Friday, May 16, 2014

လားရှိုးမြို့၊ ကမ္ဘောဇဘဏ်(၁)နှင့် CB Bank တို့တွင် စက္ကန့်ပိုင်းခြားပြီး ပေါက်ကွဲမှုဖြစ်ပွား


ယနေ့နံနက်(၃း၃၀)အချိန်ခန့်က လားရှိုးမြို့၊ ရပ်ကွက်(၃)၊ ဗိုလ်ချုပ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်(၁)အဆောက်အဦး၏ အောက်ဘက် ၀င်ပေါက်အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။
အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီး (၅)စက္ကန့်ခန့်အကြာတွင် ဒုတိယအကြိမ် ပေါက်ကွဲမှုတစ်ခုအဖြစ် ရပ်ကွက်(၂)၊ စံကောင်းလမ်းနှင့် သိန္နီလမ်းထောင့်ရှိ CB Bank အဆောက်အဦး၏ အနောက်ဘက် ထရန်စဖော်မာအောက်တွင် ဖြစ်ပွားခဲ့သည်။
အဆိုပါပေါက်ကွဲမှုများကြောင့် ကမ္ဘောဇဘဏ်အဆောက်အဦးပြတင်း မှန်များ ကွဲပျက်ခဲ့ပြီး ၊ အနီးအနားရှိ အဆောက်အဦးအချို့နေအိမ်တံခါးများ၊ မှန်များ ပျက်စီးခြင်း၊ မကြာခင်ဖွင့်လှစ်တော့မည့် “အောင်သီရိအဆင့်မြင့်ရုပ်ရှင်ရုံကြီး”၏ မှန်များ ကွဲပျက်ခြင်းများဖြစ်ခဲ့ကြောင်း ၊ CB Bank အဆောက် အဦး ရှိမှန်များနှင့် ထရန်စဖော်မာအောက်ရှိ မီးဘုတ်ခုံတို့ ကြွေမွပျက်စီး ခဲ့ကြောင်းနှင့် အခြား မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ချိန်ကိုက်ဗုံးဟုယူဆရကြောင်း၊ မည်သည့်ရည်ရွယ် ချက်ကြောင့် ဤဘဏ်(၂)ခုတွင် ချိန်ကိုက်ဗုံးဖောက်ခွဲရခြင်းအကြောင်းကို တာဝန်ရှိသူများမှ ဆက်လက်စုံစမ်းစစ်ဆေးလျှက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment