Tuesday, May 27, 2014

ဝရမ်းပြေးသွားဖမ်းသည့် ကိစ္စနှင့်ပတ်သက်၍ ရဲကင်းစခန်းအားမီးရှို့ဖျက်စီးခံရပြီး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ၀ိုင်း ၀န်းရိုက်နှက်ခံရ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ဗန်မောက်မြို့၏ အနောက်မြောက်ဘက် မိုင်(၆၀) ခန့်ရှိ ခေါရော ကျေးရွာတွင် မေလ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ၀ရမ်းအတည်ပြုရန် တာဝန်ထမ်းဆောင်လျက်ရှိ သော ရဲတပ်ဖွဲ့ဝင်နှစ်ဦး ၀ိုင်းဝန်းရိုက်ခံရပြီး ဆိုင်ကယ်များ မီးရှို့ဖျက်စီးခံလိုက်ရကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးထံမှ သိရသည်။

ဗန်းမောက်မြို့နယ် တရားရုံး၏ အမှုအမှတ် ၁၂/ ၂၀၁၄၊ မူးယစ်ပုဒ်မ ၁၅/ ၁၆(ဂ)အမှုမှ ထွက်ပြေးတိမ်း ရှောင်နေသူ ကိုခင်မောင်ဝင်း အသက်(၃၂)နှစ်၊ဆိုသူအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/၈၈ အရ ၀ရမ်းအတည်ပြုရန် ကိုယ်ပိုင်အမှတ် လ/၂၀၅၈၆၇ ရဲတပ်သား ကျော်မိုး ဆိုသူနှင့် ကိုယ်ပိုင်အမှတ် လ/ ၁၉ ၂၀၇၁ ရဲတပ်သား ကျော်မောင်မောင် ဆိုသူတို့သည် ဆိုင်ကယ်နှစ်စီးဖြင့် ဗန်းမောက်မြို့နယ်၊ ခေါရောကျေး ရွာသို့သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာသို့ ၎င်းရဲတပ်ဖွဲ့ဝင်နှစ်ဦးရောက်ရှိသည့်အခါ မြို့နယ်တရားရုံးမှ အမှုဖြင့်အလိုရှိနေသူ ကို ခင်မောင်ဝင်း ဆိုသူနေထိုင်ခြင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းဝေ ထံမှ အ တည်ပြုချက်ရယူပြီးနောက် ရဲစခန်းသို့ပြန်လာစဉ် ရွာလယ်ရေးတွင်းအနီးတွင် ဒေသခံရွာသား လူအင်အား (၂၀)ဦးခန့်က ဂဏန်းဘာသာစကားပြောဆိုပြီး ဒုတ်၊ဓား လက်နက်များဖြင့် ၀ိုင်းဝန်ပိတ်ဆို့ခဲ့ရာ အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းဝေ နေအိမ်သို့ ထွက်ပြေးတိမ်းရှောင်၍ ပုန်းခိုနေခဲ့ရသည်။

ထိုအချိန်တွင် ဒေသခံ ရွာသား လူ(၁၀)ဦးမှ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းဝေ၏ နေအိမ် ပေါ်သို့တက်ရောက်၍ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ရှာဖွေခဲ့ပြီးနောက် ပုန်းခိုနေသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား နေ အိမ်အောက်သို့ တရွတ်တိုက်ဆွဲခေါ်လာခဲ့ပြီး အဆိုပါ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းဝေ၏ နေအိမ်ရှေ့လမ်းမပေါ်တွင် ဒေသခံ ရွာသား လူအင်အား(၅၀)ဦးခန့်က ၎င်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ၀ိုင်းဝန်း ရိုက်ခဲ့ခြင်းဖြစ်ကြောင်း ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အတည်ပြုပြောကြားခဲ့သည်။

