Thursday, May 22, 2014

ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာ့တပ်မတော်နှင့် RSO အဖွဲ့တိုက်ပွဲဖြစ်ပွားမှုများတွင် RSO အဖွဲ့မှ ၉ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိ

မကြာသေးမီ ရက်ပိုင်းအတွင်း မောင်တောပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မတော်နှင့် RSO ကုလားဆိုးသောင်းကျမ်းသူအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RSO အဖွဲ့မှ ၆ ဦးကျဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း  ဒဏ်ရာရရှိသူ ၇ ဦးမှ ၄ ဦးမှာ အဆိုပါဒဏ်ရာဖြင့်ပင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း သေဆုံးသွားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းမှ ပထမ တိုက်ပွဲဖြစ်တာက မေလ ၁၃ ရက်နေ့ကပါ။ မြန်မာ့တပ်မတော်က တပ်ခွဲတစ်ခွဲနဲ့  မြန်မာနိုင်ငံထဲခိုးဝင်ဖို့ ကြိုးစားနေတာ RSO ၅၀ လောက်နဲ့ တိုက်ပွဲဖြစ်တယ်။   RSO က ၆ ယောက်သေတယ်။ ၇ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိတဲ့ အစ္စလာမ်အစွန်းရောက်အဖွဲ့တွေ က ထောက်ပံ့ထားတဲ့ ဆေးရုံမှာ ကုသတယ်လို့ ကျွန်တော်တို့ပြန်ကြားရတယ်ဟု ပြောဆိုခဲ့သည်။

 မေလ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးမှုနှင့် ပတ်သက်၍ ၎င်းမှ မေလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျွန်တော်တို့ နယ်ခြားစောင့်ရဲက မိုင်တိုင် ၅၃ နား နယ်စပ် ခြံစည်းရိုးအတိုင်းလုံခြုံရေးလုပ်နေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ RSO အင်အား၆၀ လောက်
စောင့်ပြီး တော့ပစ်ခဲ့ပါတယ်။ ဒီလို ခြောင်းမြောင်းပစ်ခတ်ခဲ့တဲ့အတွက် ကျွန်တော်တို့ဆီက ရဲတပ်သား ၄ ဦးကျဆုံးခဲ့ပါတယ်။ ဒါပေမယ့် တိုက်ပွဲ ဖြစ်ပြီး မိနစ် ၂၀ လောက်မှာ တပ်က စစ်ကူရောက်လာပြီး ပြန် လည်တိုက်ခိုက်ခဲ့တဲ့အတွက် RSO ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒဏ်ရာရသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း တောထဲမှာ ဆရာဝန်ခေါ် ကုသနေတဲ့အကြောင်း ကျွန်တော်တို့သတင်းပေးတွေ ကတဆင့် သိရပါတယ်ဟု ပြောဆိုသွားသည်။
          ၎င်းမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် နယ်ခြားစောင့်ရဲတပ်ရင်းများကို တာဝန်ချထားသော်လည်း ရဲတပ်ဖွဲ့ဝင်များမှာ တိုက်ပွဲအတွေ့အကြုံနည်းပါးခြင်းတို့ကြောင့် ယခုကဲ့သို့ စောင့်ကြိုတိုက်ခိုက်ခံရကာ ၄ ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အကောင်းဆုံးတုန့်ပြန်နိုင်တာကတော့ တပ်ကပေါ့ဗျာ။ စစ်တပ်က ကျွန်တော်တို့ထက် အများကြီး စစ်မြေပြင်အတွေ့အကြုံရှိတယ် အဲဒီတော့ တပ်မတော်နဲ့ RSO တိုက်ပွဲဖြစ် လိုက်ရင် RSO ဘက်က အကျအဆုံးများတယ်။ တပ်က ထိခိုက်မှု သိပ်မရှိခဲ့ဘူး။ ကျွန်တော်တို့လည်း RSO သတင်းပေါ်လာ ရင် တပ်ကိုပဲ အားကိုးနေရတယ်ဟု ပြောဆိုသွားသည်။

1 comment:

  1. ကုလားတွေသေနေတဲ့ဓါတ်ပုံတွေရရင် ပိုတောင်ကောင်းသေးတယ်။

    ReplyDelete