Wednesday, May 28, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်များ ဒုတိယအကြိမ် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်များ ဒုတိယအကြိမ် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်
Wednesday, May 28, 2014

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲသို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ နယ်ပယ်စုံမှ နာမည်ကျော် အနုပညာရှင် ၂၀ ကျော်ခန့် လာရောက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

“နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့အရေးဖြစ်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပါဝင်ပေးတာပါ။ ကျွန်တော်တို့က ပြည်သူတွေနဲ့အတူ မျှဝေခံစား ပေးချင်တဲ့စိတ်ပဲ ရှိပါတယ်။ နိုင်ငံရေးကို အဲဒီလောက်ကြီး နားလည်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ ပရိသတ်တွေ၊ နောင်လာမယ့် မျိုးဆက်တွေ ပြောင်းလဲဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လာရောက် လက်မှတ်ရေးထိုးတာပါ။ အနုပညာရှင်တွေရဲ့ ကျေးဇူးရှင်တွေက ပရိသတ်တွေ၊ တစ်နည်းအားဖြင့် ပြည်သူတွေ ပါပဲ။ ပြည်သူတွေ ကောင်းစားရေးက အနုပညာရှင်တွေနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ပေးတာပါ” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့သည့် ဇာတ်မင်းသား ဟန်ဇာမိုးဝင်းက ပြောကြားသည်။ 

“ပုဒ်မ ၄၃၆ က နိုင်ငံသား မဲဆန္ဒရှင်တွေ အားလုံးက ပြင်ချင်ရင်တောင် ပြင်လို့မရအောင် ပိတ်ပင် ကန့်သတ်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေကို ပြင်ဆင်ရေးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ဖြစ်တယ်။ တပ်မတော် အတွက်လည်း ပြည်သူနဲ့ တစ်သားတည်း ဖြစ်အောင် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။ 

“အစ်ကိုတို့က နိုင်ငံရေးကို သိပ်နားမလည်ပါဘူး။ လေ့လာမှုအားလည်း နည်းပါတယ်။ အခု လက်မှတ် လာထိုးတာလည်း နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ မဟုတ်ဘဲ ပြည်သူတစ်ယောက် အနေနဲ့ လာထိုးတာပါ။ အဓိက ကတော့ အစ်ကိုတို့ ပြည်သူတစ်ရပ်လုံး လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုကို လုပ်ရဲဖို့ လိုပါတယ်။ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ထိုင်နေလို့ မရတဲ့ အခြေအနေ ဖြစ်လာပါပြီ။ ဒီဥပဒေကိုသာ ပြင်လိုက်နိုင်ရင် နောက်ထပ် ဥပဒေတွေကိုလည်း ပြင်ဆင်လို့ရတဲ့ အခြေအနေ အများကြီး ဖြစ်လာနိုင်ပါတယ်” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့သည့် ဒါရိုက်တာ ဝင်းထွန်းထွန်းက ဆိုသည်။

ယင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ပွဲသို့ သရုပ်ဆောင် ဝေဠုကျော်၊ ရာဇာနေဝင်း၊ ဒေါင်း၊ လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်၊ ခင်ဇာခြည်ကျော်၊ သင်ဇာဝင့်ကျော်၊ ယုသန္တာတင်၊ ဒါရိုက်တာကိုပေါက်၊ ဝင်းထွန်းထွန်း၊ တေးသံရှင် Rဇာနည်၊ အဲလက်စ်၊ ချောစုခင်၊ ဇာတ်သဘင် ပညာရှင် ဦးမိုးမင်း၊ မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း စသည့် နာမည်ကျော် အနုပညာရှင်များ လာရောက်ကာ လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၃ ရက်နေ့ကလည်း ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ အနုပညာရှင် အချို့က လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော် ခဲ့ကြသေးသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲသို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ နယ်ပယ်စုံမှ နာမည်ကျော် အနုပညာရှင် ၂၀ ကျော်ခန့် လာရောက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့အရေးဖြစ်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပါဝင်ပေးတာပါ။ ကျွန်တော်တို့က ပြည်သူတွေနဲ့အတူ မျှဝေခံစား ပေးချင်တဲ့စိတ်ပဲ ရှိပါတယ်။ နိုင်ငံရေးကို အဲဒီလောက်ကြီး နားလည်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊
ပရိသတ်တွေ၊ နောင်လာမယ့် မျိုးဆက်တွေ ပြောင်းလဲဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လာရောက် လက်မှတ်ရေးထိုးတာပါ။ အနုပညာရှင်တွေရဲ့ ကျေးဇူးရှင်တွေက ပရိသတ်တွေ၊ တစ်နည်းအားဖြင့် ပြည်သူတွေ ပါပဲ။ ပြည်သူတွေ ကောင်းစားရေးက အနုပညာရှင်တွေနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ပေးတာပါ” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့သည့် ဇာတ်မင်းသား ဟန်ဇာမိုးဝင်းက ပြောကြားသည်။

“ပုဒ်မ ၄၃၆ က နိုင်ငံသား မဲဆန္ဒရှင်တွေ အားလုံးက ပြင်ချင်ရင်တောင် ပြင်လို့မရအောင် ပိတ်ပင် ကန့်သတ်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေကို ပြင်ဆင်ရေးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ဖြစ်တယ်။ တပ်မတော် အတွက်လည်း ပြည်သူနဲ့ တစ်သားတည်း ဖြစ်အောင် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

“အစ်ကိုတို့က နိုင်ငံရေးကို သိပ်နားမလည်ပါဘူး။ လေ့လာမှုအားလည်း နည်းပါတယ်။ အခု လက်မှတ် လာထိုးတာလည်း နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ မဟုတ်ဘဲ ပြည်သူတစ်ယောက် အနေနဲ့ လာထိုးတာပါ။ အဓိက ကတော့ အစ်ကိုတို့ ပြည်သူတစ်ရပ်လုံး လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုကို လုပ်ရဲဖို့ လိုပါတယ်။ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ထိုင်နေလို့ မရတဲ့ အခြေအနေ ဖြစ်လာပါပြီ။ ဒီဥပဒေကိုသာ ပြင်လိုက်နိုင်ရင် နောက်ထပ် ဥပဒေတွေကိုလည်း ပြင်ဆင်လို့ရတဲ့ အခြေအနေ အများကြီး ဖြစ်လာနိုင်ပါတယ်” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့သည့် ဒါရိုက်တာ ဝင်းထွန်းထွန်းက ဆိုသည်။

ယင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ပွဲသို့ သရုပ်ဆောင် ဝေဠုကျော်၊ ရာဇာနေဝင်း၊ ဒေါင်း၊ လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်၊ ခင်ဇာခြည်ကျော်၊ သင်ဇာဝင့်ကျော်၊ ယုသန္တာတင်၊ ဒါရိုက်တာကိုပေါက်၊ ဝင်းထွန်းထွန်း၊ တေးသံရှင် Rဇာနည်၊ အဲလက်စ်၊ ချောစုခင်၊ ဇာတ်သဘင် ပညာရှင် ဦးမိုးမင်း၊ မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း စသည့် နာမည်ကျော် အနုပညာရှင်များ လာရောက်ကာ လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၃ ရက်နေ့ကလည်း ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ အနုပညာရှင် အချို့က လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော် ခဲ့ကြသေးသည်။

The Voice Weekly

1 comment:

  1. အနုပညာရှင်များ ခင်ဗျား
    ဒီနေ့ 05/06/2014 ညနေ 7း25 မိနစ်လောက်မှာ မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ချမ်းချမ်း english လို သီချင်းဆိုထားတာကို ထုတ်လွှင့်ခဲ့ပါတယ်။ ပြောချင်တာက အဲဒီသီချင်းရဲ့ နောက်ခံသရုပ်ဆောင်များမှာ အ၀ါရောင်ခေါင်းချုံထားတဲ့ လူမျိုးက ဘာလူမျိုးလဲဆိုတာ သိရင်ပြောပြပေးစေချင်ပါတယ်။ တကယ်ဆို ဒီနေရာမှာ တိုင်းရင်းသားလူမျိုးများသာ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ကျွန်ုပ်အထင်တော့ဒါ ကုလားဖြစ်မယ်ထင်ပါတယ်။ ဘာလဲ ကုလားတွေကို တိုင်းရင်းသားအဖြစ်လက်ခံနေကြပြီလား။ရင်နာတယ်ဗျာ

    ReplyDelete