ထိုအချိန်၌ ရဲတပ်ဖွဲ့ဝင်နှစ်ဦး စီးနင်းလာသည့် KENBO 125 ဆိုင်ကယ်နှစ်စီးအား အဆိုပါ လူအုပ်ကြီးမှ မီး ရှိုဖျက်စီးခဲ့ပြီးနောက် ည ၉ နာရီအချိန်တွင် လိပ်စော နယ်မြေလှုပ်ရှားရဲကင်းစခန်းရှိရာ အရပ်သို့ ၎င်းလူအုပ် ကြီးမှ ဆက်လက်ထွက်ခွာသွားခဲ့ပြီး လိပ်စော နယ်မြေရဲကင်းစခန်းအား အကြမ်းဖက်ဝင်ရောက်ကာ နယ် မြေလှုပ်ရှားရဲကင်းစခန်းအား မီးရှို့ဖျက်စီးခဲ့ကြသည်။

ထို့နေ့ည ၁၀ နာရီခွဲအချိန်တွင် အဆိုပါ လူအုပ်ကြီးမှာ လူစုခွဲ၍ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ မီးရှို့ဖျက်စီးခံလိုက်ရသည့် နယ် မြေလှုပ်ရှား
 ရဲကင်းစခန်း၏ အဆောက်အဦးမှာ အလျား၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၁၅ ပေ၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး၊ တစ်ထပ်မြေစိုက် အမျိုးအစား အဆောက်အဦးဖြစ်သည်။ သတ်မှတ်ကာလတန်းဘိုးမှာ (၂၅)သိန်းကျပ်ဖြဖစ်သည်။

ထို့ကြောင့် မီးရှို့ဖျက်စီးခံလိုက်ရသည့် လိပ်စော နယ်မြေလှုပ်ရှား ရဲကင်းစခန်းရှိရာအရပ်သို့ ကသာခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမြင့်နှင့်အဖွဲ့မှ အချိန်မီသွားရောက်ကာ လိပ်စောရဲကင်းစခန်းအား မီးရှို့ဖျက်စီး ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စုံးစမ်းစစ်ဆေးလျက်ရှိသည်။

“ ဒဏ်ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကတော့ အခုဆိုရင် သတိကောင်းစွာပြန်လည်ရရှိနေပါပြီ..။ သူတို့နှစ်ဦးစလုံး ကြောင်လည်တိုက်နယ် ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်…” ဟု ဗန်းမောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဖုန်းဖြင့် ဆက်သွယ်ပြောကြားသဖြင့် သိရသည်။

ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်ပြီး ရဲစခန်းနှင့် ရဲတပ်ဖွဲ့ဝင်သုံး ဆိုင်ကယ်နှစ်စီးအား မီးရှို့ဖျက်စီးခဲ့သူ များကို စုံးစမ်းဖော်ထုတ်အရေးယူပေးရန် မံစီကြီးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မောင် ဇော်မှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ မံစီကြီးနယ်မြေရဲစခန်းက မေလ ၂၃ ရက်နေ့တွင် (ပ)၁၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၄၃၆/၃၃၃/ ၄၂၇/၁၁၄ အရ အမှုအား လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုလ ၁၈ ရက်နေ့ည ၁၀ နာရီအချိန်က ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျောက်ဖြူတိုင်ကျေးရွာ၊ စာသင်ကျောင်းဝန်းအတွင်း၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်လေးဦးအား ဒေသခံရွာသူ ရွာ သား လူအင်အား(၅၀)ကျော်မှ ၀ိုင်းဝန်းရိုက်နှက်ခဲ့ပြီး ဆိုင်ကယ်(၁၂)စီး၊ ကား(၅)စီး၊ စာသင်ကျောင်းဆောင် ရှိ မှန်ပြတင်းတံခါးများ ပျက်စီးဆုံးရှုံးခဲ့ရသော ဖြစ်စဉ်များပေါ်ပေါက်ခဲ့သေးကြောင်း သိရသည်။


ကိုတိုးကြီး ချင်းတွင်း


ရွှေမြန်မာ

No comments:

Post a Comment