Friday, May 23, 2014

မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းဘက်သို့ ရွေ့လျားလာ

Photo: မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းဘက်သို့ ရွေ့လျားလာ
Friday, May 23, 2014 

ဘင်္ဂလားပင်လယ်အော် တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် မေလ ၂၂ ရက် ည ၆ နာရီအချိန်တိုင်းတာချက်များအရ ရခိုင်ကမ်းရိုးတန်းဘက်သို့ ဦး တည်ရွေ့လျား လာနေသော ကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မြစ်ဝကျွန်းပေါ် နှင့် ရခိုင်ကမ်းရိုးတန်းဒေသ၌ မုန်တိုင်းအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားကြောင်း မိုး/ဇလ ဌာနဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်မိုးဦးကပြောသည်။

‘‘မေ ၂၃ ရက် မနက်ကနေညနေအထိ ဂွမြို့နဲ့နီးတဲ့ ရခိုင်ကမ်းရိုးတန်းကို အနီးဆုံးကပ်လာပြီးမှ အဲဒီကတစ်ဆင့် အနောက်၊အနောက်မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်ကမ်းခြေ)ကို ထောင်တက်သွားနိုင်တယ်။ ရခိုင်ကမ်းရိုးတန်းအတွက်တော့ လိမ္မော်ရောင် အဆင့်ရောက်နေတယ်’’ ဟု ဦးကျော်မိုးဦးကပြောသည်။

မုန်တိုင်းငယ်သည် မြန်မာ နိုင်ငံ၊ ဂွမြို့၏ အနောက်- အနောက်တောင်ဘက် (၁၂၅) မိုင်ခန့် ကျောက်ဖြူမြို့၏ အနောက် ဘက်မိုင် ၁၆၀ ခန့်နှင့် စစ်တွေမြို့ ၏ တောင်-အနောက်တောင် ဘက်မိုင် ၁၉၀ ခန့်အကွာ ပင် လယ်ပြင်ကို ဗဟိုပြုနေကာ မြန် မာနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေ ဘက်သို့ ဆက်လက်ရွေ့လျားလာ ဖွယ်ရှိကြောင်း မိုး/ဇလက သတင်းထုတ်ပြန်သည်။

‘‘မြို့ထဲမှာတော့ လော်စပီ ကာနဲ့ မုန်တိုင်းအန္တရာယ်သတိ ပေးချက်ကို လိုက်ကြေညာနေ တယ်။ ၀င်မလာပါစေနဲ့လို့ပဲ ဆု တောင်းပါတယ်။ လူတွေကတော့ ထုံးစံအတိုင်း ကြောက်နေကြ တယ်။ တချို့ အိမ်ပြောင်းတဲ့ သူတွေ ပြောင်းနေကြတယ်’’ ဟု လပွတ္တာမြို့နယ် ပြင်စလူကျေးရွာ မှ ဒေသခံဦးစန်းလွင်က ပြော သည်။ မုန်တိုင်းငယ်၏ အရှိန် ကြောင့် ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ် လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင်လေတိုက် နှုန်း ၄၅ မိုင်ခန့်အထိ ပြင်းထန်ကာ လှိုင်းကြီးနိုင်ကြောင်း မိုး/ဇလဌာနညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး ကပြောသည်။

ထို့အပြင် မြန်မာ့ကမ်းရိုး တန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့ ရှိ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များအား ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖရုံကာကျွန်း၊ သံတွဲမြို့နယ်သပြုချိုင်၊ ကျောက်ဖြူးမြို့နယ် မယ်လမုချောင်း၊ သံတွဲမြို့နယ် ဆင်ခေါင်းဆိပ် လမ်း၊ တောင်ကုတ်မြို့နယ် သင်္ဘောဆိပ်၊ ဂွမြို့နယ် တင်တောကျေးရွာအုပ်စု၊ ငပုတောမြို့နယ် ဟိုင်ကြီးကျွန်း၊ ပြင်ခရိုင်ချောင်းဝကျေးရွာနှင့် ကဒုံကနိကျေးရွာတို့တွင် မုန်တိုင်းအန္တ ရာယ်ရှောင်နေရန် မိုး/ဇလက သတိပေးထုတ်ပြန်ထားသည်။

7Day News Journal 

No comments:

Post a Comment