မြန်မာနိုင်ငံမှ ဧရာဝတီဘဏ်နှင့် စင်ကာပူနိုင်ငံ အခြေစိုက် Development
Bank of Singapore (DBS) တို့ ပူးပေါင်းကာ စင်ကာပူနိုင်ငံမှ
မြန်မာနိုင်ငံသို့ ငွေလွှဲပို့ခြင်းအလုပ်ကို အင်တာနက်မှတစ်ဆင့်
လုပ်ဆောင်နိုင်စေရန် သက်ဆိုင်ရာ ဘဏ်များမှနေ၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေး
နေပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ထိုသို့ ငွေလွှဲရာတွင် တစ်ကြိမ်လျှင် စင်ကာပူ ဒေါ်လာ ၅ဝဝဝ အထိ
ငွေလွှဲနိုင်စေရန်စီစဉ်ထားပြီး ဝန်ဆောင်ခ အဖြစ် မြန်မာငွေကျပ် ၃ဝဝဝ ခန့်
ကျသင့် မည် ဖြစ်ကြောင်း၊ အဆိုပါ ဧရာဝတီ ဘဏ်နှင့် DBS ဘဏ်တို့မှ တစ်ဆင့်
ငွေလွှဲပို့ခြင်း၊ ငွေလက်ခံခြင်း တို့ကို ဆောင်ရွက်လိုပါက ငွေလွှဲပို့သူ
အနေဖြင့် စင်ကာပူနိုင်ငံရှိ DBS ဘဏ်တွင် ငွေစာရင်းဖွင့်ထားရန် လိုအပ်သလို
ငွေလက်ခံမည့် သူများသည်လည်း မြန်မာနိုင်ငံရှိ ဧရာဝတီဘဏ်တွင် Bank Account
ပြုလုပ် ထားရန် လိုအပ်ကြောင်း သိရသည်။ ၎င်းဘဏ်တွင် ငွေစာရင်းဖွင့်ထားပါက Online
မှနေ၍ ချိတ်ဆက် ကာ ငွေလွှဲပို့ခြင်း ကို လုပ်ဆောင်နိုင်ပြီး
လွှဲပြောင်းပေးလိုက်သော ငွေပမာဏသည် ဧရာဝတီ ဘဏ်တွင် ရှိသော ငွေလက်ခံသူ၏
ဘဏ်စာရင်းထဲသို့ ရောက်ရှိသွားမည် ဖြစ်သည့် အတွက် မိမိထုတ်ယူလိုသော
အချိန်တွင် သွားရောက်ထုတ်ယူ နိုင်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment