Wednesday, May 28, 2014

တပ်မတော်ကို စိန်ခေါ်သည်ဆိုကာ သတိပေးမှု ရက်ပိုင်းအတွင်း တုံ့ပြန်မည်ဟု အင်န်အယ်ဒီပြော

မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံ ဥပဒေပါ ပုဒ်မ-၄၃၆ ပြင် ဆင်ရေးနှင့် ပတ်သက်သည့် လူထုဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ ဟောပြောမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာပေးပို့ ခဲ့ခြင်းကို မကြာမီရက်ပိုင်းတွင်း ပါတီက တုံ့ပြန်သွားမည်ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ (ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်) ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ဦးဉာဏ်ဝင်းက “ဘယ်လိုပုံစံနဲ့ တုံ့ပြန်မယ် ဆိုတာ သေချာမဆုံးဖြတ်ရသေးဘူး၊ မူကြမ်းရေး ပုံစံတော့ ရေး နေတယ်။

အတည်မဖြစ်သေးဘူး၊ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း တုံ့ပြန်မယ်” ဟု ပြောသည်။
သတိပေးစာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်အား ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင် ရွက်ချက်၊ ဟောပြောချက် များမှာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိသည့်အတွက် သတိပြုဆောင်ရွက်နိုင် ရန် အသိပေးအကြောင်းကြားစာကို မေလ ၂၂ ရက် နေ့စွဲဖြင့် ပါတီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံ ရေးပါတီများ သို့ ပေးပို့ခဲ့သည်။
ထိုသတိပေးစာမှာ ဒေါ်အောင်ဆန်းစု ကြည်အား ဝေဖန်ခြင်းဖြစ်ပြီး၊ ပြည်သူများ နှင့် လက်တွဲကာ နိုင်ငံ့ရှေ့ ရေးအကောင် အထည်ဖော်မှုအပေါ်တွင် စိုးရိမ်ကြောက်လန့်မှုသက်သက်သာဖြစ်ကာ ထောက်ပြ ပြောဆို ချက်များမှာလည်း ဥပဒေနှင့် မကိုက်ညီ၊ အချက်အလက်ကျကျနနမရှိ ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

“ပေးပို့တဲ့စာက ပေးပို့ခွင့်လည်းမရှိဘူး၊ ဥပဒေနဲ့လည်း မညီဘူး” ဟု ၎င်းက ပြော သည်။ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၎င်းတို့ပေးပို့သည့် သတိပေးစာ အပိုဒ် ၆ တွင် “ကော်မရှင် ဥပဒေပုဒ်မ ၁၀(ဌ) အရ နိုင်ငံရေးပါတီများကိုကြီးကြပ်ရန် တာဝန်ရှိ ပြီး၊ ပါတီဥပဒေပုဒ်မ-၆ ကို စောင့်ထိန်း လိုက်နာရန်ပျက်ကွက် ခြင်း၊ ပုဒ်မ-၂၄ (က) ကို လိုက်နာရန်ပျက်ကွက်ပါက ကော်မရှင်က လိုအပ်သည် များကို လိုက်နာဆောင် ရွက်ရန် ညွှန်ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားသည်” ဟု ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မ-၆ အပိုဒ်ခွဲ (ဂ) တွင် ပြည် ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရ မည်ဟု ပြဋ္ဌာန်းထားသည်။ ထိုအကြောင်းပြချက်ဖြင့် ရွေး ကောက်ပွဲကော်မရှင်က ထိုပုဒ်မများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့စည်းပုံပြင်ဆင်ရေး စည်းရုံးရေးပြောဆိုမှုများသည် တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်။အလားတူပင် တပ်မတော်အပေါ်ဝေဖန်မှု များအတွက်လည်း သတိပေးခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment