Monday, May 12, 2014

မြန်မာနိုင်ငံငြိမ်းချမ်းရေး KIA ကို လက်တွဲဖြုတ်သင့်ပြီလား


Photo: မြန်မာနိုင်ငံငြိမ်းချမ်းရေး KIA ကို လက်တွဲဖြုတ်သင့်ပြီလား
Monday, May 12, 2014

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူ လူထု အပေါင်းဟာ ငြိမ်းချမ်းရေးကို လိုလားတောင်းတ နေကြ တာ အခု ဆိုရင် မျှော်လင့်ချက်ရောင်နီသန်းစ ပြုလာပြီဖြစ် ပါ တယ်။ အစိုးရ ငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်း သားလက်နက်ကိုင် အင်အားစုတို့ ချစ်ကြည်ရင်းနှီးစွာဖြင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေး ပွဲတွေ ပြုလုပ်နိုင်ပြီ ဖြစ်သလို မကြာခင်မှာ အပစ်အခတ်ရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေး ကို ရရှိတော့မယ်လို့ ယုံကြည်နေကြ ချိန်လည်း ဖြစ်ပါတယ်။ 

ကချင်ပြည်နယ်အပါအ၀င် ပြည်ထောင်စု နယ်မြေတစ်ဝှမ်းလုံး လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး၊ နိုင်ငံသူ/နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတသည့်အခွင့်အရေးနှင့် အကျိုးကျေးဇူးများရရှိခံစားနိုင်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားအဖွဲ့အားလုံးနဲ့ အပစ် အခတ် ရပ်စဲရေးလည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအပစ်အခတ်ရပ်စဲရေးမှာ ပါဝင်လက်မှတ်ထိုးပေမယ့် အစိုးရနဲ့ငြိမ်းချမ်းရေးသဘော တူညီမှုမရသေးတာ ကတော့ KIA ပဲ ဖြစ်ပါတယ်။ KIA ကြောင့် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ် နေ တာဖြစ် သလို စစ်ဘေးရှောင် ဒုက္ခသည်တွေဟာလည်း တစ်နေ့တစ်ခြား များပြားလာလို့ ကူညီပံ့ပိုးမှုတွေ လိုအပ်နေပါတယ်။ ဒါဟာ တရားခံ ဘယ်သူလဲလို့မေးရင် KIA ကိုပဲ လက်ညှိုးထိုးပြရမှာဖြစ်ပါတယ်။

ဒီကြားထဲ မကြာခင်ကပဲ အမေရိကန်ကပြန်လာတဲ့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လွတ်လပ်ရေးလိုချင်လို့ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးကို အခုချိန်တွင်သာမက နောင်တွင် လည်းရလိုကြောင်း အာချောင်လိုက် တော့ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ရှမ်းနဲ့ဗမာတွေ၊ အခြား တိုင်းရင်းသားတွေက လက်မခံ ကြပါဘူး။ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောစကားဟာ ဟိုးအရင်ကတည်းက ရှိနေတဲ့ “ကချင်သီးသန့်နိုင်ငံတော်” သို့မဟုတ် “၀မ်ပေါင်နိုင်ငံတော်” ထူထောင်ရေးကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတာဖြစ်သလို ပြည်ထောင်စုက ခွဲထွက်ဖို့ကြိုးစားနေတဲ့ အဓိပ္ပါယ် ဆောင်နေတာကြောင့် ကချင်ပြည်နယ်မှာနေထိုင်တဲ့ ကချင်အပါအ၀င် ရှမ်း၊ ဗမာနဲ့ အခြားတိုင်းရင်းသားတွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသားအရေအတွက်ဟာ ပြည်နယ်လူဦးရေရဲ့ ၃၉.၃၀% သာရှိပြီး ကျန်တဲ့ ရှမ်း၊ ဗမာလူမျိုးနဲ့ အခြားလူမျိုးတွေဟာ ၆၀ % ကျော်နေထိုင်ကြတဲ့အတွက် ခေါင်းမာ လွန်းတဲ့ KIA ကြောင့် တိုင်းရင်းသား အချင်းချင်းကြားမှာ သွေးကွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ရှမ်းမျိုးနွယ်စုက ပိုပြီး အင်အားများတဲ့အတွက် ပြည်သူ့စစ် အဖွဲ့တွေနဲ့ KIA ကို ပြန်လည် တိုက်ခိုက်လာရင် စစ်ပွဲတွေက အဆုံးသတ်တော့မှာမဟုတ်ပါဘူး။
KIA ဟာ သူ့အတ္တကိုယ်ကျိုးအတွက် အစိုးရကိုနည်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြီး ငြိမ်းချမ်းရေး လက်မှတ်မထိုးဘဲနေခဲ့တာ အခုအချိန်မှာတော့ ရပ်တန်းကရပ်သင့်ပါပြီ။ ဒေသခံတွေကို လူသစ်စု၊ ဆက်ကြေးကောက် ရုံတင်အားမရဘဲ အစိုးရ ၀န်ထမ်းတွေကိုပါ သွားဖမ်းလို့ ပြဿနာက ပိုဆိုးလာပါတယ်။ အစိုးရ၀န်ထမ်း ၂ ဦးကို ပြန်လွှတ်မပေးရင် တပ်မတော် က အင်အားသုံး တိုက်ခိုက်ဖို့ ပြင်ဆင် ထားပေမယ့် အစိုးရခွင့်မပြုလို့သာ KIA သက်သာရာ ရခဲ့တာဖြစ်ပါတယ်။ 

အစိုးရနဲ့ လက်မှတ်မထိုးချင်တာနဲ့ ဟိုလှည့် ဒီလှည့်လုပ်နေတာကို ကချင်မှာနေထိုင်တဲ့ ရှမ်းနဲ့ဗမာအပါအ၀င် ကချင် အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့တွေက ထောက်ပြနေကြပြီဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး အတွက် အစိုးရနဲ့ တွေ့ဆုံဖို့ သဘောတူ ထားချိန်မှာ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ လွတ်လပ်ရေးရချင်တယ်ဆိုတဲ့စကားဟာ အစွန်း ရောက် လွန်းပါတယ်။ ခေါင်းမာလွန်းတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။
အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနည်းတူ KIA လည်း အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးသင့်ပါပြီ။ ဒီလိုမဟုတ်ဘဲ အကြောင်းအမျိုးမျိုးပြပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်မှာ မဟုတ်သလို ဒုက္ခသည်တွေရဲ့ ငိုညဉ်းသံနဲ့ ၀မ်းနည်းမျက်ရည်တွေကိုသာ ဆက်ပြီး မြင်နေ၊ ကြားနေရမယ် ဆိုရင် ပြည်သူအားလုံးမျှော်လင့်တဲ့ ထာဝရငြိမ်းချမ်းရေး ဟာလည်း KIA ရဲ့ ခေါင်းမာမှုကြောင့် ရွှေပြည်တော် မျှော်တိုင်းဝေး နေဦးမယ်လို့ပဲ ဆိုချင်ပါတယ်။

ပခန်းသား


မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူ လူထု အပေါင်းဟာ ငြိမ်းချမ်းရေးကို လိုလားတောင်းတ နေကြ တာ အခု ဆိုရင် မျှော်လင့်ချက်ရောင်နီသန်းစ ပြုလာပြီဖြစ် ပါ တယ်။ အစိုးရ ငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်း သားလက်နက်ကိုင် အင်အားစုတို့ ချစ်ကြည်ရင်းနှီးစွာဖြင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေး ပွဲတွေ ပြုလုပ်နိုင်ပြီ ဖြစ်သလို မကြာခင်မှာ အပစ်အခတ်ရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေး ကို ရရှိတော့မယ်လို့ ယုံကြည်နေကြ ချိန်လည်း ဖြစ်ပါတယ်။ 

ကချင်ပြည်နယ်အပါအ၀င် ပြည်ထောင်စု နယ်မြေတစ်ဝှမ်းလုံး လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး၊ နိုင်ငံသူ/နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတသည့်အခွင့်အရေးနှင့် အကျိုးကျေးဇူးများရရှိခံစားနိုင်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အပြန် အလှန် ပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားအဖွဲ့အားလုံးနဲ့ အပစ် အခတ် ရပ်စဲရေးလည်း ဆောင် ရွက်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအပစ်အခတ်ရပ်စဲရေးမှာ ပါဝင်လက်မှတ်ထိုးပေမယ့် အစိုးရနဲ့ငြိမ်းချမ်းရေးသဘော တူညီမှုမရသေးတာ ကတော့ KIA ပဲ ဖြစ်ပါတယ်။ KIA ကြောင့် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ် နေ တာဖြစ် သလို စစ်ဘေးရှောင် ဒုက္ခသည်တွေဟာလည်း တစ်နေ့တစ်ခြား များပြားလာလို့ ကူညီပံ့ပိုးမှုတွေ လိုအပ်နေပါတယ်။ ဒါဟာ တရားခံ ဘယ်သူလဲလို့မေးရင် KIA ကိုပဲ လက်ညှိုးထိုးပြရမှာဖြစ်ပါတယ်။

