Tuesday, May 6, 2014

နည်းပြရာထူးတစ်နေရာရရေး မန်ယူအသင်းမှ ထွက်ခွာမည်ဟုရိုင်ယန်ဂစ်ဖွင့်ဟ

ပရီမီယာလိဂ်ကလပ်မန်ယူအသင်း၏ ယာယီနည်းပြဖြစ်သူ ရိုင်ယန်ဂစ် သည် ယခုနှစ်နွေရာသီတွင် မန်ယူ အသင်းအနေဖြင့်စာချုပ်သစ်ကမ်းလှမ်းခဲ့ခြင်းမရှိပါက ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်းနှင့် နည်းပြရာထူးတစ်နေရာရရှိရေးအတွက် မန်ယူအသင်းကို စွန့်ခွာတော့မည်ဖြစ်ကြောင်း ရိုင်ယန်ဂစ်က ပြော ကြားခဲ့သည်။မန်ယူအသင်းသည် လက်ရှိတွင် လာမည့်ဘောလုံးရာသီတွင် လူးဝစ် ဗန်ဂဲလ်အား အမြဲတမ်း နည်းပြအဖြစ်ခန့်အပ်ရန် ပစ်မှတ်ထားလျက်ရှိပြီး ယင်းသို့မန်ယူအသင်း၏ ရည်ရွယ်ချက်အောင်မြင်ခဲ့ပါက ၎င်းအနေဖြင့် နည်းပြဘဝနှင့်သာမဟုတ်ဘဲ ကစားသမားဘဝနှင့်ပင် မန်ယူအသင်း၌ ဆက်ရှိတော့ မည်မဟုတ်ကြောင်း ရိုင်ယန်ဂစ်က ဆိုသည်။

မန်ယူအသင်းမှ ထွက်ခွာခဲ့ပါက ကစားသမားဘဝဖြင့် အခြားကလပ်အသင်း များသို့ ပြောင်းရွှေ့လိမ့်မည် မဟုတ် ဘဲ နည်းပြဘဝဖြင့် အခြားကလပ်အသင်း တစ်ခုတွင် တာဝန်ထမ်းဆောင်ရန်ရည်ရွယ်ထားကြောင်း ရိုင်ယန်ဂစ်က လူသိ ရှင်ကြားပြောကြားခဲ့သည်။ရိုင်ယန်ဂစ်သည် မန်ယူအသင်းအနေဖြင့် ဒေးဗစ်မိုယက် အား နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြရာထူးအဖြစ် မန်ယူအသင်းအား စတင် ကိုင်တွယ်ခဲ့ သည့် နော့ဝှစ်ခ်ျအသင်းနှင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ကြောင်း၊ ဆန်းဒါးလန်းအသင်းနှင့်ပွဲစဉ်တွင် တစ်ဂိုး-ဂိုး မရှိဖြင့်ရှုံးနိမ့်ခဲ့ခြင်းကြောင့်အမြဲတမ်းနည်းပြရာထူးတစ်နေရာမသေချာတော့သည့်အတွက် အသင်းမှထွက်ခွာ ရန် ဆုံးဖြတ်ထားခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
 ငွေကြယ်
The Mirror Daily

No comments:

Post a Comment