Friday, May 23, 2014

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ရရန် အထူးကိုယ်စားလှယ် ဆွေးနွေးလာပါက လုံးဝခွင့်ပြုမည်မဟုတ်ဟု ဦးရဲထွဋ်ပြော

ရန်ကုန်၊ မေ ၂၂- OIC အဖွဲ့၏အထူး ကိုယ်စားလှယ်က ရခိုင်ဒေသတွင်လူ သား ချင်းစာနာသည့် အကူအညီများ ပေးရန် မြန်မာ နိုင်ငံတွင် OIC ရုံးဖွင့် လှစ်ခွင့်ရ ရန် မြန်မာအစိုးရနှင့်ဆက် သွယ်မည်ဟုပြောဆိုထားသော်လည်း ယခုအချိန် ထိ မြန်မာအစိုးရ ထံဆက် သွယ်လာခြင်းမရှိသေးကြောင်း သမ္မတ ၏ပြောရေး ဆိုခွင့်ရှိသူနှင့် ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲ ထွဋ်က အတည်ပြုပြောကြား သည်။
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (Organisation of Islamic Cooperation - OIC) အဖွဲ့ ၏
အထူးကိုယ်စား လှယ်အဖြစ် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကခန့်အပ်ခြင်းခံလိုက် ရသည့် မလေးရှားနိုင်ငံခြားရေးဝန် ကြီးဟောင်း Syed Hamid Alba က မြန်မာနိုင်ငံ ရခိုင်ဒေသတွင် လူ သားချင်းစာနာသည့် အကူအညီများ ပေးနိုင်ရေး မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင် ရွက်သွားနိုင် ရန် မြန်မာအစိုးရ ကို ဆက်သွယ်ဆွေးနွေးသွားမည်ဟု ဘီဘီစီသတင်းဌာန တွင် မေ၂ဝရက် တွင် ဖော်ပြထားသည်။
ယင်းနှင့်ပတ်သက်ပြီး သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို Democracy Today သိပေ သတင်းစာက ဆက်သွယ်မေးမြန်းရာ ယင်းက ''ကျွန် တော်တို့ဆီ ဆက်သွယ်လာတာ မရှိ သေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာ နကလဲ ဆက်သွယ်အတည်ပြုလို့လဲ မရသေး ဘူး''ဟု ပြောသည်။
OIC အဖွဲ့အနေဖြင့် မြန်မာ ပြည်တွင်းတွင် ရုံးခန်းများ ဖွင့်လှစ် ဆောင်ရွက် ခွင့်ရလိုသည့် အကြောင်း ကို မြန်မာ အစိုးရနှင့် ဆွေးနွေးသွား မည်ဖြစ်သည့် အပြင် ရခိုင်ပဋိပက္ခတွင် OIC အဖွဲ့အနေဖြင့် အကျိုးရှိရှိ မည် သို့ဆောင်ရွက် ရန်နှင့် မြန်မာအစိုးရကို မည်သို့ကူညီရန် စသည့်အကြောင်း အရာများကို လည်း မြန်မာအစိုးရကို ဆက်သွယ်ပြောပြသွားမည်ဟုလည်း အဆိုပါ ဘီဘီစီသတင်းတွင် ဖော်ပြ ထားသည်။
''ကျွန်တော်တို့ပြောနိုင်တာက သူတို့ရုံးခန်းဖွင့်ဖို့ကိစ္စ ဆွေးနွေးမယ် ဆိုရင် ကျွန်တော်တို့အရင်ကလဲ ဖွင့် ခွင့်မပေးဘူးလို့ပြောထားတော့ ကျွန် တော်တို့ ခွင့်မပြုနိုင်ပါဘူး''ဟု ဦးရဲ ထွဋ်က ပြောသည်။
ဘင်္ဂါလီများအတွက် ဘက်လိုက် လုပ်ဆောင်သည့်အဖွဲ့အစည်းတစ်ခု အဖြစ် ရခိုင်တိုင်းရင်းသားများ၏ သတ်မှတ်ခြင်းခံထားရပြီး အစ္စလာ မ္မစ်နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့်ဖွဲ့စည်း ထားသော OIC အဖွဲ့အနေဖြင့် မြန် မာနိုင်ငံတွင်လူသား ချင်းစာနာထောက် ထားမှု လုပ်ငန်းများကို လုပ်ဆောင် နိုင်ရန် မြန်မာနိုင်ငံအတွင်း ရုံးခန်း တစ်ခန်းဖွင့်လှစ်လိုကြောင်း အစိုးရ ထံ တရားဝင်တောင်း ဆိုခဲ့သော်လည်း ယင်းကိစ္စကို ရခိုင်တိုင်းရင်းသားများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီး ပါးက ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်အ တွက် OIC ရုံးခန်း ဖွင့်ခွင့်မပေး ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ ရသည်။
MYK(S.W.M)
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment