Monday, May 26, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်က နိုင်ငံအကျိုးကို ကာကွယ်ပြီး ပြင်ဆင် လိမ့်မည်ဟု အာဏာရပါတီ ကိုယ်စားလှယ်များပြော

ရန်ကုန်၊ မေ ၂၅- ဖွဲ့စည်းပုံပြင်ဆင် ရေးတွင် တပ်မတော်သား ကိုယ်စား လှယ်များမှ နိုင်ငံအကျိုးကာကွယ် ကာ ပြင်ဆင်မည်ဖြစ်ပြီး မည်သို့ပြင် ဆင်မည်ကို လွှတ်တော်၌ ဆွေးနွေး ချိန်များတွင် စောင့်ကြည့်ရန် ရှိကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဝင် လွှတ်တော်ကိုယ်စား လှယ်များမှ ဆိုသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပုဒ်မ-၄၃၆ ပြင် ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်း/ပွင့်) တို့ ပူးပေါင်းလုပ်ဆောင်နေသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေ လူထုဆန္ဒထုတ်ဖော် ပွဲများတွင်ြီူ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်မှ တပ်မတော်အနေဖြင့် ဂုဏ်သိက္ခာမြှင့်တင်ရန် ပုဒ်မ-၄၃၆ ပြင်ဆင်ရေးတွင် ကာကွယ်ရေးဦးစီး ချုပ်နှင့် လွှတ်တော်တွင်းရှိ တပ်မ တော်သား
ကိုယ်စားလှယ်များ ပါဝင် လက်မှတ်ထိုးရန်တိုက်တွန်းထားသည့် အပေါ် အထက်ပါအတိုင်း အာဏာ ရပါတီကိုယ်စားလှယ်များမှ သုံးသပ် ပြောကြခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦးက ''ဒီနေ့စနစ်ရောက် အောင်လဲ တပ်မတော်အစိုးရကပဲ လုပ်ပေးတာပဲ မဟုတ် ဘူးလား။ ဒီတော့ သူလဲ တိုင်းပြည်ကို စေတနာရှိပါ လိမ့်မယ်။ စေတနာရှိတဲ့အတွက် သူ လဲ မဖြစ်သင့်မဖြစ် ထိုက်ဘူး ဆိုတဲ့ ကိစ္စတွေကို ကာကွယ်မှာပေါ့။ ဘာ တွေဆိုတာတော့ ကျွန်တော်မပြော တတ်ဘူး။ သူ့ခေါင်းထဲမှာရှိမှာပေါ့။ ကျွန်တော့်အနေ နဲ့ပြော ရရင် ကျွန် တော်လဲ စစ်သားပါပဲ။ အခုစစ်သား မဟုတ်တော့ဘူး။ စစ်သားတွေအား လုံးက တိုင်းပြည်အတွက် ဘယ်တော့ မှ သစ္စာမဲ့ပြီးတော့မှ မဖြစ်သင့် မဖြစ် ထိုက်တဲ့ကိစ္စတွေကို ဟိုလူ့ကြောက် လို့၊ ဒီလူ့ကြောက်လို့ လုပ်မယ့်သူတွေ တစ်ယောက် မှမရှိဘူး''ဟု ပြောသည်။