ဒီကြားထဲ မကြာခင်ကပဲ အမေရိကန်ကပြန်လာတဲ့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လွတ်လပ်ရေးလိုချင်လို့ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးကို အခုချိန်တွင်သာမက နောင်တွင် လည်းရလိုကြောင်း အာချောင်လိုက် တော့ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ရှမ်းနဲ့ဗမာတွေ၊ အခြား တိုင်းရင်းသားတွေက လက်မခံ ကြပါဘူး။ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောစကားဟာ ဟိုးအရင်ကတည်းက ရှိနေတဲ့ “ကချင်သီးသန့်နိုင်ငံတော်” သို့မဟုတ် “၀မ်ပေါင်နိုင်ငံတော်” ထူထောင်ရေးကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာဖြစ်သလို ပြည်ထောင်စုက ခွဲထွက်ဖို့ကြိုးစားနေ တဲ့ အဓိပ္ပါယ် ဆောင်နေတာကြောင့် ကချင်ပြည်နယ်မှာနေထိုင်တဲ့ ကချင်အပါအ၀င် ရှမ်း၊ ဗမာနဲ့ အခြားတိုင်းရင်းသားတွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသားအရေအတွက်ဟာ ပြည်နယ်လူဦးရေရဲ့ ၃၉.၃၀% သာရှိပြီး ကျန်တဲ့ ရှမ်း၊ ဗမာလူမျိုးနဲ့ အခြားလူမျိုးတွေဟာ ၆၀ % ကျော်နေထိုင်ကြတဲ့အတွက် ခေါင်းမာ လွန်းတဲ့ KIA ကြောင့် တိုင်းရင်းသား အချင်းချင်းကြားမှာ သွေးကွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ရှမ်းမျိုးနွယ်စုက ပိုပြီး အင်အားများတဲ့အတွက် ပြည်သူ့စစ် အဖွဲ့တွေနဲ့ KIA ကို ပြန်လည် တိုက်ခိုက်လာရင် စစ်ပွဲတွေက အဆုံးသတ်တော့မှာမဟုတ်ပါဘူး။
KIA ဟာ သူ့အတ္တကိုယ်ကျိုးအတွက် အစိုးရကိုနည်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြီး ငြိမ်းချမ်းရေး လက်မှတ်မထိုးဘဲနေခဲ့တာ အခုအချိန်မှာတော့ ရပ်တန်းကရပ်သင့်ပါပြီ။ ဒေသခံတွေကို လူသစ်စု၊ ဆက်ကြေးကောက် ရုံတင်အားမရဘဲ အစိုးရ ၀န်ထမ်းတွေကိုပါ သွားဖမ်းလို့ ပြဿနာက ပိုဆိုးလာပါတယ်။ အစိုးရ၀န်ထမ်း ၂ ဦးကို ပြန်လွှတ်မပေးရင် တပ်မတော် က အင်အားသုံး တိုက်ခိုက်ဖို့ ပြင်ဆင် ထားပေမယ့် အစိုးရခွင့်မပြုလို့သာ KIA သက်သာရာ ရခဲ့တာဖြစ်ပါတယ်။ 

အစိုးရနဲ့ လက်မှတ်မထိုးချင်တာနဲ့ ဟိုလှည့် ဒီလှည့်လုပ်နေတာကို ကချင်မှာနေထိုင်တဲ့ ရှမ်းနဲ့ဗမာအပါအ၀င် ကချင် အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့တွေက ထောက်ပြနေကြပြီဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး အတွက် အစိုးရနဲ့ တွေ့ဆုံဖို့ သဘောတူ ထားချိန်မှာ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ လွတ်လပ်ရေးရချင်တယ်ဆိုတဲ့စကားဟာ အစွန်း ရောက် လွန်းပါတယ်။ ခေါင်းမာလွန်း တယ်လို့ပဲ ပြော ရမှာဖြစ် ပါတယ်။
အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနည်းတူ KIA လည်း အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးသင့်ပါပြီ။ ဒီလိုမဟုတ်ဘဲ အကြောင်းအမျိုးမျိုးပြပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်မှာ မဟုတ်သလို ဒုက္ခသည်တွေရဲ့ ငိုညဉ်းသံနဲ့ ၀မ်းနည်းမျက်ရည်တွေကိုသာ ဆက်ပြီး မြင်နေ၊ ကြားနေရမယ် ဆိုရင် ပြည်သူအားလုံးမျှော်လင့်တဲ့ ထာဝရငြိမ်းချမ်းရေး ဟာလည်း KIA ရဲ့ ခေါင်းမာမှုကြောင့် ရွှေပြည်တော် မျှော်တိုင်းဝေး နေဦးမယ်လို့ပဲ ဆိုချင်ပါတယ်။

ပခန်းသား

No comments:

Post a Comment