Monday, May 12, 2014

အာဆီယံ ထိပ်သီးစည်းဝေးပွဲ ဦးသိန်းစိန် မိန့်ခွန်းပြောကြား

Photo: အာဆီယံ ထိပ်သီးစည်းဝေးပွဲ ဦးသိန်းစိန် မိန့်ခွန်းပြောကြား
Monday, May 12, 2014

မြန်မာနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေစဉ်အတွင်း မှာ ဒေသ တွင်း ရွှေ့ပြောင်းအလုပ်သမားတွေ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် တဲ့ သဘောတူစာချုပ် အပြီးသတ်ရေးဆွဲနိုင်ဖို့ကို ဦးစားပေးဆောင်ရွက်မယ့် အစီအစဉ်ကို ကြိုးပမ်းသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်ပါတယ်။

၂၄ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်လှစ်ပွဲအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ညနေပိုင်းမှာ နိုင်ငံတော်သမ္မတက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲ ပူးပေါင်းဆောင်ရွက်မယ့်အထဲ မှာ ပြည်သူ ဗဟိုပြု အာဆီယံအဖွဲ့ဖြစ်လာဖို့ ကြိုးပမ်းသွားမှာ ဖြစ်သလို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာ တစ်ခုတည်းသော ဈေးကွက် ဖြစ်လာရေး ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်ရေးမှာ အားလုံး လက်ခံနိုင်မယ့် အကောက်ခွန်စနစ် တစ်ခု ဖြစ်လာရေး စတဲ့ ၂ဝ၁၅ အလွန် အာဆီယံအဖွဲ့ရဲ့ ရည်မှန်းချက်တွေ ကိုလည်း အဖွဲ့ဝင် နိုင်ငံအားလုံးက သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။ 

ဒါ့အပြင် အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်မှု၊ အကူအညီပေးနိုင်မှုတွေမှာ ထိရောက်မှုရှိအောင် ရှိထားပြီးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက် နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်တွေ ကိုလည်း ပိုမိုထိရောက်အောင် ကြိုးပမ်းဖို့ကိုလည်း အဖွဲ့ဝင်တွေက သဘောတူခဲ့ကြပါတယ်။

RFA 
 မြန်မာနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေစဉ်အတွင်း မှာ ဒေသ တွင်း ရွှေ့ပြောင်း အလုပ်သမားတွေ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် တဲ့ သဘောတူစာချုပ် အပြီးသတ်ရေးဆွဲနိုင်ဖို့ကို ဦးစားပေးဆောင်ရွက်မယ့် အစီအစဉ်ကို ကြိုးပမ်းသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်ပါတယ်။

၂၄ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်လှစ်ပွဲ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ညနေပိုင်းမှာ
နိုင်ငံတော် သမ္မတက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲ ပူးပေါင်းဆောင်ရွက်မယ့်အထဲ မှာ ပြည်သူ ဗဟိုပြု အာဆီယံ အဖွဲ့ဖြစ် လာဖို့ ကြိုးပမ်းသွားမှာ ဖြစ်သလို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာ တစ်ခုတည်းသော ဈေး ကွက် ဖြစ် လာရေး ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်ရေးမှာ အားလုံး လက်ခံနိုင်မယ့် အကောက်ခွန်စနစ် တစ်ခု ဖြစ် လာရေး စတဲ့ ၂ဝ၁၅ အလွန် အာဆီယံအဖွဲ့ရဲ့ ရည်မှန်းချက်တွေ ကိုလည်း အဖွဲ့ဝင် နိုင်ငံအားလုံးက သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်မှု၊ အကူအညီပေးနိုင် မှုတွေမှာ ထိရောက်မှုရှိအောင် ရှိထားပြီးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက် နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်တွေ ကိုလည်း ပိုမိုထိရောက်အောင် ကြိုးပမ်းဖို့ကိုလည်း အဖွဲ့ဝင်တွေက သဘောတူခဲ့ကြပါတယ်။

RFA

No comments:

Post a Comment