လွတ်လပ်ရေးရရှိရန် တပ်မ တော်ကပင် ကြိုးစားတိုက်ပွဲခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးစီး သည့် ရဲဘော်သုံးကျိပ် မှအစပြုကာ တပ်မတော်သားများ ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးချိန် တွင်လည်း ပြည်တွင်းသောင်းကျန်း မှုများလျော့နည်းသွားစေရန် တပ်မ တော်ကပင် ထိန်းသိမ်းခဲ့ရကြောင်း၊ တရုတ်ဖြူအရေးအခင်းကဲ့သို့ ပြည် တွင်းအရေး အခင်းများနှင့် ပြည်ပအ ရေးအခင်းများတွင် ပြည်သူများနှင့် ပူးပေါင်းကာအသက်စွန့်၍ နိုင်ငံကို ကာကွယ်ခဲ့သည်မှာလည်း တပ်မတော် ပင်ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင်လည်း နိုင်ငံအုပ်ချုပ်ရေးများ ပျက်ပြားသွား ချိန်၌ ဝိုင်းဝန်းထိန်းပြီး ဆောင်ရွက် ခဲ့သည်မှာလည်း တပ်မတော်ပင် ဖြစ် သည့်အတွက် နိုင်ငံ့ကောင်းကျိုးကို ရှေးရှုကာ တပ်မတော်မှ ပါဝင်ဆောင် ရွက်မည်ဟုထင်မြင်မိကြောင်း ဦးဌေး ဦးမှ မှတ်ချက်ပေးသည်။

အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေက''သမ္မတ၊ ကာချုပ် နဲ့ ပြည်ထောင်စုလွှတ်တော် နာယက ပြင်သင့် တာတွေ ပြင်မယ်လို့ ပြောပြီး သားပဲ။ ပုဒ်မ-၄၃၆ က ဖွင့်ပြီးသားပါ။ အခုဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးအကောင် အထည်ဖော်ရေး ကော် မတီကလဲ ဒီပုဒ်မကိုပြင်ဖို့ သဘောတူ တယ်လို့ အသံတွေထွက်နေတယ်။ တပ်မတော်က ပြင်ဆင် တဲ့ဘက်မှာ ရပ်တည်မယ်လို့ထင်တယ်။ ကာကွယ် ရေးဦးစီးချုပ်ရဲ့ သဘောအတိုင်း ပြင် ပါလိမ့်မယ်။ ပုဒ်မတိုင်းတော့ မဟုတ် ဘူးပေါ့''ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)ပါ ပုဒ်မ- ၄၃၆ရှိ ပြဋ္ဌာန်းချက် များကို ပြင်ဆင်လိုလျှင် ပြည်ထောင် စုလွှတ်တော် ကိုယ်စား လှယ်အားလုံး ၏ ၇၅ရာခိုင်နှုန်းကျော် ပြင်ဆင်ရန် သဘောတူလက်ခံရမည်ဖြစ်ကာ လွှတ်တော်ပြင်ပတွင် လူထုဆန္ဒခံ ယူ ပွဲကျင်းပရမည်ဟုပါရှိပြီး ထိုသို့ လွှတ် တော်တွင်းပြင်ဆင်နိုင်ရန် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တစ် ဦး မှ ထောက်ခံရန် လိုအပ်သည်။

ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းက '' တချို့ကတော့ ပြော ကြတာ ပြည်သူကရွေးတဲ့သူတွေ ဘာ တွေပေါ့။ တပ်မတော် သားကိုယ်စား လှယ်တွေကတော့ စစ်သားအမြင် နဲ့ပေါ့။ တပ်မတော်က ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက် ရမယ်ဆိုတာ လည်းရှိတော့ နိုင်ငံ့အကျိုး ပြည်သူ့ အကျိုးနဲ့ပတ်သက်ရင် သူရပ်တည် သွားမှာပါ။ အတတ်နိုင်ဆုံးတော့ ပူး ပေါင်းပြီးဝိုင်းလုပ်နေတယ်လို့ မြင် တယ်'' ဟု ပြောသည်။

လက်ရှိတွင် လွှတ်တော်တွင်း ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အကောင်အထည် ဖော်ရေးကော်မတီတွင် တပ်မတော် သားကိုယ်စားလှယ် ခုနစ်ဦးထိ ပါဝင် နေကာ လတ်တလော ပြင်ပတွင် ထွက် ပေါ်နေသည့်သတင်းများအရ ပုဒ်မ -၄၃၆ ပြင်ဆင်ရေးကို ကော်မတီဝင် များမှ သဘောတူထားကြောင်း သိရ သည်။

ZCH
[---Democracy today Daily Newspaper---]

Yangon Media Group

No comments:

Post a Comment