့ ဒီအာမခံကို အဝေးပြေးကားနဲ့ ခရီးသည်တွေ အတွက်ပဲ ရည်ရွယ်ထားပေမယ့် တချို့ပုဂ္ဂလိကကိုယ်ပိုင်ကားနဲ့ သွားမယ်၊ တက္ကစီငှားပြီးသွားမယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲ ဒီ အာမခံဝယ်ချင်တဲ့သူတွေရှိနေတယ်။ အဲဒီအတွက်ကြောင့် ဘာလုပ်လိုက် သလဲဆိုရင် ဒီအမြန်လမ်းမကြီး ဆိုင်ရာ အထူးခရီးသွားအာမခံကို မော်တော်ယာဉ်လိုင်းနဲ့ သွားမှ မဟုတ်ဘူး၊ ကိုယ်ပိုင်ယာဉ်နဲ့သွား တဲ့သူတွေလဲ ဝယ်လို့ရအောင်လုပ် ပေးမယ်။ ကိုယ်ပိုင်ယာဉ်နဲ့သွား မယ့် ခရီးသည်တွေအနေနဲ့ ၂ ယူနစ်အထိ ဝယ်ခွင့်ရှိတယ်''ဟု ဒေါက်တာမောင်မောင်သိမ်းကပြော သည်။

ကိုယ်ပိုင်ယာဉ်နဲ့သွားမယ့် ခရီး သည်များအနေဖြင့် အထူးခရီးသွား အာမခံကို ၂ယူနစ်အထိဝယ်ခွင့် ရှိပြီး တစ်စုံတစ်ခုဖြစ်ခဲ့သည်ဆို လျှင် လျော်ကြေးအနည်းဆုံး ၆၅ သိန်းအထိရမည်ဖြစ်သည်။
''ကိုယ်ပိုင်ကားနဲ့ခရီးသွားမယ့် ခရီးသည်တွေ၊စီးလုံးငှားပြီး ခရီး သွားမယ့် ခရီးသည်တွေအတွက် လဲ ဝယ်ချင်ရင် ဝယ်လို့ရအောင် လုပ်ပေးထားတယ်။ သူတို့ကလဲ ၂ယူနစ်အထိ ဝယ်လို့ရတယ်။ ၆ဝဝ ဖိုးဝယ်မယ်ဆိုရင် အကာ အကွယ်ဆိုရင် ၆၅ သိန်းအထိရ မယ်''ဟု ဒေါက်တာမောင်မောင် သိမ်းကဆိုသည်။
''ဒီ့ထက်နည်းနည်းပိုကောင်း တဲ့အချက်ကတော့ ပို့ဆောင်ရေး ကနေပြီးတော့ မော်တော်ယာဉ် လိုင်းတွေကို လိုင်စင်ထုတ်ပေးတဲ့ အခါမှာ စည်းကမ်းချက်ထဲမှာကို က ယာဉ်အတွက်ရော၊ ခရီးသည် အတွက်ရော အာမခံဖို့စီစဉ်ရမယ်။ ပြီးတော့ နိုင်ငံတော်အသိအမှတ်ပြု အာမခံကုမ္ပဏီ သို့မဟုတ် မြန်မာ့ အာမခံနဲ့စီစဉ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်း ချက်ကပါပြီးသားဖြစ်သွားတယ်။ အဲဒီတော့ အဲဒီပြဋ္ဌာန်းချက်အရ ဆိုရင် လုပ်ကို လုပ်ရမယ်ဆိုတဲ့ အနေအထားဖြစ်သွားပြီပေါ့''ဟု ၄င်းကဆက်ပြောသည်။
ယခုလို စီစဉ်ဆောင်ရွက်ခြင်း ကြောင့် မိုင် ၁ဝဝ အထက် အဝေး ပြေးယာဉ်လိုင်းများသွားသည့်အခါ အဝေးပြေးယာဉ်လိုင်းဖြင့်သွားသည် ဖြစ်စေ၊ ကိုယ်ပိုင်ကားနှင့်သွား သည်ဖြစ်စေ အဝေးပြေးအထူးခရီး သွားအာမခံကို ရရှိစေမည်ဖြစ် ကြောင်းသိရသည်။
''ခရီးသည်များအနေနဲ့အာမခံ လက်မှတ်များဝယ်ဖို့အတွက် ခရီး သည်တွေ အလွယ်တကူဝယ်လို့ရ အောင် မြန်မာ့အာမခံလုပ်ငန်း အပါအဝင်ပုဂ္ဂလိကအာမခံလုပ်ငန်း တွေနဲ့ ရုံးခွဲတွေမှာစပြီး ရောင်းပေး မယ်။ အဲဒီလိုရောင်းပေးမယ့် လိပ်စာတွေ၊ဖုန်းနံပါတ်တွေအားလုံး ကို မကြာမီ သတင်းစာထဲကထည့် ပြီး ကြေညာပေးမယ်။ နောက်ပြီး ရင်တော့ ဒီ့ထက်တိုးချဲ့ပြီးတော့ ဥပမာ-ဓာတ်ဆီဆိုင်တွေမှာ ရောင်း ပေးတာမျိုး၊ Convenience Store တွေမှာ ရောင်းပေးတာမျိုး၊ ကား ဂိတ်တွေနဲ့နီးတဲ့ စားသောက်ဆိုင် တွေမှာရောင်းပေးတာမျိုး စတာတွေ ကိုလဲ အာမခံကုမ္ပဏီတွေက မကြာမီမှာလုပ်ပေးသွားလိမ့်မယ်။ ဒါဆိုလို့ရှိရင် ကိုယ်ပိုင်ကားနဲ့ပဲ သွားသွား၊ခရီးသည်တင်ယာဉ်လိုင်း နဲ့ပဲသွားသွား အာမခံအကာအကွယ် မလွတ်တော့ဘူးပေါ့။ အဲဒါကြောင့် လုံခြုံစိတ်ချမှုက အပြည့်အဝရသွား မယ်''ဟု ဒေါက်တာမောင်မောင် သိမ်းကပြောသည်။
အာမခံပရီမီယံ ၃ဝဝကတစ်စုံ တစ်ခုဖြစ်လို့သေဆုံးခဲ့ရင် သိန်း ၃ဝရရှိမှာဖြစ်ပြီး မသေဘဲနဲ့ထိခိုက် ဒဏ်ရာရပြီး ဆေးရုံတက်ရလျှင်
ဆေးကုသစရိတ်အနေဖြင့် ၂၄သိန်း အမြင့်ဆုံးပေးလျော်မှာဖြစ်ကြောင်း သိရသည်။
''ဆေးကုသစရိတ်က ၂၄ သိန်းအထိ အမြင့်ဆုံးခံစားခွင့်ရှိ တယ်။ တကယ်လို့ ဆေးကုသ စရိတ်က ၁၅သိန်းကုန်တယ်ဆိုရင် ၁၅သိန်းပေးလျော်မယ်။ ၂ ယူနစ် ဝယ်တဲ့သူကျတော့ အမြင့်ဆုံး ၄၈ သိန်းအထိ ခံစားခွင့်ရှိတယ်။ ပရီ မီယံရောင်းချပေးတဲ့သူတွေကိုလဲ ၁ဝ ရာခိုင်နှုန်းပေးမယ်။ အရင်က ၁ဝဝ ဆိုတော့ ၁ဝသိန်းပေးတယ်။ အခု ၃ဝဝဆိုတော့ သိန်း ၃ဝ ပေး တယ်''ဟု ဒေါက်တာမောင်မောင် သိမ်းကဆိုသည်။

The Union Daily

No comments:

Post a Comment