Thursday, May 15, 2014

နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်

Photo: နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်
Thursday, May 15, 2014

အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲအဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးစိုက်ရာ မြို့တော်ခန်းမ နေရာနှစ်ခုအနက် နေရာတစ်ခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူများက ထပ်လောင်း ပြောကြားသည်။
တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှိသည့် စာတတ်မြောက်ရေးလုပ်ငန်း ဗဟိုကော်မတီဝင်များ တက်ရောက်မည် ဖြစ်သဖြင့် ယင်းကော်မတီဝင်များ၏ သွားလာနေထိုင် စားသောက်ရေးများကို တိုင်းဒေသကြီး အခွန်နှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြို့တော်ဝန်နှင့် လူမှုရေးဝန်ကြီးတို့က တာဝန်ယူ စီစဉ် ဆောင်ရွက်နေကြောင်း ယင်းတာဝန်ရှိသူများက ထပ်မံ ပြောကြားသည်။
မူလက မန္တလေးတက္ကသိုလ်သို့ နိုင်ငံတော်သမ္မတ လာရောက်ရန် ရှိသော်လည်း လက်ရှိတွင် လာရောက်မည့် အစီအစဉ် မဖြစ်တော့ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်ခင်မြင့်မြင့်က ဆိုသည်။
နိုင်ငံတော်သမ္မတ မန္တလေးသို့ လာရောက်မည့် ခရီးစဉ်အတွင်း မိန့်ခွန်းပြောမည့် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို မန္တလေးခရိုင် အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြေဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် မန္တလေးမြို့ပေါ်သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း မြို့ပေါ် တန်ခိုးကြီး ဘုရားများသို့ ဖူးမြော်ခြင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

The Voice Weekly 
 အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြော ကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲ အဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်
သာယာရေး ကော်မတီ ရုံးစိုက်ရာ မြို့တော်ခန်းမ နေရာနှစ်ခုအနက် နေရာတစ်ခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူများက ထပ်လောင်း ပြောကြားသည်။
တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ရှိသည့် စာတတ်မြောက်ရေးလုပ်ငန်း ဗဟိုကော်မတီဝင်များ တက်ရောက်မည် ဖြစ် သဖြင့် ယင်းကော်မတီဝင်များ၏ သွားလာနေထိုင် စားသောက်ရေးများကို တိုင်းဒေသကြီး အခွန်နှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြို့တော်ဝန်နှင့် လူမှုရေးဝန်ကြီးတို့က တာဝန်ယူ စီစဉ် ဆောင်ရွက်နေကြောင်း ယင်းတာဝန်ရှိသူများက ထပ်မံ ပြောကြားသည်။
မူလက မန္တလေးတက္ကသိုလ်သို့ နိုင်ငံတော်သမ္မတ လာရောက်ရန် ရှိသော်လည်း လက်ရှိတွင် လာရောက်မည့် အစီအစဉ် မဖြစ်တော့ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်ခင်မြင့်မြင့်က ဆိုသည်။
နိုင်ငံတော်သမ္မတ မန္တလေးသို့ လာရောက်မည့် ခရီးစဉ်အတွင်း မိန့်ခွန်းပြောမည့် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို မန္တလေးခရိုင် အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြေဝင်းက ပြော ကြားသည်။

နိုင်ငံတော်သမ္မတသည် မန္တလေးမြို့ပေါ်သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း မြို့ပေါ် တန်ခိုးကြီး ဘုရားများသို့ ဖူးမြော်ခြင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment