Monday, May 12, 2014

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အင်အား ၇၀၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ်

Photo: မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အင်အား ၇၀၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ်
Monday, May 12, 2014

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့တွင် မေ ၁၁ ရက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အင်အား ၇၀၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

မေ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ)နှင့် မတရားသည့် ပုဒ်မများအားလုံး ပြင်ဆင်ပေးရန် အင်အား ၇၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

၈၈ ကျောင်းသားဟောင်း ဦးဇော်မင်းက “အခုလို ဆန္ဒဖော်ထုတ်ရတာဟာ စစ်မှန်တဲ့ဒီမိုကရေစီ မရောက်ရှိသေးတာလည်း ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက လူတစ်စုအတွက် ရပ်တည်ဖို့ လုပ်ထားတာဖြစ်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်လူတစ်စု သက်ဆိုးရှည်ရေးအတွက် ရေးဆွဲထားခြင်း ဖြစ်တယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူတွေ လမ်းပေါ်ထွက်ရမယ့်အချိန် ရောက်နေပါပြီ” ဟုပြောကြားခဲ့သည်။

ဗကသ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုအောင်ထက်နိုင်က “ကျွန်တော်တို့ကို အခုလို ဆန္ဒထုတ်ဖော်ထားတာကို ကျောင်းစည်းကမ်းထဲမှာ မပါဘူး။ ဒါပေမဲ့ ပြည်သူတစ်ယောက်အနေနဲ့ အခုလို ဆန္ဒထုတ်ဖော်ပွဲကို လာခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာထက် အသစ်ပြန်လည်ရေးဆွဲဖို့ကိုပဲ ပြုလုပ်သင့်ပါတယ်” ဟုဆိုသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် NLD ပါတီဝင်များ၊ ၈၈ ကျောင်းသားဟောင်းများ၊ ဗကသအဖွဲ့၊ နိုင်/ကျဉ်းအဖွဲ့ဝင်များနှင့် ရမည်းသင်းမြို့ ဒေသခံပြည်သူများ ပါဝင်ကြပြီး ပျော်ဘွယ်၊ နေပြည်တော် မိတ္ထီလာမြို့များမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ပါဝင်ကြကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား ရမည်းသင်းခရိုင် အနေဖြင့် မြို့နယ်များနှင့် ကျေးရွာဒေသများသို့ သွားရောက်၍ ပြည်သူများ၏ ဖွဲ့စည်းပုံအခြေခံ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းတို့အား လက်မှတ်ထိုး စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့တွင် မေ ၁၁ ရက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အင်အား ၇၀၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

မေ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ)နှင့် မတရားသည့် ပုဒ်မများအားလုံး ပြင်ဆင်ပေးရန် အင်အား ၇၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

၈၈ ကျောင်းသားဟောင်း ဦးဇော်မင်းက “အခုလို ဆန္ဒဖော်ထုတ်ရတာဟာ စစ်မှန်တဲ့ဒီမိုကရေစီ မရောက်ရှိသေးတာလည်း ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက လူတစ်စုအတွက် ရပ်တည်ဖို့ လုပ်ထားတာဖြစ်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်လူတစ်စု သက်ဆိုးရှည်ရေး အတွက် ရေးဆွဲ ထားခြင်း ဖြစ်တယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တစ်တိုင်းပြည်လုံးမှာ
ရှိတဲ့ ပြည်သူတွေ လမ်းပေါ်ထွက်ရမယ့်အချိန် ရောက်နေပါပြီ” ဟုပြောကြားခဲ့သည်။

ဗကသ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုအောင်ထက်နိုင်က “ကျွန်တော်တို့ကို အခုလို ဆန္ဒထုတ်ဖော်ထားတာကို ကျောင်းစည်းကမ်းထဲမှာ မပါဘူး။ ဒါပေမဲ့ ပြည်သူတစ်ယောက်အနေနဲ့ အခုလို ဆန္ဒထုတ်ဖော်ပွဲကို လာခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာထက် အသစ်ပြန်လည်ရေးဆွဲဖို့ကိုပဲ ပြုလုပ်သင့်ပါတယ်” ဟုဆိုသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် NLD ပါတီဝင်များ၊ ၈၈ ကျောင်းသားဟောင်းများ၊ ဗကသအဖွဲ့၊ နိုင်/ကျဉ်းအဖွဲ့ဝင်များနှင့် ရမည်းသင်းမြို့ ဒေသခံပြည်သူများ ပါဝင်ကြပြီး ပျော်ဘွယ်၊ နေပြည်တော် မိတ္ထီလာမြို့များမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ပါဝင်ကြကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား ရမည်းသင်းခရိုင် အနေဖြင့် မြို့နယ်များနှင့် ကျေးရွာဒေသများသို့ သွားရောက်၍ ပြည်သူများ၏ ဖွဲ့စည်းပုံအခြေခံ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းတို့အား လက်မှတ်ထိုး စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment